ရန်ကုန်သတင်းများ
- အပေါင်ဆိုင်အချို့၌ ပစ္စည်းရွေးယူရမည့်ရက် တိုးမြှင့်သတ်မှတ်ပေး
- ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အဆောက်အအုံ ၁၅ လုံးကို အန္တရာယ်ရှိ အဆောက်အအုံများအဖြစ် ထပ်မံကြေညာ
- မင်္ဂလာဈေးကြီးကို အားထားလုပ်ကိုင်နေသည့် လုပ်သားအများစု နီးစပ်ရာဈေးများသို့ ပြောင်းရွှေ့လုပ်ကိုင်လာကြ
- ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့၏ လမ်းတံတားဘတ်ဂျက် အသုံးပြုငွေ ကျပ်ဘီလျံ ၂၀ခန့်သုံးစွဲရန် လျာထားသည်ဟု သိရ
- ရန်ကုန်မြို့တော်ရှိ စက်မှုဇုန်အချို့တွင် ညအချိန် မီးပြတ်တောက်မှု မရှိစေရန် လမ်းမီးသီးများကို ဆိုလာမီးသီးများဖြင့် စမ်းသပ်တပ်ဆင်
- သစ်လုံးတင် ယာဉ်ကြီးများတွင် တင်ဆောင်ရမည့် ကုန်တန်ချိန်များကို ထပ်မံကန့်သတ်
- ရန်ကုန်မြို့ရှိ ဆေးရုံကြီးများတွင် သန့်ရှင်းရေး တိုးမြှင့် ဆောင်ရွက်ရန် သက်ဆိုင်ရာမှ ညွှန်ကြားထား
- ရွှေတိဂုံစေတီ ရင်ပြင်တော် တစ်ခုလုံးအား ကော်ဇောခင်းသည့် လုပ်ငန်း စတင်
- ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မျက်မမြင်ကျောင်း နှစ်ကျောင်းတွင် ၂၀၁၀-၂၀၁၁ ပညာသင်နှစ်၌ ကျောင်းသားကျောင်းသူဦးရေ ၁၄၀ ကျော်ကို လက်ခံသင်ကြားပေးလျက်ရှိ
- ကိုရီးယားနိုင်ငံမှ စီအင်န်ဂျီဖောက်ပြီးသား ခရီးသည်တင် ဘတ်စကားအသစ်များကို ၀ယ်ယူလိုသူ နည်းပါးပြီး ဈေးနှုန်းကွာခြားချက်များကြောင့် ၁၇ စီးခန့်သာ ၀ယ်ယူရန် လျှောက်ထား
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့် သက်ဆိုင်သောနေရာများတွင် အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား အရေးယူသွားမည် |
|
|
|
ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့်သက်ဆိုင်သောနေရာများတို့တွင် မြန်မာယဉ်ကျေးမှုနှင့်ကိုက်ညီမှုမရှိသော အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား ယခုလဆန်း ပိုင်းမှစတင်၍အရေးယူသွားရန် စီစဉ်လျက် ရှိကြောင်းသတင်းရရှိသည်။ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရား များနှင့် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းတို့ရှိ အင်လျားကန်ပေါင်တို့တွင် အမြင်မသင့်လျော်စွာ နေထိုင်သည့် စုံတွဲများအား ပထမအကြိမ် ဓာတ်ပုံရိုက်ခေါ်ယူမေးမြန်း၍ သက်ဆိုင်ရာမိဘများထံသို့ ဓာတ်ပုံများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ နောက်တစ်ကြိမ်ထပ်မံတွေ့ရှိပါက ဓာတ်ပုံများအား ဂျာနယ်နှင့်သတင်းစာများတွင် ရေးသားဖော်ပြသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။ယင်းကဲ့သို့ ပြုလုပ်ရခြင်းမှာ လူအများမြင်တွေ့နေရသည့် မြင်ကွင်းများတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော သရုပ်ပျက်နေထိုင်မှု များမရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ''အခုရန်ကုန်မြို့ကို ပြည်ပခရီး သွားဧည့်သည်တွေ အ၀င်များလာတော့ အများပြည်သူတွေ့မြင်နေရတဲ့ မြင်ကွင်းတွေမှာ စုံတွဲတွေ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့နေထိုင်မှုတွေမရှိအောင်၊ ပြည်ပဧည့်သည်တွေ မြန်မာ့ယဉ်ကျေးမှုကို အထင်မသေးအောင် ဒီလိုအရေးယူမှုတွေ ပြုလုပ်ရခြင်းဖြစ်ပါတယ်။တန်ခိုးကြီးဘုရားတွေမှာလည်း ပြည်ပဧည့်သည်တွေ ၀င်နေတော့ အဲဒီလိုနေထိုင်မှုတွေ မရှိသင့်ဘူး။ သာမန်စကားပြောတာ ကတော့ရပါတယ်''ဟု ရန်ကုန်တိုင်း အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ အမြင်မသင့်လျော်စွာနေထိုင်သည့် စုံတွဲများကို အရေးယူနိုင်ရန် အတွက် တန်ခိုးကြီးဘုရားများတွင် ဂေါပကအဖွဲ့ဝင်များနှင့် အင်းလျားကန်ပေါင်တို့တွင် စည်ပင်သာယာ တာဝန်ရှိသူများက လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ယင်းနှင့်ပတ်သက်၍ ''အင်းလျားကန်ပေါင်လို နေရာမျိုးမှာ တစ်ခါတလေအမြင်မသင့်အောင် နေထိုင်တဲ့စုံတွဲတွေကို တွေ့နေရပါတယ်။ တစ်ခါတစ်လေ နှစ်ယောက်လုံးသရုပ်ပျက်တဲ့ အမူအရာတွေအထိ လုပ်တာတွေလည်းရှိပါတယ်။ ဒါဟာအများ အမြင်မှာလုံးဝမသင့်ပါဘူး''ဟု ကိုယ်တိုင်တွေ့ကြုံရခဲ့သူတစ်ဦးက ဆိုပါ သည်။ ''ပိတ်ရက်တွေဆိုရင် ကလေး တွေကို ပန်းခြံတွေမှာ လွတ်လွတ်လပ်လပ် ကစားနိုင်ဖို့ လိုက်ပို့ပေးတဲ့အခါ တချို့စုံတွဲတွေရဲ့အမြင်မတော်တဲ့ အပြုအမူအနေအထိုင်တွေကြောင့် ပန်းခြံသွားဖြစ်တဲ့အခါမှာ အဲဒီလို အတွဲတွေနဲ့ မဆုံရအောင်ရှောင်ပြီး ကလေးတွေကို ကစားခိုင်းရတာမျိုး တွေရှိပါတယ်။ အများပြည်သူအပန်းဖြေတဲ့ ပန်းခြံလိုနေရာမျိုးမှာ အဲဒီလိုပုံစံမျိုးတွေတော့ မရှိသင့်ပါဘူး''ဟု မိခင်တစ်ဦးကပြောကြားခဲ့ပါသည်။ |





ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့်သက်ဆိုင်သောနေရာများတို့တွင် မြန်မာယဉ်ကျေးမှုနှင့်ကိုက်ညီမှုမရှိသော အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား ယခုလဆန်း ပိုင်းမှစတင်၍အရေးယူသွားရန် စီစဉ်လျက် ရှိကြောင်းသတင်းရရှိသည်။ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရား များနှင့် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းတို့ရှိ အင်လျားကန်ပေါင်တို့တွင် အမြင်မသင့်လျော်စွာ နေထိုင်သည့် စုံတွဲများအား ပထမအကြိမ် ဓာတ်ပုံရိုက်ခေါ်ယူမေးမြန်း၍ သက်ဆိုင်ရာမိဘများထံသို့ ဓာတ်ပုံများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ နောက်တစ်ကြိမ်ထပ်မံတွေ့ရှိပါက ဓာတ်ပုံများအား ဂျာနယ်နှင့်သတင်းစာများတွင် ရေးသားဖော်ပြသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အမြင်မသင့်လျော်စွာနေထိုင်သည့် စုံတွဲများကို အရေးယူနိုင်ရန် အတွက် တန်ခိုးကြီးဘုရားများတွင် ဂေါပကအဖွဲ့ဝင်များနှင့် အင်းလျားကန်ပေါင်တို့တွင် စည်ပင်သာယာ တာဝန်ရှိသူများက လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments
ဒီ လိုပွဲ မျိုး လူရှေ့သူရှေမှာ sexy dance တွေက က ပြီး လုပ်တဲ့ ပွဲ ကိုရောမြန်မာယဉ် ကျေးမှုနဲ့ အညီလုပ်နေတယ် လိုဆိုပြီးခွင့် ပြုထားတာလား
This the exclusive video of Myanmar Sexy Model Girls' Dancing at Grand Royal 15 Years Anniversary Celebration which was held at May Gyun Thar Park, Yangon on February 28, 2010.
http://gossip.myanmarcelebrity.com/2010/03/exclusive-video-myanmar-model-girls.html
ဟားဟား ဖြေးဖြေးပေါ့ ကိုယ့်လူရာ ... ကျွန်တော်ဒီသတင်းမှာရေးထားတာ post 3 ခုရှိတယ်။ ဘယ်တစ်ခုမှာများ ဘုရားပေါ်မှာ အမြင်မတော်လုပ်ေ နမှာကို ထောက်ခံထားလို့လဲ? ပြီးတော့ ဘာကြောင့်ရေးနေရ လဲ သေချာဖတ်ဗျာ။ ကိုfollowme မမြင်ရင်ပြောပြမ ယ်၊ ပန်းခြံထဲ စုံတွဲတွေ ချစ်သူဘာဝနေကြတာ ပဲ(အဲ ဘယ်အတွဲမှလဲ ပန်းခြံလယ်ထွက်ြ ပီး ကဲပြနေမယ် မထင်ဘူး) ဒါကို ဘယ့်နှယ် ဓာတ်ပုံနဲ့မှတ်တ မ်းတင်တာတို့ လူထုကိုပြပြီး အရှက်ခွဲတာတို့ လုပ်ဖို့လိုလို့ လား? သိပ်လွန်တဲ့အတွဲ တွေဆိုလဲ ဒါမျိုးမလုပ်ဖို့  သတိပေးတာမျိုး၊ ဒါမှမရရင် ပန်းခြံ(ဒါမှမဟု တ် အများသူငှါနဲ့ သက်ဆိုင်တဲ့နေရာ )ကနေ ထွက်သွားခိုင်းမျိုး ဒါအလွန်ဆုံးလုပ် သင့်တာ/လုပ်နိုင်တာလေ။ ဒီ့ထက် ဆိုးတဲ့နေရာတွေ အများကြီးဗျာ၊ အဲဒီနေရာတွေကျတော့ ဘာလို့ကြပ်မတ်ဖို့ တစ်လုံးမပြောတာလဲ။ ဒါလေးပြန်ဖြေပေး ဗျာ။
ပန်းခြံတွေမှာ အတွဲတွေကဲတယ်ဆို တာ ဟုတ်ပါတယ်.. ဒါပေမယ် လူမမြင်သူမမြင်ေ နရာတွေမှာပါ... ဘယ်သူမှလဲ လူမြင်သူမြင်မကဲ ပါဘူး... အချောင်းခံရတယ်လို့ထင်နေရင်တောင် မကဲကျတော့ပါဘူ .. ပန်းခြံတွေထဲမှာ လူမမြင်သူမမြင်ေ နရာတွေ မရှိအောင်
အရင်မလုပ်သင့်ဘူးလား... ဘာကြောင့်များ မယောင်ရာ ဆီလူးခြင်နေရတာလဲ...
ဘုရားမှာ အတွဲတွေ ဖက်လဲတကင်း ပလူးပလဲနေတာကတော့  မသင့်တော်တာ အမှန်ပါ.. များသောအားဖြင့် လဲမလုပ်ကြပါဘူး.. လက်ကလေး တွဲရုံလောက်နဲ့ အမြင်မတော်ဘူးလို့ပြောလို့မရပါဘူး...
ခင်ဗျားတို့ ငယ်ငယ်က ဒီလို့အခွင့်အရေးတွေမရခဲ့လို့ အညိုးအတေးနဲ့ လုပ်နေတာဆိုရင်ေ တာ့လဲ.. အင်း...ဘယ်လိုပြောရပါ့...
အင်းယားကန်ဘောင် လိုနေရာမျိုးမှာ ဘယ်သမီးရည်းစားမှလဲ
ပေါ်တင်ကြီးထင်တိုင်းကြဲမှာလဲမဟု တ်ဘူး
ဘယ်အမျိုးကောင်း သမီးကလဲ ဒီလိုနေတာကိုခွင့် ပြုမှာမဟုတ်ဘူး
အထူးသဖြင့် သမီးရည်းစားဆို ကတည်းက လူအနည်းဆုံးနေရာ မှာသွားပြီး တီတီတာတာတွတ်ထိုးနေတတ်တာ
ကိုယ့် ဘယ်လိုနေလဲဆိုတာကို လူတွေမမြင်လေပို ကောင်းလေပဲ
အဒီလိုနေရာထိလို က်ကြည့်နေမှတော့ ဒါလိုက်ကြည့်တဲ့ သူကကို
အရမ်းဝါသနာကြီးေ နတာပဲဖြစ်မှာ
အတော်ပဲဗျ ... တွေ့ရှိရင် မိဘကို ပို့ပြီး အိမ်ထောင်ပြုခို င်းမယ်ဆိုတော့ ... ကျွန်တော် အကြံပေးချင်တယ် မိဘသဘောမတူတဲ့ အတွဲတွေရေ .... ပန်းခြံသွားပြီး တာဝန်ရှိသူတွေ မမြင်မြင်အောင် နေကြဗျ .. အဲဒါဆို သူတို့ ခေါ်ပြီး ပေးစားလိမ့်မယ် .. ဘယ်လောက်အဆင်ပြေ လည်း .. သဘောမတူတဲ့ မိဘတွေတောင် လက်မှိုင်ချသွားရ မယ် ... ( ဂွဒ်တယ်နော် ) ခိုးပြေးစရာမလို တော့ဘူးလေ ..
နောက်ပြီး ပန်းခြံမှာ အတွဲရှိတာ ဘာဖြစ်လဲ။ ဘယ်အတျွှဲ ကလေးတွေ ကစားတဲ့နေရာမှာ ငုတ်တုပ်ထိုင်ပြီး ပလူးမနေဘူးဗျ။ လက်တွဲထားတာ၊ ပုခုံးဖက်ထားတာ၊ ခါးဖက်ထားတာ၊ ပါးနမ်းတာလောက်က တော့ သူသူကိုယ်ကိုယ် လုပ်ကြမှာပဲ။ ဒါကို သရုပ်ပျက်တယ်လို့ ပြောမရဘူးလေ။ ဒီထက်ပိုနေရင်တော့ တမျိုးကေပါ့ဗျာ။ သေသေချာချာလည်း စဉ်းစားကြဗျို့။
အရှေ့က အကိုတွေရေးထားသလိုပဲ .. အင်း .. တည်းခိုခန်းပိုင်ရှင်တွေအတွက် ငွေပုံကြီးများ စိုက်လာပီလား မသိဘူးနော်။
so, where do they go? hotels?KTV?Guest houses?
ha ha ...
anyway,it's profits for hotels,KTV & guest houses owners....
Go on!
ha ha...i wanna know who were considered that.
ha ha
so funny! so,they will go the hotels & other place as like private rooms.
for myanmar people? impossible!sure ?
anyway ,this rules are profits for hotels & KTV owners!
LOL.........stupid!
ဘာလုပ်လုပ် မကောင်းမြင်နေကြ တာပါပဲလား ...
နည်းနည်းပါးပါး စဉ်းစားပါဦးဗျာ ...
ဖြစ်သင့်လား မဖြစ်သင့်လားဆို တာကို ...
တကယ်လို့ များ ကိုယ်နှမတွေ အစ်မတွေ ဥပဒေထုတ်မထားလို့  ပန်းခြံထဲသွားရင်း ပက်ပင်းတိုးနေရင် ခင်ဗျားတို့မျက် နှာတွေ ခပ်တည်တည်နဲ့ပဲ ဆက်ကြည့်နေကြမလားဆိုတာကိုတော့ သိချင်ပါတယ် ...
မလေးရှားမှာဆို ကားထဲမှာခိုးနမ်းမိရုံနဲ့ လူရှေ့မှာကြိမ်ဒ ဏ်ပေးပါတယ်။
အရှက်နဲ့ယဉ်ကျေး မှုကို တန်ဖိုးထားတဲ့မြ န်မာနိုင်ငံမှာ ဒီလိုမျိုး စီစဉ်သင့်တာ ကြာပါပြီ။ လူ့အခွင့်အရေးလွ တ်လပ်မှုဆိုတာ လူရှေ့မှာ မဖွယ်မရာလုပ်ခြင်းမဟုတ်ပါဘူး။ လွတ်လပ်တဲ့ လူ့အခွင့်အရေး ဆိုတာကို သက်ဆိုင်ရာစည်းက မ်းက ထိန်းချုပ်ထားပါ သေးတယ်။
ကောင်လေးနဲ့ကောင်မလေး တွေ သေချာထပ်ကြည့်မယ်ဆိုရင်တော့ 
အဲ့ ဒါ အတွဲ ချောင်းတာ မသင့်မလျော် နေထိုင်ကျတဲ့ အတွဲဆိုရင်
ဓါတ်ပုံလိုက်ရို က်ဖို့ မိဘ အိမ်လုပ်ဖို့  ဆိုတော့ အလုပ်မရှုပ်ဘူး လား
တခါတည်း ပန်းခြံမှာ ချိတ်ထားလိုက်ပေါ့  အတွဲလေးတွေ သနားပါတယ်
စုံတွဲအတွဲတွေ ပန်းခြံတွေမှာ အပန်းမဖြေလို့ ဟော်တယ်တက်အိပ်ြ ပီး အပန်းဖြေရမှာလား ?
ခွင်ဖန်ကြလား?
စဉ်းစားစေချင်တယ်။