ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှ လည်ပတ်နိုင်သောနေရာများ

ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှ လည်ပတ်နိုင်သောနေရာများ
Published 12 May 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်သည် သဘာဝ တောတောင် ရေတံခွန် စိမ့်စမ်းများ၊ သဘာဝလိုဏ်ဂူများဖြင့် သဘာဝအတိုင်း တည်ရှိပြီး ရှမ်းပြည်တောင်ပိုင်းတွင် အကျယ်ပြန့်ဆုံးသော မြို့နယ် တစ်မြို့နယ်လည်းဖြစ်သည်။

ကမ္ဘာအရပ်ရပ်တွင် ထူးခြားဆန်းပြား သော တောတောင်ရေမြေများစွာ တည်ရှိပြီး အံ့မခန်း သဘာဝအလှတရားများဖြင့် ပြည့်စုံ လှပသော မြို့နယ်တစ်ခုအကြောင်း ပြောရ မည်ဆိုလျှင် ရွာငံမြို့နယ်ကို ချန်ထား၍ မရ နိုင်ချေ။

ရွာငံနယ်တွင် လည်ပတ်စရာ သဘာဝ ရေတံခွန်ကြီးများ၊ ရှေးဟောင်းထုံးကျောက် လိုဏ်ဂူကြီးများ၊ အင်မတန်များပြားစွာ တည်ရှိ သည်။ ယခုဆောင်းပါးတွင် စာရေးသူမှတ်မိ သိရှိသလောက် စာရင်းပြုစု၍ ပြန်လည်တင် ဆက်ပေးသွားပါမည်။

ယခုအချိန်ရာသီကာလတွင် နယ်မြေ အခြေအနေအရ မိန်းမရဲသခင်မတောင်၊ ဂဏန်းကျရေတံခွန်၊ တောကျယ်ရေပြာအိုင်၊ တောကျယ်ရေပြာစမ်း၊ တပ်ကုန်းရေဖြူထွက် ကဲ့သို့ နေရာတချို့ကို လည်ပတ်နိုင်မည်ဖြစ် ကြောင်း သိရသည်။

 

ရေတံခွန်မြို့တော် (သို့မဟုတ်) အပျိုစင်ဒေသလေး

ရွာငံမြို့နယ်၌ သဘာဝရေတံခွန်ပေါင်း ၁၀ နေရာ ကျော်တည်ရှိပြီး ရှမ်းပြည်တောင် ပိုင်းတွင် အများဆုံးသော သဘာဝရေတံခွန် များ တည်ရှိသဖြင့် ရေတံခွန် မြို့တော်ဟုပင် တင်စား ခေါ်ဝေါ်လိုက်ချင်သည်။

ရွာငံနယ်တွင် လည်ပတ်စရာ သဘာဝ တောတောင်၊ ရေတံခွန် ၊ စမ်းချောင်း၊ လိုဏ်ဂူ များဖြင့် ပြည့်နှက်နေသဖြင့် အပျိုစင်ဒေသ လေးဟုလည်း တင်စားခေါ်ဝေါ်ကြသည်။

ရွာငံတွင် လည်ပတ်နိုင်သောနေရာများ

ရွာငံနယ်တွင် လည်ပတ်နိုင်သော နေရာ များမှာ တောင်ပိုင်းတွင် တောကျယ်ကိုးထပ် ရေတံခွန်၊ တောကျယ် မြသပိတ်ရေပြာအိုင်၊ တောကျယ် (ရေပြာစမ်း-ရေတံခွန်)၊ ရေလှ ကျေးရွာရှိ ဆည်ကြီးကျ ရေတံခွန်၊ မြိုင်ကျေးရွာ တွင်ရှိသော ဂဏန်းကျရေတံခွန်၊ တပ်ကုန်း ကျေးရွာ၌တည်ရှိသော ရေဖြူစမ်းရေထွက်၊ အလယ်ချောင် ရှစ်ထပ်ရေတံခွန်၊ ယောက် ကော်ဘိုးဘိုးကြီး တည်ထားသော မိန်းမရဲ သခင်မတောင်၊ ရွာငံယူကလစ်ပင်တန်း၊ မြင်း မူးကုန်းဗျူးပွိုင့်နှင့် အလွမ်းတောင် ဗျူးပွိုင့် စသည်တို့ ရှိကြသည်။

          ရွာငံမြို့မြောက်ပိုင်းတွင် တည်ရှိသော ဒလပင်ကျေးရွာ (ထန်းလှပင်ကျေးရွာရှိ) ပေ ၃၀၀ မြင့်သည့် တလုပ်ချရေတံခွန်စခန်း၊ ဆင် ဆားပြားရွာရှိ ဆင်လယ်ရေဝင်ဂူ၊ ကျောက်ငှက် ရေဝင်ဂူနှင့် ပေပေါင်း ၇၇၅၂ ပေ မြင့်သော အရှေ့မြင်အနောက်မြင် တောင်တက်ခရီးစဉ် စသည်တို့ရှိကြသည်။

          ရွာငံ၏ အနောက်ဘက်တွင် ကျောက်ခေတ်လူသားများနေထိုင်ခဲ့သော ပြဒါးလင်းဂူ တည်ရှိသည်။ ရွာငံတွင် တည်ရှိသော ပြဒါး လင်းဂူသည် မြန်မာနိုင်ငံတွင် အကြီးဆုံးဂူကြီး ဖြစ်ပြီး ထုံးကျောက်သဘာဝလိုဏ်ဂူလည်း ဖြစ်သည်။ ဂူအတွင်းပိုင်း ကျောက်စက်ပန်းဆွဲ များအပေါ် နေရောင်ခြည်ကျလျှင် ပြဒါးကဲ့သို့ တလက်လက်နှင့် လှပကာ ကျောက်ခေတ်လူ သားများ ရေးဆွဲထားသော ပန်းချီများလည်း ရှိသည်။

          ပြဒါးလင်းဂူ၏ အကျယ်ဆုံးနေရာမှာ ပေ ၃ဝဝခန့် ရှိကာ အမြင့်မှာ ပေ ၉၀ ခန့်ရှိ ကြောင်း သိရသည်။

          ယခင်နှစ်များက ရွာငံနယ်ရှိ ဂဏန်းကျ ရေတံခွန်၊ ရေပြာစမ်းနှင့် ရေဖြူအိုင်တို့ကို လာ ရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည် အထူးများပြားသည်။ တောင်ကြီးမှ လာရောက် လျှင် အောင်ပန်းလမ်းအတိုင်း ဖြတ်သန်းလာ သော ရွာစဉ်များမှာ ပဲရင်းတောင်၊ လွှစင်၊ တောင်ပို့ကွဲ၊ မြေခြား၊ ပေါ်စင်ကုန်း ၊ ပွေးပြတ်၊ ယကြီး၊ စိန်ချဉ်ပင်၊ မြင်းတွင်း၊ မင်းတိုင်ပင်၊ မြင်းကျဒိုး၊ ကုန်းကြီး၊ ညောင်ပင်၊ တောကျယ်၊ ဆင်ခေါင်း၊ အလယ်ချောင်၊ မြိုင်၊ တပ်ကုန်း စသဖြင့် ရွာစဉ်ရွာတန်းများကို ဖြတ်ကျော် လာရပါသည်။

          မြင်းကျဒိုး ကျေးရွာအုပ်စု၊ တောကျယ် ကျေးရွာတွင် တောကျယ်ရေပြာအိုင်၊ တော ကျယ် ကိုးထပ်ရေတံခွန်၊ တောကျယ်ရေပြာ စမ်း ရေတံခွန်ရှိပြီး ရေလှကျေးရွာတွင် ဆည် ကြီးကျရေတံခွန်တို့ ရှိကြသည်။ တောကျယ် မှ ဆက်သွားလျှင် အလယ်ချောင်ကျေးရွာရှိ အလယ်ချောင်ရေတံခွန် ရောက်ရှိသည်။

          ထိုအလယ်ချောင်ကျေးရွာမှ နောက်ထပ် တစ်ရွာကျော် မြိုင်စံပြကျေးရွာတွင် ဂဏန်းကျ ရေတံခွန်ရှိကာ နောက်တစ်ရွာ တပ်ကုန်းကျေး ရွာတွင် ရေဖြူထွက်ရေဖြူစမ်းရှိသည်။

          ထူးခြားချက်တစ်ခုမှာ လမ်း၏ အနောက် ဘက်ခြမ်း ဆင်ခေါင်းကျေးရွာအုပ်စု အနောက် ဘက်အတိုင်းဝင်သွားလျှင် ဆတ်ခြံကျေးရွာ အုပ်စုအတွင်း တဲ့လုကျေးရွာတည်ရှိသည်။ တဲ့လုကျေးရွာတွင် ကျဆုံးခဲ့သော ဗိုလ်မှူးကြီး ဗထူးကို ဂုဏ်ပြုသောအားဖြင့် အာဇာနည် သူရဲကောင်း ဗိုလ်မှူးကြီးဗထူး၏ အထိမ်းအ မှတ်ကျောက်တိုင်နှင့် ဗိမာန်ကိုလည်း တည် ဆောက်ထားသည်ကို ယခင်နှစ်များက သွား ရောက်လေ့လာခဲ့ဖူးသည်။ အာဇာနည် သူရဲ ကောင်း ဗိုလ်မှူးကြီး ဗထူးသည် အောင်ပန်း တွင် ငှက်ဖျားရောဂါဖြင့် ကွယ်လွန်သည်မှာ မဟုတ်ဘဲ ရွာငံမြို့နယ်၊ တဲ့လုကျေးရွာတွင် ဗုံးထိမှန်သောဒဏ်ရာဖြင့် ကွယ်လွန်ခြင်းဖြစ် ကြောင်း မြင်းကြာဒိုးကျေးရွာရှိ ရှေးလူကြီးများ ပြောပြခဲ့သည်ဟု ျွှငုငစနိငေ တွင် ဖော်ပြထား သည်။

 

တောကျယ် ရေပြာစမ်းရေတံခွန်

 

          ဂဏန်းကျရေတံခွန်မှအပြန်တွင် တော ကျယ် ရေပြာအိုင်ဆိုင်းဘုတ်ကို ချိုးကွေ့လိုက် ပါ။ လမ်းဆုံးရင် အင်္ဂလိပ်အက္ခရာ တီပုံစံ လမ်း ခွဲကိုရောက်ပါက ညာဘက်လမ်းအတိုင်း ဆက် သွားလိုက်လျှင် တောကျယ်ရေပြာစမ်းရေတံ ခွန်ကို ရောက်ရှိသည်။ တောကျယ်ရေပြာစမ်း ရေတံခွန် သွားရာလမ်းတွင် “ရေပြာစမ်း ကိုယ် ပိုင်လမ်းသို့” ဆိုသော ဆိုင်းဘုတ်လေးများ ပြထားပါသည်။

ထိုနေရာတွင် မော်တော်ကား၊ မော်တော် ဆိုင်ကယ်ရပ်နားရာ ကားပါကင်နေရာမှတစ် ဆင့် တောင်အောက်ကို လမ်းဆင်းလျှောက် ရပါသည်။

တောင်အောက်ဆင်းရာ လမ်းတစ်လျှောက် တွင် ရေတံခွန်စီးဆင်းနေပြီး အောက်ဘက်တွင် လှပသော ရေတံခွန်ကြီး များစွာ စီးဆင်းသွား သည်ကို ရှုမြင်ခံစားနိုင်သည်။ ဦးစွာ ထမင်းစား အဆောင်ဇရပ်ကြီးတွင် ရပ်နားစခန်းချပြီး နေ့လယ်စာ သုံးဆောင်သည်။ နေ့လယ်စာ စားသောက်ပြီးမှ အဆင်းလမ်းအတိုင်း ဆက် ဆင်းသွားပြီးလျှင် လှပသော ရေတံခွန်ကြီး တွေ့ရပါသည်။ ရေတံခွန်ကြီး ကျဆင်းရာ အောက်ခြေ၌ ရေကန်လေးများ တည်ဆောက် ထားပြီး ကလေးများ ရေကစားရန် တစ်ပေမှ သုံးပေကန်၊ ကန်ကို အင်္ဂတေရိုးဖြင့် ကာခြား ထားပြီး တစ်ဖန် လူကြီးရေကူးသော ငါးပေ၊ ခြောက်ပေကန်ကို နှစ်ကန်အကျယ်ကြီး တည် ဆောက်ပေးထားသဖြင့် စိတ်တိုင်းကျ ရေကူး ကစားနိုင်ပေသည်။

ထိုရေတံခွန်မှ အဆင်းလမ်းအတိုင်း သွား လိုက်လျှင် အဆင်းလမ်း ရှုခင်းသာအဆင်းတံ တားလေး တည်ဆောက်ပေးထားပြီး ဦးစွာ ရှုခင်းသာဗျူးပွိုင့် ရင်ပြင်နေရာရောက်ပါ သည်။ ထိုမှတစ်ဆင့် လှေကားအတိုင်း ခန့်မှန်း ပေ ၅၀၀ ကျော် အောက်ကိုဆက်ဆင်းလိုက် လျှင် နောက်ထပ်ရေတံခွန်ကြီးတစ်ခုကို ထပ် တွေ့ရပါသည်။ ထိုရေတံခွန်ကြီးဘေးဘက်မှ အဝိုက် လှေကားလေး ဆောက်လက်စမြင် တွေ့ရပြီး အောက်ဘက်တွင် ရေတံခွန်များစွာ ကျန်ရှိသေးသော်လည်း ဆောက်လုပ်ရေးလုပ် ငန်း အဆုံးသတ်သွားပြီမို့ ထိုနေရာအထိပဲ လည်ပတ်လို့ရသည်။ တစ်ဖက်တွင် လမ်းဆုံး အထိ ဆက်သွားကြည့်ရာ လှပသော ရေတံခွန် တစ်ခုကို နောက်ထပ်မြင်တွေ့ရပြန်သည်။

တောကျယ်ရေပြာစမ်းသည်  ဂဏန်းကျ ထက် ဧရိယာပိုမိုကျယ်ဝန်းပြီး လူထောင်ပေါင်း များစွာ တစ်ပြိုင်နက်တည်း လာရောက်အပန်း ဖြေနိုင်သည့် အပန်းဖြေစခန်းတစ်ခုလည်း ဖြစ်သည်။ ကားပါကင်သည် အမြင့်ပိုင်းတွင် တည်ရှိနေပြီး အတက်အဆင်းလမ်းများသော ကြောင့် ခြေသလုံးသား တောင့်နေအောင် တောင်တက်ရပါသည်။

         

တောကျယ်ရေပြာအိုင်နှင့် တောကျယ်ရေတံခွန်

 

တောကျယ်ရွာတွင် ထင်ရှား၍ ထူးခြား သော မြသပိတ်ရေပြာအိုင် ကို တစ်ဆက်တည်း ဝင်ရောက်လည်ပတ်လေ့လာနိုင်သည်။ တော ကျယ် မြသပိတ်ရေပြာအိုင်သို့ ဆိုသော ဆိုင်း ဘုတ်ကို လမ်းမကြီး၌ မြင်တွေ့နိုင်ပြီး သွားရာ လမ်းတစ်လျှောက်တွင်လည်း ညွှန်ပြထားပါ သည်။

တောကျယ်မြသပိတ်ရေပြာအိုင်သည် ကြည်လင်ပြာလဲ့သော အရောင်ရှိကာ နတ်ကြီး သည်ဟု အယူရှိကြသည်။ မန္တလေးမြို့အနီးရှိ ဒီးဒုတ်ရေပြာအိုင်မှာ တောင်တက်ရသော် လည်း တောကျယ်မြသပိတ်ရေပြာအိုင်မှာ လျှိုအတွင်း သို့ အောက်ဘက်ဆင်းသွားသော လှေကားအတိုင်း လမ်းဆင်းလျှောက်ရခြင်း ဖြစ်ပါသည်။

တောကျယ်ကျေးရွာမှာပင် တောကျယ် ရေတံခွန်ကို ရေပြာအိုင်အပြန် ဝင်ရောက် လည်ပတ်နိုင်သည်။ တောကျယ်ရေတံခွန်ကို တောကျယ်ကိုးထပ်ရေတံခွန်ဟုလည်း ဒေသခံ များက ခေါ်ဆိုကြပြီး မိုးရာသီရေများချိန်တွင် အင်မတန်လှပသော ရေတံခွန်ရှုခင်းကို မြင် တွေ့နိုင်သည်။ ရေပြာအိုင်အနောက်ဘက် ဆက်သွားလျှင် တောကျယ်ကိုးထပ်ရေတံခွန် ကို ရောက်နိုင်သည်။

ထူးခြားလှပ ဆည်ကြီးကျ

မြင်းကျဒိုး ကျေးရွာအုပ်စု၊ ရေလှကျေးရွာ အနောက်ဘက်တွင် ထူးခြားလှပသော ဆည် ကြီးကျရေတံခွန် တည်ရှိသည်။ တောကျယ် ကျေးရွာအနီးမှာပင် ရေလှကျေးရွာတည်ရှိ သည်။ အမြင့်ပေ ၂၀၀၀ ကျော် မြင့်မားမတ် စောက်သော တောင်ပေါ်မှ ကျဆင်းလာသော ရေတံခွန်အလှအပမှာ ရှုမငြီးလှပသည်။ ရေ တံခွန်ကြီးငယ်အသွယ်သွယ်တို့ဖြင့် တောင် ပတ်လည်တွင် ရေတံခွန်အသွယ်သွယ် စီးဆင်း နေသည်ကို ထူးခြားအံ့မခန်း ခံစားနိုင်စေမည် ဖြစ်သည်။

 

အလယ်ချောင် ရေတံခွန်

 

အလယ်ချောင် ကျေးရွာတွင် အလယ် ချောင်ရေတံခွန်ရှိသည်။ စယဉ်းတောင်ဟု ခေါ် သော အလယ်ချောင်ရေတံခွန်တွင် အဆင့် ကိုးဆင့်ရှိပြီး မိုးရာသီတွင် ရှုမငြီးအလှကို ခံစားနိုင်ပေသည်။ မိုးအကုန် ဆောင်းအကူး ရောက်မှသာ ရေတံခွန်အပေါ်ဆင့်များကို တက် ကြည့်နိုင်ပြီး မိုးရာသီတွင် ရေစီးသန်သဖြင့် တက်မကြည့်နိုင်ပါ။ အလယ်ချောင်ရေတံခွန် သည် သုံးရာသီ လှပစွာခံစားနိုင်သော ရေတံ ခွန်တစ်ခုဖြစ်သည်။

အလယ်ချောင်ကျေးရွာတွင်လည်း အ လယ်ချောင်ရှစ်ထပ်ရေတံခွန်မှာ ရှုမငြီးလှပ သည်။ အလယ်ချောင်ရေတံခွန်သွားရောက် နိုင်ရန်အတွက် နာရီဝက်မှ လေးဆယ့်ငါးမိနစ် ခန့် လမ်းလျှောက်ရကာ လိမ္မော်ခင်းများကို ဖြတ်သန်း၍ တောတွင်းခရီးနှင်ရသည်။ အ လယ်ချောင် ရေတံခွန်၏ ခရီးစဉ်နှင့် အလှအပ မှာ မေ့မနိုင်အောင် တစ်သက်တမ်း အမှတ်ရ နေမည့် ခရီးစဉ်တစ်ခုလည်းဖြစ်သည်။

 

 

ဂဏန်းကျ ရေတံခွန်

 

တကယ့်ကို နိုင်ငံရပ်ခြား ဒေသတွေမှာပဲ မြင်ဖူးသော သဘာဝရေညှိရေမှော်များ အထပ် ထပ် စီခြယ်ထားသလို ရှုမငြီးသော ဂဏန်းကျ ဆိုသည့် ရေတံခွန်လေးတစ်ခု ရွာငံမြို့နယ်၊ မြိုင်ကျေးရွာတွင် တည်ရှိနေသည်ကို အံ့သြစွာ မြင်တွေ့လိုက်ရသည်။ မြန်မာနိုင်ငံတွင် မရှိ လောက်ဟု ထင်ထားသော အလှတရားများ ဖြင့် ပြည့်စုံပြီး ဆွဲဆောင်မှုအားကောင်းလွန်း ခြင်းကြောင့် ရွာငံမြို့နယ်ရှိ ဂဏန်းကျရေတံခွန် သည် ၂၀၂၃ ခုနှစ်တွင် နေ့ချင်းညချင်း လူသိ များလာပြီး ခရီးသွားများ ပြည့်နှက်လာသည်။

ရွာငံမြို့နယ်ရှိ ဂဏန်းကျရေတံခွန်ကို အပြင်မှာ မြင်တွေ့ဖူးမှသာ တကယ့်ကို အံ့မ ခန်းလှပသော ရေတံခွန်တစ်ခုဖြစ်ကြောင်း ယုံကြည်လိုက်ရပါသည်။ ထူးဆန်းအံ့သြဖွယ် ကောင်းသော သဘာဝတရား အလှအပတစ်ခု ပင် ဖြစ်တော့သည်။

သဘာဝအလှတရားများနှင့် ပြည့်စုံနေ သော ဂဏန်းကျရေတံခွန်လေးကို ထိန်းသိမ်း ထားဖို့ ကျွန်တော်တို့အားလုံး တာဝန်ရှိကြပါ သည်။ ခရီးသွားဧည့်သည်များအနေဖြင့်လည်း သဘာဝအတိုင်း တည်ရှိနေသော ရေညှိရေ မှော်လေးများကို မဖျက်ဆီး၊ မချိုးဖဲ့ဘဲ နိုင်ငံ ကြီးသား ပီသစွာ စည်းကမ်းတကျ လည်ပတ် စေလိုပါသည်။ သတ်မှတ်ထားသောနေရာ များတွင် အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်း၊ သဘာဝတောတောင်များကို မဖျက်ဆီးဘဲ ထိန်း သိမ်းစောင့်ရှောက်ခြင်းတို့ဖြင့် ကူညီဆောင် ရွက်ပေးစေလိုပါသည်။

 

ဂဏန်းကျ ဘယ်လိုသွားမလဲ

 

တောင်ကြီးမှ သွားမည်ဆိုပါက အောင် ပန်းမှတစ်ဆင့် ရွာငံလမ်းအတိုင်း သွားရသည်။ ရွာငံမြို့နယ်ဝင်ဝင်ချင်းမှာ ဖြတ်ကျော်လာ သည့် ရွာစဉ်များကတော့ ကျုံးမှတစ်ဆင့် ပဲရင်းတောင်၊ နန်းခုံ၊ လွှစင်၊ တောင်ပို့ကွဲ၊ မြေ ခြား၊ ပေါ်စင်ကုန်း၊ ပွေးပြတ်၊ ယကြီး၊ စိန်ချဉ် ပင်၊ မြင်းတွင်း၊ မင်းတိုင်ပင်၊ မြင်းကျဒိုး၊ ကုန်း ကြီး ၊ဘုရားကြီးကုန်း၊ ညောင်ပင်ခွ၊ တော ကျယ်၊ အလယ်ချောင်၊ ဆင်ခေါင်း၊ ပြေသာ ကျော်သည်နှင့် မြိုင်စံပြကျေးရွာကို ရောက်ရှိ သည်။ မြိုင်စံပြကျေးရွာသည် ရွာငံမြို့ကိုသွား လမ်းတစ်လျှောက် ခရီးစဉ်တစ်ဝက်ကျော် ခန့်ရှိနိုင်ပြီး နောက်ထပ် အကွာအဝေးတစ် ဝက်ခန့် ဆက်သွားလျှင် ရွာငံမြို့ကို ရောက်ရှိပါ သည်။

မြိုင်စံပြကျေးရွာကို ရောက်ရှိပါက သုံးရာ သီထမင်းဆိုင်မှတစ်ဆင့် ဘယ်ဘက်လမ်းအ တိုင်း ချိုးကွေ့သွားမည်ဆိုလျှင် လမ်းညွှန်ဆိုင်း ဘုတ်လေးများ လမ်းတစ်လျှောက် မပြတ်တမ်း စိုက်ထူပေးထားသည့်အတွက် လုံးဝ လမ်း မမှားနိုင်ချေ။

ထိုကျေးရွာလမ်းကလေးသည် ၁၀ ပေ မပြည့်သော လမ်းကျဉ်းလေးဖြစ်သည့်အတွက် ကားကြီးများ သတိထားပြီး မောင်းနှင်သင့်ပါ သည်။ ကျေးရွာလမ်းလည်း ဖြစ်သည့်အတွက် ှူသတ ီသတည လေးများကို ဖြည်းဖြည်းချင်း ရှောင်မောင်းရန် လိုအပ်သည်။ လမ်းကျဉ်း သည့်အတွက်ကြောင့် တစ်စီးနှင့်တစ်စီး ရှောင် မောင်းရန် မလွတ်နိုင်သည့်အတွက် စိတ်ရှည် ရှည်ထားပြီး မောင်းဝင်ရသည်။ ရေတံခွန် သွားရာလမ်းတစ်လျှောက် လှပသော ရှုခင်း များကို ကြည့်ရှုနိုင်ပြီး မြေပြန့်ကွင်းပြင်နေ ရာတွင် ယာဉ်ရပ်နားစခန်းချကြရပါမည်။ ထိုမှတစ်ဆင့် တောင်အောက်သို့ ၁၀ မိနစ်ခန့် လူသွားလမ်းလေးအတိုင်း လမ်းဆင်းလျှောက် ရပါသည်။

ဂဏန်းကျသို့ လမ်းလျှောက်စို့

ကားရပ်နားစခန်းမှ ဂဏန်းကျရေတံခွန် တည်ရှိရာ အောက်ဘက်နေရာကို ခန့်မှန်းခြေ ပေ ၅၀၀ နီးပါးလောက် ဆင်းသွားရပါသည်။ (တောင်ဆင်းလမ်းပေကို ခန့်မှန်းခြင်းဖြစ် သည်) ယခင်က လူတစ်ယောက်စာ အဆင်း လမ်းကလေးကို ယခုနောက်ပိုင်း ပြန်လည်ပြင် ဆင်ထားပြီးဖြစ်ကြောင်း၊ သက်ကြီးရွယ်အို များအတွက် အဆင်ပြေစွာ သွားလာနိုင်ပြီ ဖြစ်ကြေ ာင်း သိရသည်။

ဂဏန်းကျရေတံခွန် ရောက်သည်နှင့် အမောအပန်းများပြေပျောက်ပြီး တကယ့်ကို သွားရောက်ရသည်မှာ တန်သော၊ ကျေနပ်ဖွယ် ခံစားချက်ကို ရရှိစေသည်။ နိုင်ငံခြားသား ဧည့်သည်အများစုသည်  ယခုလိုသဘာဝခရီး စဉ်မျိုးကို နှစ်သက်သဘောကျပြီး ဂဏန်းကျ ရေတံခွန်၏ အံ့မခန်းလှပမှုသည် စိတ်ကျေနပ် ပီတိ ဖြစ်စေပါသည်။

ထိုအဆင်းလမ်းသည် ကျေးရွာသွားလမ်း ဖြစ်ပြီး နောက်ထပ်တခြားနေရာမှ ဆင်းနိုင် သောလမ်းရှိကြောင်း၊ ရေချောင်းသည် ငုတ် ချောင်းအသွင်ဖြင့် တခြားနေရာများ ပေါ် ထွက်လာသော နေရာတည်ရှိကြောင်း ထိုနေ ရာတွင် စျေးရောင်းသော ဒေသခံများက ရှင်း ပြသည်။

 

တပ်ကုန်းရွာမှ ရေဖြူစမ်း (ရေဖြူအိုင်) ရေထွက်

 

မြိုင်ကျေးရွာကျော်လျှင် တပ်ကုန်းရွာကို ရောက်ရှိနိုင်သည်။ တပ်ကုန်းရွာလမ်းအတိုင်း ဝင်သွားလျှင် တပ်ကုန်းကျေးရွာဘုန်းတော် ကြီးကျောင်းကို တွေ့ရပါမည်။ တချို့ကားငယ် များ အောက်ပိုင်းမလွတ်လျှင် ထိုကျောင်းဝင်း အတွင်း လိုက်လံပို့ဆောင်ပေးသော မော်တော် ကားများ ငှားရမ်းနိုင်သည်။ တပ်ကုန်းကျောင်း ဘေး ညာဘက်ကပ်လျက်လမ်းကြားအတိုင်း သွားရမည်။ လမ်းခွဲတွေ့လျှင် ကျေးရွာလမ်းအ တိုင်း လမ်းဘယ်ဘက်ခြမ်းအတိုင်းဆက်ဝင် သွားလျှင် ရေဖြူစမ်း (အိုင်) ကို ရောက်သည်။

လမ်းခရီးမှာ မိုးရာသီတွင် အနည်းငယ် ဆိုးသောနေရာများ ရှိနိုင်သဖြင့် ဂရုတစိုက် မောင်းနှင်ရန် လိုအပ်သည်။ မော်တော်ယာဉ် ရပ်နားရာနေရာမှ အောက်ဘက်လျှိုအတွင်း သို့ လမ်းလျှောက်ဆင်းရပါသည်။ ထိုအောက် ဘက်တွင် ရေကြည်ချောင်းကလေး စီးဆင်းနေ သည်ကို မြင်တွေ့ရသည်။

ထိုစမ်းချောင်းကလေးနှင့် သံပရာခြံတို့ ကို သုံးကြိမ်တိုင် ရေချောင်းလေးဖြတ်ကူးပြီး မှသာ ရေဖြူထွက်ရှိရာနေရာရောက်ရှိသည်။ ထိုစမ်းချောင်းကလေးမှာ ရေကြည်လင်နေ သဖြင့် ရေကူးရေစိမ်၍ အင်မတန်ကောင်းပါ သည်။

ရေဖြူထွက်ကန်ထဲတွင် သဘာဝရေ ကြည်ရေသန့်များ ထွက်ရှိနေပြီး အဖြူရောင် ရေများ ထွက်ရှိနေသည်ကို ထူးဆန်းစွာ မြင် တွေ့နိုင်သည်။ ထိုရေကြည်ရေသန့်များကို သောက်သုံးနိုင်ကာ သဘာဝအတိုင်း ထွက် ရှိသော ရေဖြူထွက်ငုတ်ချောင်းတစ်ခုဖြစ် ကြောင်း သိရသည်။ ထိုသို့ ငုတ်ချောင်းများစွာ ရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ရေဖြူ ထွက် အပေါ်ဘက်ရေကန်ကို ထိန်းသိမ်းထား ခြင်းဖြစ်ကာ အောက်ဘက်ရေကန်တွင် ခရီး သွားဧည့်သည်များ လာရောက်ရေစိမ်ရေကူး သော နေရာလည်း ဖြစ်ပါသည်။ ရေဖြူထွက် တွင် ရေစိမ်ရေကူးခြင်းအားဖြင့် ရောဂါများ ပျောက်ကင်းသည်ဟူသော ယူဆချက်လည်း ရှိကြသည်။

          ရွာငံမြို့နယ်တွင်ရှိသော တောကျယ် မြသပိတ်ရေပြာအိုင်၊ တပ်ကုန်းရေဖြူထွက် တို့သည် ထူးခြားဆန်းပြားသော ဒေသအမွေ အနှစ်များအဖြစ် တန်ဖိုးထားထိန်းသိမ်းကြရန် လိုအပ်ပေသည်။

 

မိန်းမရဲ သခင်မတောင်

 

          မိန်းမရဲသခင်မတောင်သို့ ခရီးသွားများ လာရောက်လည်ပတ်သူ များပြားသည်။ ယောက်ကော်ဘိုးဘိုးကြီး တည်ထားသော မိန်းမရဲသခင်မတောင်တွင် ယခုနောက်ပိုင်း စေတီတော်များ ထပ်မံတည်ထားကိုးကွယ် ကြသဖြင့် မြင်ကွင်းမှာ ပို၍တင့်တယ်နေပြီဖြစ် သည်။

          မိန်းမရဲသခင်မတောင်၏ ညာဘက် အစွန်ဆုံးတောင်ပေါ်သို့ လှေကားဖြင့်တက်၍ ဓာတ်ပုံရိုက်လျှင် ပိုမိုလှပသောရှုခင်းကို မြင် တွေ့နိုင်မည်။ ထို ညာဘက်တောင်ချွန်းပေါ်သို့ အရင်ဆုံး တက်ရောက်ကြပါရန် လမ်းညွှန် လိုပါသည်။

          အပြန်တွင် ရွာငံ၏ ယူကလစ်ပင်တန်း များကို ဓာတ်ပုံရိုက်ကူးနိုင်သေးသည်။ ရွာငံ သွားလမ်းတွင် လှပသော ယူကလစ်ပင်တန်း သုံးနေရာခန့် ရှိပါသည်။ လမ်းဖြောင့်နှစ်နေရာ နှင့် လမ်းကွေ့တစ်နေရာ ယူကလစ်ပင်တန်း ရှုခင်းကို မြင်တွေ့နိုင်ပါသည်။

          ရွာငံမြို့မြောက်ပိုင်းတွင် တည်ရှိသော ဒလပင်ကျေးရွာ (ထန်းလှပင်ကျေးရွာရှိ) ပေ ၃၀၀ မြင့်သည့် တလုပ်ချရေတံခွန်စခန်းမှာ လည်း နာမည်ကျော်ကြား လူသိများထင်ရှား သည်။

          ထို့ပြင် ဆင်ဆားပြားရွာရှိ ဆင်လယ်ရေ ဝင်ဂူနှင့် ကျောက်ငှက်ရေဝင်ဂူတို့သည် သဘာဝ ထုံးကျောက်လိုဏ်ဂူအမျိုးအစားဖြစ်ပြီး  နေရာ ချင်းလည်း နီးစပ်မှုရှိသည်။ တောတောင်တွင် သဘာဝအတိုင်း အရိုင်းဆန်ဆန်ဖြစ်တည်နေ သော သဘာဝလိုဏ်ဂူအမျိုးအစားကို လေ့ လာလည်ပတ်ချင်လျှင် ရွေးချယ်သင့်သော လိုဏ်ဂူအမျိုးအစားဖြစ်ကာ လမ်းခရီးအခြေ အနေကို ကြိုတင်စုံစမ်းသွားလာရန်လိုအပ် မည်ဖြစ်ကြောင်း သိရသည်။

          ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၊ ရွာငံမြို့နယ်နှင့် ပင်းတ ယမြို့နယ်တို့ အေးချမ်းသာယာ၍ သဘာဝ တရားများကို ဆက်လက်ထိန်းသိမ်းနိုင်ပါ စေကြောင်း ခရီးသွားဆောင်းပါးဖြင့် မှတ်တမ်း တင် ဖော်ပြလိုက်ပါသည်။

 

 

Most Read

Most Recent