မြေမြှုပ်မိုင်းအန္တရာယ်နဲ့ သံဖြူဇရပ်ဒေသခံတွေရဲ့ စိုးရိမ်သောက

မြေမြှုပ်မိုင်းအန္တရာယ်နဲ့ သံဖြူဇရပ်ဒေသခံတွေရဲ့ စိုးရိမ်သောက
Published 22 September 2024
ဘိုဘိုမြင့်

မွန်ပြည်နယ် သံဖြူဇရပ်မြို့ကနေ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ကို ဆက်သွယ်ထားတဲ့ သံဖြူဇရပ်- သက္ကော-အနန်းကွင်း-ဘုရားသုံးဆူ ကားလမ်း ဘေးဝဲယာတစ်လျှောက်မှာ မျက်စိတစ်ဆုံး တွေ့မြင်ရတဲ့ ရော်ဘာတောတွေ၊ နှစ်ရှည် ဥယျာဉ်ခြံတွေနဲ့ စိမ်းစိုနေတဲ့ တောတန်းတွေ၊ တောင်ကုန်းတောင်တန်းတွေကို မြင်တွေ့ရပါတယ်။

သံဖြူဇရပ်-ရေး အမှတ် (၈) ပြည် ထောင်စုကားလမ်းမကြီးဘေး သက္ကောကျေးရွာလမ်းခွဲကနေ ဝင်လာမယ်ဆိုရင် ဦးခွေး-ဒေါ်ယိမ်းရွာ၊ ဂျပန်တောင်ရွာ၊ ရဲတံခွန်ရွာ အစရှိတဲ့ ကျေးရွာတွေကို ကျော်လွန်လာပြီးရင် တော့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ်ထဲက လွတ်ရှမ်း၊ အနန်းကွင်းစတဲ့ ကျေး ရွာတွေကို ရောက်ရှိမှာဖြစ်ပြီး ထိုမှတစ်ဆင့် မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့ကို သွား ရောက်နိုင်ပါတယ်။

သံဖြူဇရပ်မြို့နယ်အတွင်းက ကျေးရွာ တွေမှာတော့ ဒေသခံတွေအနေနဲ့ အရင်က တည်းက မိရိုးဖလာ နှစ်ရှည်ဥယျာဉ်ခြံလုပ်ငန်း တွေ လုပ်ကိုင်ကြသူတွေများသလို၊ မွန်ပြည် နယ်ထွက် ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းတွေ ကိုလည်း အများအပြားလုပ်ကိုင်ကြပါတယ်။

“ဒီဘက် ဂျပန်တောင်တို့၊ ရဲတံခွန်တို့၊ ဦးခွေး ဒေါ်ယမ်းရွာတွေမှာက အများအား ဖြင့်က လက်လုပ်လက်စားသမားတွေ၊ အခြေ ခံပြည်သူတွေ နေထိုင်ကြတာ များတယ်။ နောက်ပြီး ရွှေ့ပြောင်းလုပ်သားတွေလည်းများ တယ်။ အများအားဖြင့် ရော်ဘာစေးခြစ်၊ ခြံ ရှင်း၊ ထင်းခုတ်၊ နောက်ပိုင်း ဝဥတူးတဲ့ အလုပ် တွေ လုပ်ကိုင်ကြသူတွေများပါတယ်။ အရင် ကတော့ အေးအေးချမ်းချမ်းပါပဲ။ ပြဿနာ ကြီးကြီးမားမား သိပ်မဖြစ်ပါဘူး” ဟု သံဖြူ ဇရပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်ကစလို့ ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ အနန်းကွင်းကျေးရွာမှာ ပစ်ခတ်တိုက် ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပစ် ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မှာတော့ သံဖြူဇရပ်-သက္ကော-အနန်းကွင်း -ဘုရားသုံးဆူ ကားလမ်းတစ်လျှောက်မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သြဂုတ် ၁၅ ရက်နေ့ ညပိုင်းမှာ သံဖြူ ဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာအနီးက ရော် ဘာခြံထဲကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ အမျိုးသားတစ်ဦး သေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် ငါးဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဒေသခံများရဲ့ ပြောကြားချက်တွေအရ သိရပါ တယ်။

          လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲလို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူတွေကို သံဖြူ ဇရပ်မြို့နယ် ပြည်သူ့ဆေးရုံနဲ့ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးတွေကို ပို့ဆောင်ကာ ဆေး ကုသမှု ခံယူခဲ့ကြရပါတယ်။

          အဲဒီအပြင် ပြီးခဲ့တဲ့ သြဂုတ်လ စတုတ္ထ ပတ်အတွင်းကစလို့ သံဖြူဇရပ်မြို့နယ် ရဲ တံခွန်ကျေးရွာအနီးဝန်းကျင်မှာ ဒေသခံပြည် သူတွေအနေနဲ့ မြေမြှုပ်မိုင်းနင်းမိပြီး ပေါက် ကွဲမှုတွေဖြစ်ပွားလို့ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ပါတယ်။

          ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်က သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန် ကျေး ရွာမှာနေထိုင်တဲ့ အသက် ၃၀ နှစ်အရွယ် ကိုစိုးသန်းဆိုသူဟာ ထင်းခုတ်ရန်အတွက် ၎င်းင်း၏နေအိမ်ကနေ ရဲတံခွန်ကျေးရွာဘုန်း ကြီးကျောင်းအနီးမှာရှိတဲ့ ရော်ဘာခြံထဲကို သွားရောက်စဉ် လက်လုပ်မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

          လက်လုပ်မြေမြှုပ်မိုင်း ပေါက်ကွဲမှု ကြောင့် ကိုစိုးသန်းရဲ့ ခြေထောက်နှစ်ဖက် စလုံးမှာ မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိခဲ့တဲ့         အပြင် ဘယ်ဘက်ဒူးခေါင်းမှာလည်း မိုင်းစ ဖောက်ဝင်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ က ဆိုကြပါတယ်။

          လက်လုပ်မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲ မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကိုစိုးသန်း ကို ဒေသခံတွေက သံဖြူဇရပ်မြို့နယ်ပြည်သူ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါ တယ်။

          ထို့အတူပါပဲ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်က လည်း သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာ အနီးမှာတည်ရှိတဲ့ နသည ှတေ သြည ရော်ဘာ အထပ်သားစက်ရုံအနီးမှာ ဝဥတူးဖော်ဖို့ အတွက် သွားရောက်ခဲ့တဲ့ ယောက်ျားလေး တစ်ဦး လက်လုပ်မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲ ခဲ့လို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

          “မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့သူက အေးကမ္ဘာ ကျေးရွာမှာနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် မောင်မျိုးမင်းထွန်းပါ။ သူ့ကိုလည်း ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က သံဖြူဇရပ် မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါ တယ်” လို့ ရဲတံခွန်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောပါတယ်။

          အလားတူ သြဂုတ် ၃၀ ရက်နေ့ညနေ ၅ နာရီခန့်ကလည်း သံဖြူဇရပ်မြို့နယ် ရဲတံ ခွန်ကျေးရွာမှာနေထိုင်တဲ့ အသက် ၃၂ နှစ် အရွယ် မငယ်ငယ်ထွေးဆိုသူမှာ သူ့ရဲ့ ခင်ပွန်း ဖြစ်သူနဲ့အတူ ရဲတံခွန်ကျေးရွာ ဘုန်းကြီး ကျောင်းအနီးမှာရှိတဲ့ ရော်ဘာခြံအတွင်းမှာ ဝဥတူးဖော်ဖို့ သွားရင်းနဲ့ လက်လုပ်မြေမြှုပ် မိုင်း နင်းမိပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာတွေ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

          “မြေမြှုပ်မိုင်းပေါက်ကွဲတဲ့အရှိန်နဲ့ မငယ် ငယ်ထွေးရဲ့ ညာဘက်ခြေနဲ့ လက်တွေမှာ ထိ ခိုက်ဒဏ်ရာတွေ ရသွားပါတယ်။ သူ့ကို ခင် ပွန်းဖြစ်သူက ထမ်းထုတ်လာပြီးတော့ ရွာနား ရောက်တော့မှ ဒေသခံလူမှုကူညီကယ်ဆယ် ရေးအဖွဲ့က သံဖြူဇရပ်မြို့နယ်ဆေးရုံကို လိုက်ပို့လိုက်ကြတယ်” လို့ ရဲတံခွန်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

          လက်လုပ်မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှု ကြောင့် မငယ်ငယ်ထွေးရဲ့ ညာဘက်လက် မောင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ညာဘက် ပေါင် ပေါက်ပြဲဒဏ်ရာ ငါးချက်၊ ညာဘက်ပါး မှာ ပွန်းပဲ့ဒဏ်ရာ တစ်ချက်ရရှိခဲ့တယ်လို့ ၎င်းင်း ဒေသခံက ဆိုပါတယ်။

          အဲဒီ သြဂုတ် ၃၀ ရက် ညပိုင်းမှာလည်း သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာအနီး မှာရှိတဲ့ နသည ှတေ သြည ရော်ဘာအထပ်သား စက်ရုံအနီးမှာ လက်လုပ်မြေမြှုပ်မိုင်းပေါက် ကွဲမှုကြောင့် ယောက်ျားလေးတစ်ဦး ထိခိုက် ဒဏ်ရာခဲ့ပြန်ပါတယ်။

          လက်လုပ်မြေမြှုပ်မိုင်း ပေါက်ကွဲမှု ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမှာ သံဖြူဇရပ် မြို့နယ် ပငကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် ကိုကျော်ထွဋ်ခေါင် (ခ) ကျော် ထွဋ်ဆိုသူဖြစ်ကြောင်းနဲ့ Eon Saw Mon ရော်ဘာအထပ်သားစက်ရုံအနီးမှာ မြက်ရှင်း နေစဉ် လက်လုပ်မြေမြှုပ်မိုင်း ပေါက်ကွဲမှု ကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့တာပါ။

          “လက်လုပ်မြေမြှုပ်မိုင်း ပေါက်ကွဲတဲ့အ ရှိန်နဲ့ ကိုကျော်ထွဋ်ခေါင်ရဲ့ နောက်ကျောပြင် မှာ ပေါက်ပြဲဒဏ်ရာ ငါးချက်နဲ့ ဘယ်ဘက် လက်ပြင်မှာ ပေါက်ပြဲဒဏ်ရာ တစ်ချက် ရရှိခဲ့ ပါတယ်။ မိုင်းပေါက်ကွဲတဲ့အချိန်မှာ ကိုကျော် ထွဋ်ခေါင်ရဲ့ အမေလည်းရှိနေတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာတွေတော့ မရခဲ့ဘူး” လို့ ဒေသ ခံတစ်ဦးရဲ့ ပြောကြားချက်တွေအရ သိရပါ တယ်။

          လက်လုပ်မြေမြှုပ်မိုင်း ပေါက်ကွဲမှု ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ကိုကျော် ထွဋ်ခေါင် (ခ) ကျော်ထွဋ်ကို ဒေသခံ လူမှု ကူညီကယ်ဆယ်ရေးအဖွဲ့က သံဖြူဇရပ် မြို့ နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါ တယ်။

          ထို့အတူပါပဲ စက်တင်ဘာ ၂ ရက် မွန်း လွဲပိုင်းအချိန်ကလည်း သံဖြူဇရပ်မြို့နယ် သံဖြူဇရပ်-အနန်းကွင်း-ဘုရားသုံးဆူ ကား လမ်းဘေး ရဲတံခွန်ကျေးရွာအနီးမှာရှိတဲ့ နသည ှတေ သြည အထပ်သားစက်ရုံအနီးက တော ထဲမှာ ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ပြန်ပါတယ်။

     မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိသူဟာ သံဖြူဇရပ်မြို့ နယ် စခန်းကြီးကျေးရွာအုပ်စု ကုန်းမြင့်သာကျေးရွာမှာနေထိုင်တဲ့ ကိုမြင့်ကြည်ဆိုသူ ဖြစ် ပါတယ်။ သူက Eon Saw Mon ထပ်သားစက်ရုံအနီးတောထဲမှာ ဝဥတူးဖော်ဖို့ သွားရင်းနဲ့ မြေမြှုပ်မိုင်းနင်းမိခဲ့တာဖြစ်တယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

၎င်းင်းကဆက်လက်ပြီး “မြေမြှုပ်မိုင်း နင်း မိတဲ့ ကိုမြင့်ကြည်ရဲ့ ဘယ်ဘက်လက်မောင်းနဲ့ လက်ဖျံမှာ မီးလောင်ပေါက်ပြဲဒဏ်ရာတွေ ရသွားတယ်။ အဲဒီအပြင် ဘယ်ဘက်ခြေသလုံး မှာလည်း မီးလောင်ပေါက်ပြဲဒဏ်ရာတွေ ရသွားတယ်။ နောက်ပြီး ညာဘက်မျက်ခုံးမှာ လည်း ပေါက်ပြဲဒဏ်ရာရသွားပါတယ်” လို့ ပြောပါတယ်။

          မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သူ ကိုမြင့်ကြည်ကို သံဖြူဇရပ်မြို့ခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ က သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံမှတစ်ဆင့်  မော်လမြိုင်မြို့ရှိတဲ့ ပြည်သူ့ဆေးရုံကြီးကို တင်ပို့ပေးခဲ့ရတယ်လို့ ၎င်းင်းဒေသခံက ဆိုပါ တယ်။

     ယခင်က သံဖြူဇရပ် - အနန်းကွင်း - ဘု ရားသုံးဆူ ကားလမ်းဘေး ရဲတံခွန်ကျေးရွာ အနီးဝန်းကျင်မှာ မည်သည့်အန္တရာယ်မှ မရှိ ခဲ့သော်လည်း ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့နယ် အနန်းကွင်းကျေးရွာမှာ တိုက်ပွဲ များဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ရဲတံခွန်ကျေး ရွာနဲ့ Eon Saw Mon

ရော်ဘာအထပ်သားစက် ရုံအနီးဝန်းကျင်မှာ ဒေသခံများအနေနဲ့ မြေ မြှုပ်မိုင်းတွေ မကြာခဏ နင်းမိပေါက်ကွဲမှု ဖြစ်ပွားကာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြရတဲ့ အတွက် ဒေသခံတွေအနေနဲ့ စိုးရိမ်ကြောက် လန့်မှုတွေ ခံစားနေကြရတယ်လို့ ယင်းဒေသ ခံတစ်ဦးက ပြောပါတယ်။

          “မြေမြှုပ်မိုင်း နင်းမိကြတဲ့သူတွေက ထင်းခုတ်ရောင်းစားကြရတဲ့သူတွေ၊ ဝဥတူး ဖော်ပြီးမှ ရောင်းစားကြရသူတွေ၊ ခြံရှင်းကြတဲ့ သူတွေ ထိကြတာများတယ်။ အခြေခံလူတန်း စားတွေဆိုတော့ ထမင်းစားရဖို့အရေးကို အသက်နဲ့ရင်းပြီး လုပ်နေကြရသလိုဖြစ်နေကြ တယ်” လို့ ၎င်းင်းဒေသခံက ဆက်လက်ပြော ကြားပါတယ်။

          ယခုနှစ် ပထမခြောက်လတာကာလ အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ မြေမြှုပ် မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့ကြသူပေါင်း ၇၀၀ နီးပါးရှိခဲ့ကြောင်း ကုလသမဂ္ဂ နိုင်ငံ တကာကလေးများ အရေးပေါ် ရန်ပုံငွေအဖွဲ့ (unicef myanmar) က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ သိရပါတယ်။

          လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက် နေကြတဲ့ အခြေအနေတွေကြောင့်လည်း မြေ မြှုပ်မိုင်းဒဏ်ကြောင့် သေဆုံးရမယ့်သူတွေ၊ ထိခိုက်ဒဏ်ရာရရှိမယ့်သူတွေ ပိုတိုးလာနိုင် တယ်လို့ ယူဆနေကြပါတယ်။

          ပြည်တွင်းမှာရှိနေကြတဲ့ ပြည်သူတွေအ နေနဲ့ကလည်း မိမိတို့ရဲ့ နေ့စဉ် စားဝတ်နေ ရေးအတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့အ တွက် မြေမြှုပ်မိုင်းအန္တရာယ်တွေနဲ့ တွေ့ကြုံရ နိုင်ခြေကလည်း များနေပါတယ်။

          ထိုအခြေအနေတွေကြောင့်လည်း သာ မန်လက်လုပ်လက်စား ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ နေ့စဉ် ရုန်းကန်လှုပ်ရှားမှုတွေမှာ ဘေးအန္တရာယ် ကင်းရှင်းကြပါစေလို့သာ ဆန္ဒပြုလိုက်ရပါတယ်။

Most Read

Most Recent