တောင်ကိုရီးယား ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ SK Hynix(အက်စ်ကေဟိုုင်းနက်) က တစ်ကမ္ဘာလုံး AI ခေတ်ထမှုကို အခွင့်ကောင်းယူလျက် ဇူလိုင် ၁၀ ရက်တွင် ဝေါစထရိစတော့ရှယ်ယာစျေးကွက် ၌ ၎င်းရှယ်ယာ များကို စတင်ရောင်းချခဲ့ရာ ဟိုင်းနက်၏ရှယ်ယာရောင်းချမှုက ကမ္ဘာ့အကြီးဆုံး ရှယ်ယာ ရောင်းချမှုတစ်ခုဖြစ်လာသည်။
ယခုဆောင်းပါတွင် တောင်ကိုရီးယား ကုမ္ပဏီဟိုင်းနက် ချုံကြားမှ ဘုံဖျားသို့ရောက် လာပုံကို ဖော်ပြထားသည်။ ဘဏ္ဍာရေးအ ခက်အခဲကြုံရသော ကုမ္ပဏီအဖြစ်မှသည် အမေရိကန်ဒေါ်လာတစ်ထရီလျံကုမ္ပဏီ ဖြစ်လာပုံကို AFP သတင်းဌာနကဖော်ပြထား သည့်အတိုင်း တင်ဆက်ပေးလိုက်ပါသည်။
- ၁၉၄၀-၁၉၉၀ ပြည့်နှစ်ကာလများ ဆောက်လုပ်ရေးလုပ်ငန်းမှသည် ဒုက္ခရောက် ခဲ့ခြင်း
ကုမ္ပဏီကို ဂတ်ဒိုဆောက်လုပ်ရေးလုပ် ငန်းအမည်ဖြစ် ၁၉၄၉ ခုနှစ်တွင် တည်ထောင် ခဲ့သည်ဆိုသော်လည်း ၁၉၈၃ ခုနှစ်တွင် မိုက် ခရိုချစ်ပ်များ၊ ဖုန်းများ၊ disk drive များကို ဟွန်ဒိုင်းအီလက်ထရွန်နစ်အဖြစ်စတင် ထုတ် လုပ်ခဲ့သည်။ ဟွန်ဒိုင်းအီလက်ထရွန်နစ်သည် ဟွန်ဒိုင်းကားထုတ်လုပ်ရေးကုမ္ပဏီ၏ကုမ္ပဏီ ခွဲဖြစ်သည်။
၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းတွင် အာရှ ဘဏ္ဍာရေး အကျပ်အတည်းဖြစ်ပွားသည့်အခါ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အ ဖွဲ့က အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် နိုင်ငံများ ဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ တောင်ကိုရီး ယားတို့၏စီးပွားရေးပြုပြင်ပြောင်းလဲမှုကိုပံ့ပိုးရန် ဒေါ်လာဘီလျံချီသုံးစွဲခဲ့သည်။
ယင်း၏အစိတ်အပိုင်းအဖြစ် ဟွန်ဒိုင်း က နောက်ထပ် ကုမ္ပဏီစုကြီးဖြစ်သည့် LG Group ၏ချစ်ပ်လုပ်ငန်းများကို ထိန်းချုပ်ခဲ့ ပြီး ထိုအချိန်တုန်းက ကမ္ဘာ့အကြီးဆုံး တစ် ပိုင်းလျှပ်ကူးကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ သည်။
သို့သော်လည်း ပျော်ရွှင်စရာကောင်း သော ပေါင်းဖက်မှုမဟုတ်ခဲ့ပါ။ အရှုံးများနှင့် အကြွေး များသည် လျင်မြန်စွာ ကြီးထွားလာ ခဲ့သည်။
၂၀၀၁ ခုနှစ်အမည်သစ်
ကုမ္ပဏီဆက်လက် ရပ်တည်နိုင်ရေး အတွက် ထိခိုက်နာကျင်စရာကောင်းသည့် ပြန်လည်ဖွဲ့စည်းမှုများကို လုပ်ဆောင်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ကုမ္ပဏီကို ဟိုင်းနက်ဆီမီး ကွန်ဒတ်တာ Hynix semi conductor ဟု အမည်ပြောင်းလိုက်သည်။ ချစ်ပ်များ အားအာရုံပြန်စိုက်မည်ဆိုခြင်းကို ထင်ဟပ် စေရန် ယင်းသို့အမည်ပြောင်းလိုက်ခြင်း ဖြစ် သည်။
အမည်ပြောင်းချိန်တုန်းက ကုမ္ပဏီက Hynix(ဟိုင်းနက်)သည် high နှင့် electronic တို့ကို ပေါင်းစပ်ထား ခြင်းဖြစ်သည် ဟု ပြောကြားခဲ့သည်။
အမည်ပြန်ပြောင်းထားသော ကုမ္ပဏီ သည် ၂၀၀၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဟွန်ဒိုင်း မှ ခွဲထွက်ခဲ့သည်။ ကုန်ကျစရိတ်များကို နောက်ထပ် ဖြတ်တောက်လျှော့ချခြင်းနှင့် ဝန်ထမ်းလျှော့ချခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး နောက် ကုမ္ပဏီသည် နောက်ဆုံးတွင် အမြတ် အစွန်း စတင်ရရှိလာခဲ့သည်။
သို့သော်လည်း ကုမ္ပဏီက အထူးပြု ထုတ်လုပ်နေသည့် DRAM အမည်ရ မမ် မိုရီချစ်ပ်အတွက် ကောင်းလိုက် ပျက်လိုက် လုပ်ငန်းအနေအထားကြောင့် အမြတ်အစွန်း စတင်ရရှိမှုကလည်း က ုမ ္ပဏ ီတဲတဲသာကျန် တော့သည်ကိုသက်သေပြနေသည်။
■ ၂၀၁၂ ခုနှစ်SK အုပ်စု၏ဝယ်ယူမှု
ကုမ္ပဏီဆက်လက်ရှင်သန်ရန် လိုအပ် သော ရင်းနှီးမြှုပ်နှံမှုများလုပ်ရန် ငွေမလုံ လောက်သောကြောင့် ဟိုင်းနက်သည် ကယ် ဆယ်ရေးလိုအပ်လာသည်။ သည်လိုနှင့် ဆက်သွယ်ရေးလုပ်ငန်းစုကြီးSK Hynix က ၂၀၁၂ ခုနှစ်တွင် ဟိုင်းနက်ကို ဝယ်ယူခဲ့တော့ သည်။
ကုမ္ပဏီအမည်ကိုလည်း SK Hynix ဟု ထပ်မံ ပြောင်းလဲခဲ့သည်။ ကုမ္ပဏီ၏အင် ဂျင်နီယာဟောင်းဖြစ်သည့် အမှုဆောင်ချုပ် က ထိုအချိန်တုန်းက အမြတ်အစွန်းမရနိုင် သော high bandwith မမ်မိုရီချစ်ပ် HBM ဆိုသည့် ပိုမိုအဆင့်မြင့်သော ချစ်ပ်အ မျိုးအစားကို ထုတ်လုပ်ရန် အရင်းအမြစ်များ အသုံးပြုခဲ့သည်။
ယနေ့အချိန်တွင်မူ HBM သည် အခြား ဒေတာရှာသော ဆီမီးကွန်ဒတ်တာများနှင့် အတူ AI ဆာဗာများတွင် အသုံးပြုသော ချစ်ပ်ဖြစ်နေသောကြောင့် တစ်ကမ္ဘာလုံးအ တိုင်းအတာဖြင့် ဝယ်လိုအားကြီးမားလွန်းနေ သော ချစ်ပ်ဖြစ်နေသည်။
၂၀၂၀ ပြည့်နှစ်ကာလများ AI ခေတ်ထမှု
အစိုးရများကလည်းကောင်း၊ နည်းပညာ ကုမ္ပဏီကြီးများကလည်းကောင်း chatbots များနှင့် အခြားသော ai tools များကို ပါ၀ါ ပေးသော ဒေတာစင်တာများ တည်ဆောက် ရာတွင် ဒေါ်လာဘီလျံချီအသုံးပြုနေသော ကြောင့် SK Hynix သည် ကုမ္ပဏီတန်ဖိုး မြင့်တက်လာရုံသာမက အမြတ်အစွန်းများ လည်းတိုးလာခဲ့သည်။
ဟိုင်းနက်၏စျေးကွက်ရင်းနှီးမြှုပ်နှံမှု မတည်ငွေသည် မကြာသေမီးက အမေရိကန် ဒေါ်လာတစ်ထရီလျံကို ကျော်လွန်သွားခဲ့ သည်။ ဟိုင်းနက်၏ပြိုင်ဘက်များဖြစ်သော ဆမ်ဆောင်းနှင့် မိုက်ခရွန်တို့သည်လည်း စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာတစ် ထရီလျံရှိလာသည်ဆိုသည့် သမိုင်းမှတ်တိုင် ရှိထားကြသည်။
ကုမ္ပဏီ၏ကြွယ်ဝမှုအသစ်တို့က ဟိုင်း နက်ကုမ္ပဏီ၏ဂုဏ်သတင်းကို ပြည်တွင်းနှင့် ပြည်ပတို့တွင်လည်း အရောင်တင်ပေးနေပါ သည်။
SK Hynix ဂျက်ကတ်ပုံသည် အွန်လိုင်း တွင် ပြန့်သွားခဲ့ရာ ယင်းပုံသည် ကြွယ်ဝမှုနှင့် အောင်မြင်မှုတို့၏သင်္ကေတဖြစ်လာခဲ့ပြီး ပုံ နှင့်တွဲလျက် ရေးထားသောပို့စ်တွင် အဆိုပါ ဂျက်ကတ်သည် အကောင်းစား ဖက်ရှင် ပစ္စည်းများ သို့မဟုတ် ပိုကောင်းသည့် အိမ် ထောင်ဖက်ရမည့်အလားအလာတို့အတွက် ရွှေလက်မှတ်ဖြစ်သည်ဟု ဖော်ပြထားသည်။
ကုမ္ပဏီ ဝန်ထမ်း ၄၆,၉ဝဝနီးပါးရှိသည် ဟု ဆိုသည်။ ထိုဝန်ထမ်းများထဲက သုံးပုံတစ် ပုံသည် အမျိုးသမီးများဖြစ်သည်ဟု ဟိုင်းနက် က ပြောသည်။
၂၀၂၆ ခုနှစ် အမေရိကန်စတော့စျေးကွက်သို့
SK Hynix သည် ဆိုးလ်၏ kospi ညွှန်း ကိန်းတွင် ရှယ်ယာများ ရောင်းဝယ်နေသည်။ ဇူလိုင် ၁၀ ရက်တွင် နယူးယောက်၏ Nasdaq ညွှန်းကိန်းတွင် ရှယ်ယာများ စတင်ရောင်းချ ခဲ့ရာ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၅ ဘီလျံ ရရှိခဲ့သည်။ AI ခေတ်ထမှုကို အခွင့်ကောင်း ယူလျက် ဟိုင်းနက်က နယူးယောက်စတော့ စျေးကွက်တွင် ရှယ်ယာများ ရောင်းချခြင်း ဖြစ်သည်။ ကမ္ဘာ့အများဆုံး အစုရှယ်ယာ ရောင်းချရမှု စာရင်းတွင် ပါဝင်လာခဲ့သည်။
Nividia ကုမ္ပဏီကြီးအတွက် အဆင့်မြင့် မမ်မိုရီချစ်ပ်များကို ထုတ်လုပ်ပေးနေသော ဟိုင်းနက်သည် ဆိုခဲ့သလို ကမ္ဘာတစ်ဝန်း ဒေ တာစင်တာများတည်ဆောက်မှုကြောင့် အ မြတ်အစွန်းများစွာ ရရှိလာသည်။
ပြဿနာများပေါ်လာနိုင်လောက် အောင်လှုပ်လှုပ်ရှားရှားဖြစ်နေသည့် တန်း ဖိုးဖြတ်မှုများဖြစ်လာမည်ကို စိုးရိမ်သဖြင့် နည်းပညာစတော့များသည် လွန်ခဲ့သော သီ တင်းပတ်များတွင် ရှယ်ယာစျေးကျဆင်းခဲ့ သည်။ ဟိုင်းနက်သည် ယခုနှစ်ထဲတွင် ဆိုးလ် စတော့စျေးကွက်$ ရှယ်ယာစျေး ၂၂၀ ရာခိုင် နှုန်းမြင့်တက်ခဲ့သည်။ တစ်ကမ္ဘာလုံးများပြား လှသည့် AI အသုံးစရိတ်များက မည်သည့် အချိန်တွင် အကျိုးအမြတ်ပြန်ပေါ်လာစေ မလဲဆိုသည်နှင့်ပတ်သက်၍မေးခွန်းများ ထွက်ပေါ်နေသည်။
သို့သော်လည်း နည်းပညာစတော့များ ရောင်းဝယ်ဖောက်ကားနေသည့် nasdaq စာရင်းသည် ကြီးကြီးမားမား စိတ်ဝင်စားမှုရှိ နေကြောင်းကို ဖော်ပြနေပြီး ရောင်းချရန် သတ်မှတ်ထားသည့် ရှယ်ယာအရေအတွက် ထက် ခုနစ်ဆကျော်ပိုရောင်းခဲ့ရသည်ဟု အမေရိကန်မီဒီယာ၏ဖော်ပြချက်အရ သိရ သည်။
လွန်ခဲ့သောလက အီလွန်မက်စ်၏ space X က ရှယ်ယာစတင်ထုတ်ရောင်းရာ တွင် စံချိန်တင် ဒေါ်လာ ၇၅ ဘီလျံရရှိခဲ့သည် ဆိုသော်လည်း ဟိုင်းနက်က ရှယ်ယာစတင် ထုတ်ရောင်းရာတွင် ဒေါ်လာ ၂၆ ဒသမ ၅ ဘီလျံရရှိသဖြင့် ဆော်ဒီ၏အာရမ်ကို ၂၅ ဒသမ ၇ ဘီလျံ၊ တရုတ်၏အလီဘာဘာ ၂၁ ဒသမ ၈ ဘီလျံတို့ထက် ပိုများခဲ့သဖြင့် အခြေ အနေပိုကောင်းခဲ့သည်။
Ref – afp
Photo – afp











