အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့မကြာမီကျင်းပမည့် အစည်းအဝေးတွင် မြန်မာလက်နက် ကိုင်ပဋိပက္ခနှင့် ၅ နှစ်ကြာ အဖုအထစ် ဖြစ် နေခဲ့ပြီးနောက် အာဆီယံအဖွဲ့ကြီးနှင့် ပြန် လည်ထိတွေ့ဆက်ဆံမည့် အခြေအနေများကို ဆွေးနွေးသွားမည်ဟု ဖိလစ်ပိုင်က ဇူလိုင် ၁၀ ရက်တွင် ပြောကြားသည်။
အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သော အာဆီယံ ၏ လက်ရှိအလှည့်ကျဥက္ကဋ္ဌအဖြစ် ဖိလစ် ပိုင်သည်ဇူလိုင် ၁၂ ရက်တွင် ဘန်ကောက်မြို့၌ ကျင်းပမည့် အစည်းအဝေးကို ဦးဆောင်မည်ဖြစ်သည်။
ယခုအစည်းအဝေးသည် ၂၀၂၁ ခုနှစ် တွင် တပ်မတော်ကနိုင်ငံတော်အာဏာကိုလွှဲ ပြောင်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံကို အာဆီ ယံ ထိပ်သီးအစည်းအဝေးများသို့ တက် ရောက်ခွင့် ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင်တက်ရောက် မည့် ပထမဆုံးအစည်းအဝေးဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ် ခြောက်ခုအနက် ဆယ်စုနှစ်ငါးခုခန့် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ သည့် တပ်မတော်၏ အာဏာသိမ်းမှုကြောင့် နိုင်ငံအတွင်း ကမောက်ကမဖြစ်ရပ်များ ပေါ် ပေါက်ခဲ့သည်။ ဆန္ဒပြမှုများကို နှိမ်နင်းရာ မှတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခသို့တည်သွားခဲ့ရာ ခန့်မှန်းခြေ လူ၁၀၀၀၀၀ ခန့် သေ ဆုံးပြီး သန်းနှင့်ချီသော ပြည်သူများ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရသည်။မြန်မာစစ်တပ် သည်ကျယ်ကျယ်ပြန့်ပြန့် ရက်စက်ကြမ်း ကြုတ်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရ သည်။
မြန်မာတပ်မတော်ဘက်ကမူ ထိုစွပ်စွဲ ချက်များကို ငြင်းဆန်ထားသည်။ မြန်မာနိုင်ငံ သည် ယခု နှစ်အစောပိုင်းတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီး၌ အရပ်သားအစိုးရဖြင့် အုပ်ချုပ်နေပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဟောင်းနှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က သမ္မတအဖြစ် တာ ဝန်ယူထားသည်။
မြန်မာနိုင်ငံသည် အာဆီယံ၏ ခွဲထုတ် ၍မရသော အစိတ်အပိုင်းတစ်ခုအဖြစ်နေ ဆဲဖြစ်ပြီး ဇူလိုင် ၁၂ ရက်တွင်ကျင်းပမည့် အ စည်းအဝေးသည် တရားဝင်မဟုတ်သော အ စည်းအဝေး (Informal Meeting) ဖြစ်ကာ မြန်မာနိုင်ငံခြားရေးဝန်ကြီးသည် မိမိနိုင်ငံ တွင်း အခြေအနေများကိုအခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများအား ရှင်းလင်းပြော ကြား ခွင့်ရရှိမည်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး ဌာနက အလေးအနက်ပြောကြားခဲ့သည်။
“ဝန်ကြီးတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ အာဆီယံတို့ရဲ့ ထိတွေ့ဆက်ဆံမှုတွေအပြင် အကြမ်းဖက်မှုရပ်တန့်ရေး၊ သက်ဆိုင်သူ ချင်း အပြုသဘောဆောင်တဲ့ဆွေးနွေးပွဲတွေဖြစ် မြောက်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အ ကူအညီပေးရေးစတဲ့ စိုးရိမ်ပူပန်မှုတွေကို မြန်မာက ဖြေရှင်းဆောင် ရွက်နိုင်မယ့် လက် တွေ့ကျတဲ့အဆင့်တွေကို အမြင်ချင်းဖလှယ် ဆွေးနွေးကြလိမ့် မယ်လို့ မျှော်လင့်ရပါတယ်” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထား သည်။
သမ္မတဦးမင်းအောင်လှိုင်သည် အာဆီ ယံနှင့်ဖြစ်ပေါ်နေသော အကျပ်အတည်းများ ကို အဆုံးသတ်ရန် ကြိုးပမ်းနေပြီး လွန်ခဲ့ သောသီတင်းပတ်က အာဆီယံအဖွဲ့ဝ င်နိုင် ငံတစ်နိုင်ငံသို့ ပထမဆုံးအကြိမ်နိုင်ငံတော် အဆင့်ခရီးစဉ် သွားခဲ့သည်။
မြန်မာနိုင်ငံကို အာဆီယံအစည်းအဝေး များမှ ဖယ်ကြဉ်ထားရခြင်း၏ အဓိကအ ကြောင်းရင်းမှာ အာဆီယံဘုံ သဘောတူညီ ချက်ငါးရပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့်ဖြစ်သည်။
Ref; Reuters















