■လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး တို့အား လွန်ပရာဘန်ပြည်နယ်အတွင်းရေးမှူး လာရောက်ဂါရဝပြု တွေ့ဆုံ

■လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး တို့အား လွန်ပရာဘန်ပြည်နယ်အတွင်းရေးမှူး လာရောက်ဂါရဝပြု တွေ့ဆုံ
Published 5 July 2026

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့အား လွန်ပရာဘန်ပြည်နယ်အတွင်းရေးမှူး H.E. Mr. Bounleuam MANIVONG က လာရောက်ဂါရဝပြု တွေ့ဆုံသည်။

လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ ဗီယင်ကျန်းမြို့မှ ယနေ့(ဇူလိုင် ၅ ရက်) နံနက်ပိုင်းတွင် လွန်ပရာဘန်မြို့သို့ လာရောက်ခြင်း ဖြစ်သည်။

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့အား လွန်ပရာဘန်ပြည်နယ်အတွင်းရေးမှူး H.E. Mr. Bounleuam MANIVONG နှင့် ဇနီးတို့က လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှနှင့်အတူ ခရီးစဉ်တွင် လိုက်လာပါသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြပြီး လွန်ပရာဘန်ပြည်နယ်အတွင်းရေးမှူး H.E. Mr. Bounleuam MANIVONG နှင့် ဇနီးတို့နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent