မန္တလေးမြို့တွင် ထောင်မှပြန်လွတ်လာသူ အမျိုးသားတစ်ဦးမှ အော်ဟစ်ဆဲဆို သေနတ်ပစ်ဖောက်ကာ ကားမှန်ရိုက်ခွဲဖျက်ဆီးမှုဖြစ်ပွား

မန္တလေးမြို့တွင် ထောင်မှပြန်လွတ်လာသူ အမျိုးသားတစ်ဦးမှ အော်ဟစ်ဆဲဆို သေနတ်ပစ်ဖောက်ကာ ကားမှန်ရိုက်ခွဲဖျက်ဆီးမှုဖြစ်ပွား
Published 5 July 2026

မန္တလေးမြို့တွင် ထောင်မှပြန်လွတ်လာသူ အမျိုးသားတစ်ဦးမှ အော်ဟစ်ဆဲဆိုသေနတ်ပစ်ဖောက်ကာ ကားမှန်ရိုက်ခွဲဖျက်ဆီးမှု ဇူလိုင်လ ၃ ရက် ညပိုင်းကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၁၁လမ်းနှင့်၁၂ လမ်းကြား၊ ၈၆လမ်းနှင့် ၈၇ လမ်းကြားတွင် အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး အိမ်တစ်အိမ်ရှေ့တွင် အော်ဟစ်ဆဲဆိုမှုများ​ပြုလုပ်ခဲ့ပြီး  သေနတ်ဖြင့် သုံးလေးချက်ခန့် ပစ်ဖောက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် အိမ်ရှေ့တွင်ရပ်ထားသည့် Hijet အဖြူရောင်ယာဉ်နှင့် Suzuki Carry ယာဉ်တို့၏ ရှေ့မှန်များကို လည်း ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း  သိရသည်။

အဆိုပါအမျိုးသားသည် ယင်းနေ့ည ၉နာရီခန့်ကလည်း ပြည်ကြီးတံခွန်မြို့နယ်တွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး နေအိမ်ရှေ့တွင်လည်း သေနတ်ပစ်ဖောက်ကာ ဆဲဆိုခဲ့မှုကို ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများ အရ သိရသည်။

ထိုကဲ့သို့ ဆဲဆိုကာသေနတ်ဖြင့် ပစ်ဖောက်ခဲ့သူအမျိုးသားသည် မူးယစ်ဆေးဝါးနှင့်လက်နက်မှုတို့ဖြင့် ထောင်ဒဏ်၄၂နှစ်ကျခံနေရာမှ လွတ်ငြိမ်းချမ်းသာဖြင့် မကြာသေးခင်က ပြန်လည်လွတ်မြောက်လာ သူဖြစ်သည်ဟု စုံစမ်းသိရပြီး ၎င်းကိုပြင်ဦးလွင်မြို့၌ ဇူလိုင် ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့သဖြင့်  အောင်မြေသာစံမြို့နယ် အမှတ်(၄)ရဲစခန်းတွင် ပုဒ်မ ၃၀၇/၂၉၄/၅၀၆/၄၄၀ တို့ဖြင့်လည်းကောင်း၊ အမှုဖွင့်အရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း ထပ်မံသိရသည်။

Most Read

Most Recent