ဆယ်စုနှစ်များစွာအတွင်း အင်အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း မကျရောက်မီ တရုတ်(တိုင်ပေ)တွင် လူပေါင်းရာနှင့်ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ဆယ်စုနှစ်များစွာအတွင်း အင်အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း မကျရောက်မီ တရုတ်(တိုင်ပေ)တွင် လူပေါင်းရာနှင့်ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း
Published 10 July 2026

ဇူလိုင် ၁၀ ရက်တွင် ဆယ်စုနှစ်များစွာအတွင်း အင်အားအကောင်းဆုံး တိုင်ဖုန်းမုန်တိုင်းသည် တရုတ်(တိုင်ပေ)သို့ဦးတည်ရွေ့လျားနေသောကြောင့် လူပေါင်းရာနှင့်ချီ၍ ၎င်းတို့၏ နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြပြီးကျောင်းများနှင့် ရုံးပိတ်ရက် အများအပြားကိုလည်း ပိတ်ထားခဲ့ရသည်ဟု သိရသည်။

တိုင်ဖုန်းမုန်တိုင်း ဘာဗီ သည် ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် တရုတ်(တိုင်ပေ)မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့ကိုလည်းကောင်း၊ ဂျပန်နိုင်ငံ၏ အလှမ်းဝေးသော အနောက်တောင်ဘက် ကျွန်းစုများကိုလည်းကောင်း အပြင်းအထန် တိုက်ခိုက်မည်ဟု မျှော်လင့်ရပြီး ထိုမှတစ်ဆင့် ယခုသီတင်းပတ်အတွင်း လူသေဆုံးမှုများရှိခဲ့သည့် မုန်တိုင်းဒဏ်သင့် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက် တိုက်ခိုက်မည် ဖြစ်သည်။

မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံရနိုင်ခြေရှိသည့် နယ်မြေများထဲမှ တစ်ခုဖြစ်သော ဆိပ်ကမ်းမြို့ ကီးလန်းရှိ ဒေသခံများသည် အာဏာပိုင်များ၏ ကြိုတင်သတိပြုရန် သတိပေးချက်များကို လိုက်နာလျက် စားနပ်ရိက္ခာများ စုဆောင်းခြင်း၊ ပြတင်းပေါက်များကို တိပ်များဖြင့် ကပ်ခြင်းနှင့် လမ်းဘေးရှိ ဆိုင်ခန်းဝင်ပေါက်များတွင် သဲအိတ်များဆင့်၍ ကာရံခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

"ကျွန်တော်တို့ စိုးရိမ်မိပါတယ်" ဟု တိုင်ပေမြို့အနီး ကမ်းရိုးတန်းခရိုင် ဘာလီ ရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်သူ ဆင်မြူရယ် ဖူက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ဆိုင်ဖွင့်ကတည်းက ဒီလောက်ကြီးတဲ့ တိုင်ဖုန်းမုန်တိုင်းမျိုး ကြုံဖူးတာ ဒါပထမဆုံးအကြိမ်ပဲ။ဆိုင်ရှေ့က ဆိုင်းဘုတ်နဲ့ မိုးကာတွေ လွင့်ပါသွားနိုင်တယ်။ အကယ်၍ လေတွေ ပိုပြင်းလာရင်တော့ ပစ္စည်းအားလုံးကို ဆိုင်ထဲ သွင်းရမှာပါ" ဟု အသက် ၂၀ အရွယ်ရှိ ဖူက ဆိုသည်။

တိုင်ဖုန်းမုန်တိုင်း ဘာဗီသည် ဇူလိုင် ၆ ရက်က ဂူအမ်ကျွန်း နှင့် မြောက်ပိုင်းမာရီယာနာကျွန်းစုတို့ကို စူပါတိုင်ဖုန်းမုန်တိုင်းအဆင့်ဖြင့် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းရွေ့လျားစဉ် တိုင်ဖုန်းမုန်တိုင်းအဆင့်သို့ လျော့ကျသွားခဲ့သည်။

ဇူလိုင် ၁၀ ရက်တွင် မုန်တိုင်းဘာဗီ၏ အမြင့်ဆုံး တိုက်ခတ်နိုင်သော လေပြင်းနှုန်းမှာ တစ်နာရီလျှင် ၁၆၂ ကီလိုမီတာ (မိုင် ၁၀၀) ရှိပြီးလေတိုက်ခတ်မှု မှာ တစ်နာရီလျှင် ၁၉၈ ကီလိုမီတာခန့်ရှိကာ ဇူလိုင် ၉ ရက်နေ့ကထက် လေတိုက်နှုန်း လျော့နည်းသွားကြောင်း ဗဟိုမိုးလေဝသဌာန (CWA) က ပြောကြားခဲ့သည်။

"ပတ်ဝန်းကျင်အခြေအနေတွေက မဆိုးဝါးတဲ့အတွက် မုန်တိုင်းဟာ ဆက်လက်အားလျော့သွားဖို့ ရှိပါတယ်" ဟု CWA မှ မိုးလေဝသခန့်မှန်းသူ ဝမ်ပင်ရှန်က ပြောကြားခဲ့သည်။

"အကြီးမားဆုံး သက်ရောက်မှုကို တိုင်ပေ၊ တိုင်ပေမြို့သစ်၊ ကီးလန်းနဲ့ အီလန် တို့မှာ ကြုံတွေ့ရနိုင်ပြီး တရုတ်(တိုင်ပေ)အလယ်ပိုင်းနဲ့ မြောက်ပိုင်းက တောင်တန်းဒေသတွေမှာတော့ မိုးအများဆုံး ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းရပါတယ်"ဟု ဆိုသည်။

မုန်တိုင်းဘာဗီ၏ လေပြင်းတိုက်ခတ်နိုင်သော အဝန်းအဝိုင်း ၃၈၀ ကီလိုမီတာ (၂၄၀ မိုင်) ရှိခြင်းကြောင့် ယင်းသည် နှစ်ပေါင်း ၃၀ ကျော်အတွင်း တရုတ်(တိုင်ပေ)သို့ ဝင်ရောက်တိုက်ခတ်သည့် အကြီးမားဆုံး တိုင်ဖုန်းမုန်တိုင်း ဖြစ်လာမည် ဖြစ်သည်။

Ref:AFP

Most Read

Most Recent