မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်လမ်း၃ဝတွင် ရဲအရာရှိတစ်ဦး၏ စက်ဘီးအခိုးခံရမှုဖြစ်ပွား

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်လမ်း၃ဝတွင် ရဲအရာရှိတစ်ဦး၏ စက်ဘီးအခိုးခံရမှုဖြစ်ပွား
Published 10 July 2026

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်လမ်း၃ဝတွင် ရဲအရာရှိတစ်ဦး၏ စက်ဘီးအခိုးခံရမှု ဇူလိုင်လ ၈ရက်နံနက် ရနာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀၊ ၆၄လမ်းနှင့်၆၅လမ်းကြားရှိ နေအိမ်တစ်ခုရှေ့တွင်ရပ်ထားသည့် M Size specialized  rockhopper အမျိုးအစား ကျပ်လေးဆယ်ခန့် တန်ဖိုးရှိ စက်ဘီး ခိုးခံရခြင်းဖြစ်သည်။

အဆိုပါဘီးဖြင့် အားကစားလုပ်စီးနင်းပြီး​​ပြန်လာကာ အိမ်အပေါ်တက်၍ ထမင်းချိုင့်ယူနေစဉ် ၁၅မိနစ်အတွင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

" ကျန်းမာရေးအရ အလုပ်ကိုလည်းစက်ဘီးနဲ့ပဲသွားတာမို့ အိမ်ပေါ်တက် ထမင်းချိုင့်ထည့်နေတုန်း ခဏလေးတွင်း ပါသွားတာ။ ပြီးခဲ့တဲ့ နှစ်လပိုင်းတုန်းကလည်း စက်ဘီးစီးနေတုန်း အိတ်ကပ်ထဲထည့်ထားတဲ့ ဖုန်းလုပြေးခံရတယ်။ ကိုယ်ကစက်ဘီးနဲ့ဆိုတော့ ပြေးလိုက်လို့လည်း မမှီ။ တော်တော်တော့ အခြေနေဆိုးဆိုးပဲ" ဟု စက်ဘီးအခိုးခံရသူ အဆိုပါ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ခိုးခံရသည့် စက်ဘီးမှာ 1/12 deore ဂီယာ၊ ဟော်လိုဖရိန်း၊ mt 500 ဘရိတ်၊ အဲယားဖောက်အိုးစည်ဟတ်၊ ရှေ့ဘု့စ်နောက်ကွိ M Size specialized  rockhopper အမျိုးအစားဖြစ်ကာ ကာလတန်ဖိုး ငွေကျပ်သိန်းလေးဆယ်ခန့် တန်ဖိုးရှိကြောင်း သိရသည်။

Most Read

Most Recent