အက်စတွန်ဗီလာအသင်းဟာ ချယ်လ်ဆီးအသင်းက အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချိုကို အငှားနဲ့ခေါ်ယူပြီးမှ အပြီးသတ်စာချုပ်ဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။
ဂါနာချို(၂၂ နှစ်)ဟာ ၂၀၂၅ နွေရာသီမှာ မန်ယူကနေ ချယ်လ်ဆီးကို ပေါင်သန်း(၄၀)နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ(၄၃)ပွဲကစားပြီး (၈)ဂိုး သွင်းယူခဲ့ပါတယ်။
ဂါနာချိုဟာ ချယ်လ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်ရရှိဖို့ အာမခံချက်မရှိရင် အသင်းပြောင်းရွှေ့မယ်လို့ ပြောကြားခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့နည်းပြသစ် အလွန်ဆိုကလည်း ဂါနာချိုကို အသင်းသစ်ရှာဖွေဖို့ ခွင့်ပြုထားကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက ဂါနာချိုကို ပေါင်(၄၂.၅)သန်းနဲ့ အပြီးသတ်ရောင်းချဖို့ ရည်ရွယ်ထားပြီး ပရီးမီးယားလိဂ်က အသင်းတွေသာမက တခြားဥရောပလိဂ်တွေက အသင်းတွေရော၊ ဆော်ဒီလိဂ်က အသင်းတွေပါ ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းကတော့ ကနဦးမှာ အငှားနဲ့ ခေါ်ယူပြီး လာမယ့်ရာသီမှာမှ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ တရားဝင်ကမ်းလှမ်းလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းက ချယ်လ်ဆီးအသင်းရဲ့ ဆီနီဂေါတိုက်စစ်ကစားသမား နီကိုလက်စ်ဂျက်ဆင်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ဂါနာချိုကို အငှားနဲ့ခေါ်ယူပြီးမှ အပြီးသတ်စာချုပ်ဖို့ အက်စတွန်ဗီလာအသင်း ကမ်းလှမ်းထား
Most Read
Most Recent
1 hour ago















