ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းဟာ နယ်သာလန်လက်ရွေးစင်ကစားသမားဟောင်း ဗန်ဘွန်မဲလ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်က ထွက်ခဲ့ရပြီးနောက် ပြင်သစ်နည်းပြ ရူဒီဂါစီယာ ရာထူးက နုတ်ထွက်သွားတဲ့အတွက် ဗန်ဘွန်မဲလ်ကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
အသက်(၄၉)နှစ်သာရှိသေးတဲ့ ဗန်ဘွန်မဲလ်ဟာ PSV၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ အေစီမီလန်အသင်းတွေမှာ ကစားခဲ့ဖူးသူဖြစ်ပြီး နည်းပြဘဝမှာတော့ PSV၊ ဝုလ်ဖ်ဘတ်နဲ့ အန့်ဝပ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။
ဘယ်လ်ဂျီယံကလပ် အန့်ဝပ်အသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံပရိုလိဂ်ချန်ပီယံဆုနဲ့ ဘယ်လ်ဂျီယံဖလားကို တစ်ရာသီအတွင်း ရယူပေးနိုင်ခဲ့တဲ့အပြင် အဲဒီ ၂၀၂၂-၂၃ ရာသီမှာ ဘယ်လ်ဂျီယံလိဂ်ရဲ့ အကောင်းဆုံးနည်းပြဆုလည်း ရရှိခဲ့တာကြောင့် ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက ဗန်ဘွန်မဲလ်ကို လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဗန်ဘွန်မဲလ်ဟာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းကို ယူရို-၂၀၂၈ ပြိုင်ပွဲအထိ ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။
ဗန်ဘွန်မဲလ်ကို ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ သဘောတူညီမှုရရှိ
Most Read
Most Recent
27 min ago















