ယူရိုနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆယ်ကျော်သက်အရွယ်မှာ ရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ယမားလ် မှတ်တမ်းဝင်

ယူရိုနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆယ်ကျော်သက်အရွယ်မှာ ရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ယမားလ် မှတ်တမ်းဝင်
Photo: X
Photo: X
Published 20 July 2026

စပိန်အသင်းရဲ့ တိုက်စစ်ကစားသမား ယမားလ်ဟာ ယူရိုနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆယ်ကျော်သက်အရွယ်မှာ ရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ယမားလ်ဟာ ယူရို-၂၀၂၄ ချန်ပီယံဆု ရရှိခဲ့ချိန်မှာ အသက်(၁၇)နှစ်သာရှိသေးသလို၊ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိချိန်မှာလည်း အသက်(၁၉)နှစ်သာ ရှိသေးတာကြောင့် စံချိန်မှတ်တမ်းသစ် ပိုင်ဆိုင်ခဲ့တာပါ။

၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းမှာ ဆယ်ကျော်သက်ကစားသမားနှစ်ဦး ပါဝင်ခဲ့ပြီး နောက်ခံလူ ကူဘာဆီကလည်း ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်တဲ့ ဆယ်ကျော်သက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပေမဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ရွေးချယ်မခံခဲ့ရတာကြောင့် ယမားလ်လို စံချိန်နဲ့ လွဲချော်ခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

ဒါပေမဲ့ ကူဘာဆီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့ပါတယ်။

ယမားလ်က အသက်(၁၉)နှစ်အရွယ်မှာပဲ စပိန်အသင်းနဲ့ ဆုဖလား(၂)လုံး၊ ဘာစီလိုနာအသင်းနဲ့ ဆုဖလား(၆)လုံး ရယူနိုင်ခဲ့ပါပြီ။

စပိန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့်မှာ ပေါ်တူဂီ၊ ဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းတို့ကို ကျော်ဖြတ်ခဲ့ရတာကြောင့် ယမားလ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ကို အနိုင်ယူပြီး ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း တင်စားညွှန်းဆိုမှုတွေလည်း ရှိနေပါတယ်။

Most Read

Most Recent