၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပူးတွဲအိမ်ရှင်တွေထဲက တစ်သင်းဖြစ်တဲ့ မက္ကဆီကိုအသင်းဟာ (၃၂)သင်းအဆင့်ကို ပထမဆုံးတက်ရောက်နိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
မက္ကဆီကိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု(A)မှာ တောင်ကိုရီးယား၊ ချက်၊ တောင်အာဖရိကတို့နဲ့အတူ ကျရောက်ခဲ့ပြီး တောင်အာဖရိကနဲ့ တောင်ကိုရီးယားတို့ကို နှစ်ပွဲဆက်အနိုင်ရခဲ့တာကြောင့် တစ်ပွဲအလိုမှာပဲ (၃၂)သင်းအဆင့်တက်ရောက်ဖို့ အဖြေထွက်ခဲ့တာပါ။
ဒါ့အပြင် တောင်ကိုရီးယားကို Head to Head မှာ အသာစီးရရှိထားတာကြောင့် အုပ်စုပထမနေရာ ရရှိဖို့လည်း သေချာသွားခဲ့ပါတယ်။
ဒါကြောင့် မက္ကဆီကိုအသင်းအနေနဲ့ ပွဲစဉ်ဇယားအရ (၃၂)သင်းအဆင့်မှာ အုပ်စုတတိယအကောင်းဆုံးတွေထဲက တစ်သင်းနဲ့သာ ရင်ဆိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။
မက္ကဆီကိုအသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အုပ်စုပထမနေရာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မက္ကဆီကိုအသင်းဟာ ၁၉၉၄ ကမ္ဘာ့ဖလားကနေ ၂၀၁၈ ကမ္ဘာ့ဖလားအထိ ကမ္ဘာ့ဖလားပြိုင်ပွဲ (၇)ကြိမ်ဆက်တိုက် (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရပါတယ်။















