၂၀၂၆-၂၇ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ဒီနေ့ ထုတ်ပြန်မယ်

၂၀၂၆-၂၇ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ဒီနေ့ ထုတ်ပြန်မယ်
Photo: Premier League
Photo: Premier League
Published 19 June 2026

လာမယ့် ၂၀၂၆-၂၇ ရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ဒီနေ့ ထုတ်ပြန်မယ်လို့ သိရပါတယ်။

၂၀၂၆-၂၇ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်(၂၂)မှာ စတင်မှာဖြစ်ပြီး ၂၀၂၇ မေ(၃၀)မှာ အဆုံးသတ်မှာပါ။

ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပုံမှန်အတိုင်း ရက်သတ္တပတ်အကုန်မှာ ယှဉ်ပြိုင်ရမယ့်ပွဲစဉ် (၃၃)ပွဲ ပါဝင်မှာဖြစ်ပြီး ကြားရက်မှာ ယှဉ်ပြိုင်ရမယ့်ပွဲစဉ် (၅)ပွဲ ပါဝင်မယ်လို့ သိရပါတယ်။

၂၀၂၆-၂၇ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းက လက်ရှိချန်ပီယံအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကိုဗင်ထရီ၊ အစ်ဝစ်ချ်နဲ့ ဟားလ်စီးတီးတို့ကတော့ တန်းတက်အသင်းတွေ ဖြစ်ပါတယ်။

ရာသီအကြိုကာလအတွင်း ပရီးမီးယားလိဂ်မှာ နည်းပြအပြောင်းအလဲဖြစ်ထားတဲ့အသင်း (၇)သင်းရှိပြီး ချယ်လ်ဆီး၊ လီဗာပူးလ်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ဘုန်းမောက်တို့ကတော့ နည်းပြသစ်တွေ ခန့်အပ်ထားပါပြီ။

မန်စီးတီး၊ ဖူလ်ဟမ်နဲ့ အစ်ဝစ်ချ်တို့ကတော့ ပွဲစဉ်ဇယားထွက်မယ့်နေ့အထိ နည်းပြသစ် ခန့်အပ်ရခြင်းမရှိသေးပါဘူး။

၂၀၂၆-၂၇ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ဇယား ထုတ်ပြန်မယ့်အချိန်က မြန်မာစံတော်ချိန် ဒီနေ့ နေ့လယ် (၃း၃၀)နာရီဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent