ရီးယဲလ်ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဖလော်ရင်တီနိုပီရက်ဇ် အနိုင်ရခဲ့ပြီး ၂၀၃၀ အထိ ဆက်လက်တာဝန်ယူရမယ်

ရီးယဲလ်ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဖလော်ရင်တီနိုပီရက်ဇ် အနိုင်ရခဲ့ပြီး ၂၀၃၀ အထိ ဆက်လက်တာဝန်ယူရမယ်
Photo: X
Photo: X
Published 8 June 2026

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဋ္ဌရွေးကောက်ပွဲကို မနေ့က ပြုလုပ်ခဲ့ရာမှာ ဖလော်ရင်တီနိုပီရက်ဇ်က အန်းနရစ်ရီကွယ်လ်မီးကို အနိုင်ရခဲ့တာကြောင့် ဥက္ကဋ္ဌအဖြစ် ၂၀၃၀ အထိ ဆက်လက်တာဝန်ယူခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။

ဖလော်ရင်တီနိုပီရက်ဇ်(၇၉ နှစ်)က ရီးယဲလ်အသင်းရဲ့ ဥက္ကဋ္ဌအဖြစ် ၂၀၀၉ ခုနှစ်ကတည်းက တောက်လျှောက်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ဒီနှစ်မတိုင်ခင်မှာ သူ့ကို ယှဉ်ပြိုင်ရွေးချယ်ခံမယ့်သူလည်း မရှိခဲ့ပါဘူး။

ပုံမှန်အားဖြင့် ရီးယဲလ်အသင်းရဲ့ ဥက္ကဋ္ဌရွေးကောက်ပွဲကို ၂၀၂၉ ခုနှစ်မှ ပြုလုပ်ရမှာဖြစ်ပေမဲ့ ဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းတွင်း စိတ်ပျက်စရာအခြေအနေတချို့လည်း ရှိခဲ့တာကြောင့် ဒီနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒီအတွက် အန်းနရစ်ရီကွယ်လ်မီးက ယာဂန်ကလော့ပ်၊ ဟာလန်းနဲ့ ရိုဒရီတို့ကို ခေါ်ယူပေးမယ်လို့ မဲဆွယ်စည်းရုံးခဲ့ပေမဲ့ ပီရက်ဇ်ကို အနိုင်မယူနိုင်ခဲ့ပါဘူး။

ပီရက်ဇ်က ဆန္ဒမဲ (၆၅)ရာခိုင်နှုန်းရရှိခဲ့ပြီး ရီကွယ်လ်မီးအနေနဲ့ ဆန္ဒမဲ (၃၅)ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် ပီရက်ဇ်က ရီးယဲလ်ဥက္ကဋ္ဌအဖြစ် ၂၀၃၀ ခုနှစ်အထိ ဆက်ရှိသွားမှာဖြစ်ပြီး မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်မှုလည်း အတည်ဖြစ်သွားခဲ့ပါတယ်။

အနည်းဆုံး ယူရိုသန်း(၁၅၀)တန်ကြေးရှိတဲ့ ကစားသမားသစ် ကမ်းလှမ်းသွားမယ်လို့ ကတိပေးခဲ့တာ ဘယ်သူဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

Most Read

Most Recent