မသမာသည့်နည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲနေသူများ ဆက်သွယ်လာပါက ဓာတ်အားမဖြတ်တောက်ခြင်း၊ လျော်ကြေးများကို ၅၀ ရာခိုင်နှုန်းသာ ကောက်ခံခြင်း အစရှိသည်တို့ကိုဖြေလျော့​ဆောင်ရွက်ပေးနေဟု လျှပ်စစ်/ စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်

မသမာသည့်နည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲနေသူများ ဆက်သွယ်လာပါက ဓာတ်အားမဖြတ်တောက်ခြင်း၊ လျော်ကြေးများကို ၅၀ ရာခိုင်နှုန်းသာ ကောက်ခံခြင်း အစရှိသည်တို့ကိုဖြေလျော့​ဆောင်ရွက်ပေးနေဟု လျှပ်စစ်/ စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်
Published 23 July 2026

မသမာသည့်နည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲနေသူများ ဆက်သွယ်လာပါက ဓာတ်အားမဖြတ်တောက်ခြင်း၊ လျော်ကြေးများကို ၅၀ ရာခိုင်နှုန်းသာ ကောက်ခံခြင်း အစရှိသည်တို့ကိုဖြေလျော့​ဆောင်ရွက်ပေးနေဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

လက်ရှိတွင် မသမာသောနည်းလမ်းများကို အသုံးပြု၍ တရားမဝင်ဓာတ်အားရယူသုံးစွဲနေသူ များမှ သက်ဆိုင်ရာဌာနအသီးသီးသို့ ဆက်သွယ်အသိပေးလျက်ရှိနေသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

ဖြေလျော့ပေးသည့် နည်းလမ်းများမှာ ဓာတ်အားဖြတ်တောက်ခြင်းမှ ကင်းလွှတ်ခွင့်ပြုခြင်း၊ ဒဏ်ကြေးငွေကျပ် ၃၀၀,၀၀၀/- တောင်းခံခြင်းမှ ကင်းလွှတ်ခွင့်ပြုခြင်း၊ ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းမှ ကင်းလွှတ်ခွင့်ပြုခြင်း၊တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများအတွက် လျော်ကြေးငွေတွက်ချက်ရာတွင် မူလသတ်မှတ်ချက်၏ ၅၀ % ကိုသာကောက်ခံခြင်း တို့ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် မသမာသောနည်းလမ်းများကို အသုံးပြု၍ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများ ပြုလုပ်ထားပါက ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးကြပါရန်နှင့် ယင်းသို့အသိပေးလာပါက ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊အဆိုပါ ကာလကျော်လွန်ပြီးချိန်တွင် တရားမဝင် ဓာတ်အားသုံးစွဲမှုများကို Control Center များမှ စစ်ဆေးတွေ့ရှိရပါက ပြဋ္ဌာန်းထားသည့် လျှပ်စစ်ဥပဒေများနှင့်အညီ ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ မီတာအသုံးပြုခွင့်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လျှပ်စစ်ဓာတ်အား တရားမဝင်ရယူသုံးစွဲမှုများ လျော့နည်းပပျောက်လာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အား မရရှိသေးသူများသို့ ပိုမို၍တိုးမြှင့် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ ကိုယ်ချင်းစာစိတ်များဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားသည်။

Most Read

Most Recent