ရီးယဲလ်အသင်းမှာ မော်ရင်ဟိုရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ပေပေ ဆောင်ရွက်ဖွယ်ရှိ

ရီးယဲလ်အသင်းမှာ မော်ရင်ဟိုရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ပေပေ ဆောင်ရွက်ဖွယ်ရှိ
Photo: X
Photo: X
Published 8 June 2026

ရီးယဲလ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါ်တူဂီနောက်ခံလူ ပေပေဟာ မော်ရင်ဟိုရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ဖွယ်ရှိကြောင်း သိရပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ရီးယဲလ်ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဖလော်ရင်တီနိုပီရက်ဇ် အနိုင်ရခဲ့တာကြောင့် မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်တော့မှာပါ။

မော်ရင်ဟိုက ရီးယဲလ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးသလို၊ ပေပေကလည်း ရီးယဲလ်အသင်းမှာ ၂၀၀၇ ကနေ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့ဖူးပါတယ်။

ဒါကြောင့် မော်ရင်ဟိုက နည်းပြအဖွဲ့ထဲ ကစားသမားဟောင်းတချို့ကို ထည့်သွင်းဖို့ စီစဉ်နေရာမှာ အသင်းအတွက် ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့တဲ့ ပေပေနဲ့ ပြန်လည်လက်တွဲဖို့ လိုလားနေခြင်းဖြစ်ကြောင်း သိရပါတယ်။

ပေပေ(၄၃ နှစ်)က ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၃၄)ပွဲကစားကာ (၁၅)ဂိုး သွင်းယူပေးခဲ့သူပါ။

ပေကေ အသက်(၄၁)နှစ်အရွယ်မှာ ကစားသမားဘဝက အနားယူခဲ့ပြီး လက်ရှိအချိန်မှာ နည်းပြလောကထဲ ကူးပြောင်းဝင်ရောက်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

Most Read

Most Recent