ဘရူနိုဖာနန်ဒက်စ်ကို ဂါလာတာစာရေးအသင်း ကမ်းလှမ်းဖို့ စီစဉ်နေပြီး ပေါင်(၅၆)သန်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိနေ

ဘရူနိုဖာနန်ဒက်စ်ကို ဂါလာတာစာရေးအသင်း ကမ်းလှမ်းဖို့ စီစဉ်နေပြီး ပေါင်(၅၆)သန်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိနေ
Photo: X
Photo: X
Published 22 July 2026

တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ မန်ယူအသင်းက ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို ကမ်းလှမ်းဖို့ စီစဉ်နေပြီး ပေါင်(၅၆)သန်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိနေကြောင်း သိရပါတယ်။

ဘရူနိုဖာနန်ဒက်စ်နဲ့ မန်ယူအသင်း ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ်သက်တမ်းနောက်ဆုံးနှစ် ရောက်ရှိလာခဲ့ရင် အင်္ဂလန်ပြင်ပ အသင်းတွေထံ ပေါင်(၅၆)သန်းနဲ့ ပြောင်းရွှေ့ခွင့်ပြုရမယ်ဆိုတဲ့ သဘောတူညီချက် ပါဝင်နေခြင်းကြောင့်ဖြစ်ကြောင်း သိရပါတယ်။

၂၀၂၀ ဇန်နဝါရီမှာ စပို့တင်းလစ္စဘွန်းကနေ မန်ယူအသင်းကို ပေါင်(၆၇.၆)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၄ ခုနှစ်မှာ မန်ယူအသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အဲဒီစာချုပ်က ၂၀၂၇ ခုနှစ်အထိဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်တဲ့အချက်လည်း ပါဝင်ပါတယ်။

အဲဒီစာချုပ်ပါသဘောတူညီချက်အရ ဂါလာတာစာရေးအသင်းအနေနဲ့ ဘရူနိုဖာနန်ဒက်စ်ကို ပေါင်(၅၆)သန်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။

အသက်(၃၁)နှစ်ရှိပြီဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ဆော်ဒီကလပ်တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ယူအသင်းကတော့ ပြောင်းရွှေ့ကြေး ပေါင်(၆၄)သန်းရရှိဖို့ လိုလားနေကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ ဂါလာတာစာရေးအသင်းက မန်ယူအသင်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent