လာမယ့်ရာသီမှာ ထိပ်တန်းအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်သွားမယ်လို့ ဒီဇာဘီ ပြောကြား

လာမယ့်ရာသီမှာ ထိပ်တန်းအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်သွားမယ်လို့ ဒီဇာဘီ ပြောကြား
Photo: X
Photo: X
Published 25 May 2026

စပါးအသင်းနည်းပြ ဒီဇာဘီက လာမယ့်ရာသီမှာ ထိပ်တန်းအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

စပါးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရဖို့ နောက်ဆုံးပွဲစဉ်အထိ ရုန်းကန်ခဲ့ရပြီး အဆင့်(၁၇)နေရာနဲ့ တင်ကျန်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီတုန်းကလည်း အဆင့်(၁၇)နေရာနဲ့ပဲ အဆုံးသတ်ခဲ့ရပေမဲ့ အဲဒီတုန်းက အဆင့်(၁၈)နေရာကအသင်းနဲ့ (၇)မှတ်ကွာဟခဲ့ပြီး ဒီရာသီမှာတော့ အဆင့်(၁၈)နေရာက ဝက်စ်ဟမ်းအသင်းနဲ့ (၂)မှတ်သာ ကွာဟခဲ့တာပါ။

နောက်ဆုံးပွဲစဉ်မှာ စပါးရော ဝက်စ်ဟမ်းပါ အနိုင်ရခဲ့ပေမဲ့ ဝက်စ်ဟမ်းအသင်းက ပရီးမီးယားလိဂ်ခေတ်တစ်လျှောက် တတိယအကြိမ်အဖြစ် တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။

အီတလီနည်းပြ ဒီဇာဘီဟာ စပါးအသင်းကို ပြီးခဲ့တဲ့ မတ်လကမှ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး တန်းဆင်းအန္တရာယ်က လွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

''လာမယ့်ရာသီမှာ ကျွန်တော်တို့ ထိပ်တန်းအသင်းဖြစ်အောင် တည်ဆောက်သွားမှာပါ။ ကျွန်တော်တို့ရဲ့ လူစာရင်းက ကစားသမားတွေအများကြီး အပြောင်းအလဲလုပ်ဖို့ မလိုအပ်ပေမဲ့ ပထမတန်းစားကစားသမားတချို့ကိုတော့ ခေါ်ယူသွားရမှာပါ'' လို့ ဒီဇာဘီက ပြောကြားခဲ့ပါတယ်။

စပါးအသင်းက ဒီဇာဘီကို ရေရှည်လက်တွဲဖို့ ရည်ရွယ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုထားကြောင်း သိရပါတယ်။

Most Read

Most Recent