■ ဂျပန်မြို့တော်ဝန် အမျိုးသမီးတစ်ဦး နိုင်ငံသမိုင်းတွင် ပထမဆုံး မီးဖွားခွင့်ယူ

■ ဂျပန်မြို့တော်ဝန် အမျိုးသမီးတစ်ဦး နိုင်ငံသမိုင်းတွင် ပထမဆုံး မီးဖွားခွင့်ယူ
Published 21 July 2026

ဂျပန်နိုင်ငံအနောက်ပိုင်းရှိ လူဦးရေ ၆၉,၀၀၀ ခန့် နေထိုင်ရာ ယာဝါတမြို့၏ မြို့တော်ဝန် ရှိုကို ကာဝါတာသည် တာဝန်ထမ်းဆောင်ဆဲ မြို့တော်ဝန်အဖြစ် နိုင်ငံသမိုင်းတွင် ပထမဆုံး မီးဖွားခွင့်ယူသူဖြစ်လာခဲ့သည်။

ဂျပန်တွင် အမျိုးသမီးများသည် ဥပဒေအရ မီးဖွားခွင့် ၁၄ ပတ်ခန့် ခံစားခွင့်ရှိပြီး ယေဘုယျအားဖြင့် လစာ၏ သုံးပုံ နှစ်ပုံခန့်နှင့် မီးဖွားထောက်ပံ့ကြေးကို ရရှိကြသည်။ အစိုးရဝန်ထမ်းအချို့က ထိုထက်ပိုမိုကောင်းမွန်သည့် အကျိုးခံစားခွင့်များပင် ရရှိကြသည်။

သို့သော် ၂၀၂၃ ခုနှစ် အသက် ၃၃ နှစ်အရွယ်တွင် ဂျပန်နိုင်ငံ၏ အသက်အငယ်ဆုံး အမျိုးသမီးမြို့တော်ဝန် ဖြစ်လာသူ ကာဝါတာက မြို့တော်ဝန်ရာထူးအတွက် မီးဖွားခွင့်ဆိုင်ရာ စည်းမျဉ်းမရှိသဖြင့် ကိုယ်တိုင်ဖန်တီးယူလိုက်ခြင်းဖြစ်သည်။ ကျား မ တန်းတူညီမျှမှု အားနည်းသည့် ဂျပန်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးဖိုရမ်က ထုတ်ပြန်သည့် ကျား မ တန်းတူညီမျှမှု နောက်ဆုံးအစီရင်ခံစာတွင် နိုင်ငံပေါင်း ၁၄၈ နိုင်ငံအနက် အဆင့် ၁၁၈ ၌ရှိသည်။

ကာဝါတာက မွေးဖွားနှုန်းကျဆင်းနေသည့် ဂျပန်နိုင်ငံအတွက် မိသားစုနှင့် အလုပ်ကို မျှတစွာ ပေါင်းစပ်နိုင်မည့် ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေကြောင်း ၊ ဒေသခံအများစုနှင့် လုပ်ဖော်ကိုင်ဖက်များက မီးဖွားခွင့်ယူရန် အားပေးခဲ့သော်လည်း မီးဖွားခွင့်ယူနေစဉ် လစာအပြည့်ရမည်ဆိုသည့် အချက်အပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုများရှိနေကြောင်း ပြောသည်။

Ref: Reuters

 

Most Read

Most Recent