■ ဆိုလာမီးပေးစနစ်၊ “ဝ” ဥစိုက်ပျိုး‌ရေးလုပ်ငန်းများအတွက် မြိတ်ကျွန်းစုအတွင်းရှိ‌ ကျွန်းများသို့ ကွင်းဆင်း‌လေ့လာမှုများ‌ ဆောင်ရွက်မည်

■ ဆိုလာမီးပေးစနစ်၊ “ဝ” ဥစိုက်ပျိုး‌ရေးလုပ်ငန်းများအတွက် မြိတ်ကျွန်းစုအတွင်းရှိ‌ ကျွန်းများသို့ ကွင်းဆင်း‌လေ့လာမှုများ‌ ဆောင်ရွက်မည်
Published 21 July 2026

ဆိုလာမီးပေးစနစ်၊ “ဝ” ဥစိုက်ပျိုး‌ရေးလုပ်ငန်းများအတွက် မြိတ်ကျွန်းစုအတွင်းရှိ‌ ကျွန်းများသို့ ကွင်းဆင်း‌လေ့လာမှုများ‌ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊‌ ကော့သောင်းမြို့တွင် တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုအတွက်ဇူလိုင် ၂၀ ရက်က ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထွန်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ၍ အဆိုပါအချက်အလက်များကို ကြိုတင်ညှိနှိုင်းခဲ့‌‌ကြောင်း ဆွေးနွေးပွဲသို့ တက်‌ရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်နှင့် မြိတ်ခရိုင်တို့ရှိ မြို့နယ်များအတွင်း လျှပ်စစ်မီးမရရှိသေးသော ကျွန်း/ကျေးရွာများတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ “ဝ” ဥစိုက်ပျိုးရေးလုပ်ငန်းများနှင့် “ဝ” ဥအခြောက်ခံစက်၊ အမှုန့်ကြိတ်စက် စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံများနှင့် အကျိုးတူပူးပေါင်း၍ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရန်အတွက် အကြိုညှိနှိုင်းတွေဆုံဆွေးနွေးခဲ့ကြောင်း၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထွန်းနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်ညှိနှိုင်းသဘောတူ ဆွေးနွေးခဲ့ကြပြီးဖြစ်ရာ လာမည့်ကာလအတွင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော့သောင်းခရိုင်နှင့် မြိတ်ခရိုင်တို့ရှိမြို့နယ်များနှင့် ကျွန်း/ကျေးရွာများသို့ သွားရောက်ကာ ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent