■ အရေးပေါ်အခြေအနေကြေညာထားသည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ အား နောက်ထပ် ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် အတည်ပြု

■ အရေးပေါ်အခြေအနေကြေညာထားသည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ အား နောက်ထပ် ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 21 July 2026

■ ချင်းပြည်နယ်ရှိ ဖလမ်းမြို့နယ်နှင့် တွန်းဇံမြို့နယ်တို့အား အရေးပေါ်အခြေအနေကြေညာထားသည့်စာရင်းမှ ပယ်ဖျက်

အရေးပေါ်အခြေအနေကြေညာထားသည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ အား နောက်ထပ် ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၂၁ ရက်) တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက အတည်ပြုသည်။

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ အား လိုအပ်သော ကာလအပိုင်းအခြားအထိ ဆက်လက်အတည်ဖြစ်စေရေး ပြည်ထောင်စုလွှတ်တော်မှ သဘောတူပေးရန် ဇူလိုင် ၁၄ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးက အဆိုတင်သွင်းခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်၍ ယနေ့ (ဇူလိုင် ၂၁ ရက်) တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။

ထိုသို့ လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ထောက်ခံဆွေးနွေးကြပြီးနောက် အဆိုနှင့်ပတ်သက်၍ လွှတ်တော်၏ ဆုံးဖြတ်ချက်အား ရယူခဲ့ရာ ကန့်ကွက်သူမရှိသဖြင့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ အား နောက်ထပ် ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ကြေညာသည်။

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၆ တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုအတွင်းရှိ မြို့နယ်ပေါင်း ၆၀ ကို အရေးပေါ်အခြေအနေ ကြေညာထားခြင်းဖြစ်သည်။

သို့သော်လည်း ချင်းပြည်နယ်အတွင်းရှိ ဖလမ်းမြို့နယ်နှင့် တွန်းဇံမြို့နယ်တို့၏ တည်ငြိမ်အေးချမ်းမှုမှာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည့်စာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။

 

Most Read

Most Recent