BBC ရဲ့ဘောလုံးသုံးသပ်သူအများစုက ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ့်အသင်းအဖြစ် ပြင်သစ်ကို ရွေးချယ်

BBC ရဲ့ဘောလုံးသုံးသပ်သူအများစုက ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ့်အသင်းအဖြစ် ပြင်သစ်ကို ရွေးချယ်
Photo: X
Photo: X
Published 10 June 2026

BBC သတင်းဌာနက သူတို့ရဲ့ ဘောလုံးသုံးသပ်သူတွေကို ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ့်အသင်းကို ခန့်မှန်းရွေးချယ်စေခဲ့ရာမှာ ပြင်သစ်အသင်း ဗိုလ်စွဲမယ်လို့ ရွေးချယ်သူ အများဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။

BBC က ဘောလုံးသုံးသပ်သူ (၁၇)ဦးကို ရွေးချယ်စေခဲ့ခြင်းဖြစ်ပြီး ပြင်သစ်ကို ရွေးချယ်သူ (၉)ဦး၊ အင်္ဂလန်ကို ရွေးချယ်သူ (၇)ဦး၊ စပိန်ကို ရွေးချယ်သူ(၁)ဦး ရှိခဲ့ကြောင်း သိရပါတယ်။

ပြင်သစ်ကို ရွေးချယ်ခဲ့သူတွေက စကော့ဘရောင်း၊ ကလစ်ချီ၊ ရေချယ်ကော်စီ၊ ဂျရူး၊ ဒန်နီမာဖီ၊ ပေါလ်ရော်ဘင်ဆင်၊ တိုနီပူးလစ်၊ အလန်ရှီးယားနဲ့ ခရစ္စဆပ်တန်တို့ ဖြစ်ပါတယ်။

အင်္ဂလန်ကို ရွေးချယ်ခဲ့သူတွေကတော့ သောမတ်စ်ဖရန့်ခ်၊ ဂျိုးဟတ်၊ စတက်ဖ်ဟောက်တန်၊ မာတင်ကီအွန်၊ ရွန်နီ၊ ဆူးစမစ်နဲ့ အယ်လန်ဝှိုက်တို့ဖြစ်ပြီး စပိန်ကို ရွေးချယ်ခဲ့သူကတော့ မီကာရစ်ချတ်စ် ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲမယ့်အသင်းကို လောင်းကစားကုမ္ပဏီတွေက အလေးပေးမှု ထုတ်ပြန်ထားရာမှာတော့ စပိန်အသင်းက (၅း၁)လေးနဲ့ ရေပန်းအစားဆုံးဖြစ်နေပြီး ပြင်သစ်က (၆း၁)လေးနဲ့ ဒုတိယနေရာ၊ အင်္ဂလန်က (၈း၁)လေးနဲ့ တတိယနေရာ၊ ပေါ်တူဂီက (၉း၁)လေးနဲ့ စတုတ္ထနေရာမှာ ရှိနေပါတယ်။

Opta ရဲ့ စူပါကွန်ပျူတာကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အလားအလာအကောင်းဆုံးက စပိန်အသင်းဖြစ်ကြောင်း ခန့်မှန်းထားပြီး စပိန်ရဲ့နောက်မှာ ပြင်သစ်၊ အင်္ဂလန်၊ အာဂျင်တီးနား၊ ပေါ်တူဂီ၊ ဘရာဇီးလ်၊ ဂျာမနီ၊ နယ်သာလန်တို့ အစဉ်လိုက်ရပ်တည်နေပါတယ်။

Most Read

Most Recent