■ အိန္ဒိယတွင် ဆန္ဒပြခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝန်ကြီးများ ပထမအကြိမ် ဆွေးနွေးပွဲပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့

■ အိန္ဒိယတွင် ဆန္ဒပြခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝန်ကြီးများ ပထမအကြိမ် ဆွေးနွေးပွဲပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့
Published 25 July 2026

အိန္ဒိယနိုင်ငံတွင် ဆန္ဒပြခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝန်ကြီးများကြား ဇူလိုင် ၂၄ ရက်က ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ဘဲ ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်းတွင် နောက်ထပ်ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံတစ်ဝန်း ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲမေးခွန်းများ ပေါက်ကြားခဲ့မှုကြောင့် ပိုးဟပ် ဂျန်တာပါတီ (CJP) ဟု လူသိများသည့် လူငယ်များ ဦးဆောင်သည့် ဆန္ဒပြလှုပ်ရှားမှုသည် အရှိန်အဟုန်မြင့်တက်လာချိန်တွင် ဆွေးနွေးမှုများ ပေါ်ပေါက်လာခြင်းခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဂျေပီ နက်ဒါနှင့် ဂျီတန်ဒရာ ဆင်းတို့သည် CJP ခေါင်းဆောင်များနှင့် ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆန္ဒပြခေါင်းဆောင်များ၏ တောင်းဆိုချက်များတွင် ပညာရေးဝန်ကြီး ဒါမာဒရာ ပရာဟန် ရာထူးမှ နုတ်ထွက်ပေးရေးလည်း ပါဝင်သည်။

"ပရာဟန် နုတ်ထွက်တာ ဒါမှမဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ ရာထူးကနေ ဖြုတ်ချခံရတာကလွဲလို့ ကျန်တဲ့ ဘယ်အရာကိုမှ လက်ခံမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ဘက်က ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်" ဟု CJP ပြောရေးဆိုခွင့်ရှိသူ အာရှူးတို့ရှ် ရန်ကာ က နယူးဒေလီတွင် ပြုလုပ်သော ဆွေးနွေးပွဲအပြီး သတင်းထောက်များကို ပြောကြားခဲ့သည်။

 Ref: AFP

 

Most Read

Most Recent