မန်ယူအသင်းဟာ ရီးယဲလ်အသင်းက ပြင်သစ်ကွင်းလယ်ခံစစ်ကစားသမား ချူယာမန်နီကို ပေါင်(၈၅)သန်းပေးပြီးခေါ်ယူဖို့ အသင့်ရှိနေကြောင်း သတင်းထွက်နေပါတယ်။
မန်ယူအသင်းဟာ ကွင်းလယ်ကို အားဖြည့်ဖို့ စီစဉ်နေရာမှာ လျာထားစာရင်းထဲပါဝင်တဲ့ မားတီးယပ်စ်ဖာနန်ဒက်စ်နဲ့ တိုနာလီတို့ စပါးအသင်းကို ရောက်ရှိသွားခဲ့ပြီဖြစ်တာကြောင့် ချူယာမန်နီကို ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းကသာ ချူယာမန်နီကို ဒီနွေမှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် မန်ယူအသင်းက ပေါင်(၈၅)သန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းက ချူယာမန်နီကို ၂၀၂၂ နွေရာသီမှာ ပေါင်သန်း(၇၀)ဝန်းကျင်နဲ့ ခေါ်ယူထားခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အသင်းဖော် ဗယ်လ်ဗာဒီနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ရောင်းထုတ်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။
ဒါကြောင့် မန်ယူအသင်းက ခေါ်ယူဖို့ ချိန်ရွယ်နေတာဖြစ်ပြီး ချူယာမန်နီကိုလည်း (၅)နှစ်စာချုပ်ချုပ်ဆိုမယ်လို့ ကမ်းလှမ်းထားကြောင်း မီဒီယာတချို့က ဖော်ပြနေကြပါတယ်။
ချူယာမန်နီက မန်ယူအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၃)သိန်းကျော်ရရှိဖို့ လိုလားနေကြောင်းလည်း သတင်းထွက်နေပါတယ်။
ချူယာမန်နီအတွက် ပေါင်(၈၅)သန်းပေးဖို့ မန်ယူအသင်း အသင့်ရှိနေ
Most Read
Most Recent
4 hours ago















