ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြ ပက်လင်ဒါစ်နဲ့ ကိုလိုတိုရေးတို့လည်း မန်စီးတီးအသင်းက ထွက်ခွာမယ်

ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြ ပက်လင်ဒါစ်နဲ့ ကိုလိုတိုရေးတို့လည်း မန်စီးတီးအသင်းက ထွက်ခွာမယ်
Photo: X
Photo: X
Published 27 May 2026

မန်စီးတီးအသင်းနဲ့ နည်းပြ ဂွါဒီယိုလာ လမ်းခွဲရာမှာ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြ ပက်လင်ဒါစ်နဲ့ ကိုလိုတိုရေးတို့လည်း မန်စီးတီးအသင်းက ထွက်ခွာမှာဖြစ်ကြောင်း သိရပါတယ်။

နယ်သာလန်နိုင်ငံသား ပက်လင်ဒါစ်က လီဗာပူးလ်အသင်းမှာ ယာဂန်ကလော့ပ်ရဲ့ လက်ထောက်နည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ၂၀၂၅ နွေရာသီကမှ မန်စီးတီးအသင်းကို ရောက်ရှိခဲ့တာပါ။

မန်စီးတီးအသင်းရဲ့ နောက်ခံလူဟောင်းဖြစ်တဲ့ ကိုလိုတိုရေးကတော့ အရန်အသင်းမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီမှာ ဂွါဒီယိုလာက မန်စီးတီးအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ပေးခဲ့တာပါ။

အခု သူတို့နှစ်ဦးစလုံး မန်စီးတီးအသင်းက ထွက်ခွာမှာဖြစ်သလို၊ ဂွါဒီယိုလာနဲ့ ဘာစီလိုနာအသင်းမှာကတည်းက လက်တွဲခဲ့တဲ့ ကြံ့ခိုင်ရေးနည်းပြ ဘူနာဗန်ကျူရာနဲ့ ဂိုးနည်းပြ မန်စီဆီဒေါတို့လည်း မန်စီးတီးအသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ကြောင်း သိရပါတယ်။

မန်စီးတီးအသင်းက ဂွါဒီယိုလာရဲ့နေရာမှာ ချယ်လ်ဆီးနည်းပြဟောင်း မာရက်စကာကို အစားထိုးခန့်အပ်ဖို့ သဘောတူညီမှုရရှိထားပြီလို့ သတင်းထွက်နေပြီး မာရက်စကာက သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေနဲ့အတူ တာဝန်ယူလုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent