နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်ကစားသမား အန်ဒါဆန်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ မန်စီးတီး သဘောတူညီမှုရရှိ

နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်ကစားသမား အန်ဒါဆန်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ မန်စီးတီး သဘောတူညီမှုရရှိ
Photo: X
Photo: X
Published 26 June 2026

မန်စီးတီးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းက အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား အန်ဒါဆန်ကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၁၆)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

မန်စီးတီးအသင်းက အန်ဒါဆန်အတွက် (၃)ကြိမ်မြောက်ကမ်းလှမ်းမှုကို နော်တင်ဟမ်ဖောရက်စ်အသင်းက သဘောတူလက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါပေမဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ ဖော်ပြမှုမှာတော့ ကွဲလွဲချက်တွေ ရှိနေခဲ့ပါတယ်။

မီဒီယာတချို့က မန်စီးတီးအသင်းအနေနဲ့ အန်ဒါဆန်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၁၃၀)နီးပါး ပေးချေရမယ်လို့ ဖော်ပြခဲ့ကြပေမဲ့ BBC၊ ESPN နဲ့ နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုတို့ကတော့ ပေါင်(၁၁၆)သန်းနဲ့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ဗြိတိန်ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအများဆုံးအဖြစ် စံချိန်တင်ထားတဲ့ ဒက်ကလန်ရိုက်စ်ရဲ့ ဝက်စ်ဟမ်းကနေ အာဆင်နယ်ကို ပေါင်(၁၀၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့စံချိန်ကို ကျော်ဖြတ်ပြီး စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဗြိတိန်ကလပ်အသင်းရဲ့ တန်ဖိုးအကြီးဆုံးခေါ်ယူမှုအဖြစ် စံချိန်တင်ထားတာကတော့ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို လီဗာပူးလ်အသင်းက ပေါင်(၁၂၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီစံချိန်ကိုတော့ မကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

အန်ဒါဆန်(၂၃ နှစ်)ဟာ လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲနေတာကြောင့် မန်စီးတီးအသင်းက ဆေးစစ်မှုကို အမေရိကန်မှာပဲ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

 

Most Read

Most Recent