အာဆင်နယ်အသင်းဟာ ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးကို ဒီနွေရာသီမှာ ပေါင်သန်း(၂၀)ဝန်းကျင်နဲ့ ရောင်းထုတ်တော့မယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းက အစောပိုင်းတုန်းက ဂျေးဇူးအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၃၀)ဝန်းကျင် ရရှိဖို့ ရည်ရွယ်ထားခဲ့ပေမဲ့ လက်ရှိအချိန်မှာ စျေးလျှော့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ ဂျေးဇူးကို ၂၀၂၂ နွေရာသီမှာ မန်စီးတီးကနေ ပေါင်(၄၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၇ မှာ ကုန်ဆုံးတော့မှာပါ။
ဂျေးဇူး(၂၉ နှစ်)ဟာ အာဆင်နယ်အသင်းအတွက် (၁၂၃)ပွဲကစားပြီး (၃၂)ဂိုး သွင်းယူပေးထားပေမဲ့ အရန်ကစားသမားအဖြစ်သာ ရပ်တည်နေရတာကြောင့် အာဆင်နယ်အသင်းက ရောင်းထုတ်ဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ဂျေးဇူးကို ခေါ်ယူဖို့ အက်သလက်တီကို၊ ဂျူဗင်တပ်စ်နဲ့ အဲဗာတန်အသင်းတို့က စိတ်ဝင်စားနေကြပြီး အဲဗာတန်အသင်းကို ရောက်ရှိဖို့ အလားအလာများနေကြောင်း သတင်းထွက်နေပါတယ်။
အာဆင်နယ်အသင်းဟာ ထိပ်တန်းကစားသမားသစ်တွေ ထပ်မံခေါ်ယူအားဖြည့်ဖို့ ရည်ရွယ်ထားတာကြောင့် ဒုတိယဦးစားပေးအဖြစ်သာ ရပ်တည်နေရတဲ့ ကစားသမားအတော်များများကို ရောင်းထုတ်ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။















