ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်တဲ့ ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းမှာ အာဆင်နယ်ကစားသမား အများဆုံးပါဝင်

ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်တဲ့ ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းမှာ အာဆင်နယ်ကစားသမား အများဆုံးပါဝင်
Photo: X
Photo: X
Published 1 June 2026

ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်တဲ့ ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းမှာ ချန်ပီယံ အာဆင်နယ်အသင်းက ကစားသမား(၅)ဦးပါဝင်ပြီး အများဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ်က ဆန်ခါတင်ကစားသမား(၆၀)စာရင်း ထုတ်ပေးပြီး ပရိသတ်တွေကို အွန်လိုင်းက တစ်ဆင့် မဲပေးရွေးချယ်စေခဲ့တာပါ။

မဲပေးမှုကို ပရိသတ်(၂၀၀၀၀၀)ကျော် ဝင်ရောက်လုပ်ဆောင်ခဲ့ကြပြီး နေရာအလိုက် မဲအများဆုံးရရှိတဲ့ ကစားသမားတွေကို အကောင်းဆုံးအသင်းအဖြစ် ပရီးမီးယားလိဂ်က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းမှာ အာဆင်နယ်က (၅)ဦး၊ မန်စီးတီးက (၃)ဦး၊ မန်ယူ၊ လီဗာပူးလ်နဲ့ ဘရန့်ဖို့ဒ်က တစ်ဦးစီ ပါဝင်ခဲ့ပါတယ်။

ပရိသတ်တွေရွေးချယ်တဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့သူတွေက ဂိုး - ရာယာ(အာဆင်နယ်)၊ နောက် - တင်ဘာ၊ ဂါဘရီယဲလ်၊ ဆာလီဘာ(အာဆင်နယ်)၊ အိုရိုင်လေ(မန်စီးတီး)၊ လယ် - ဆိုဘိုဆလိုင်း(လီဗာပူးလ်)၊ ဒက်ကလန်ရိုက်စ်(အာဆင်နယ်)၊ ဘရူနိုဖာနန်ဒက်စ်(မန်ယူ)၊ ရှေ့ - သီယာဂို(ဘရန့်ဖို့ဒ်)၊ ဟာလန်း၊ ဆယ်မီညို(မန်စီးတီး)တို့ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ဒီရာသီမှာ ခံစစ်စွမ်းဆောင်ရည်ကောင်း ပြသခဲ့တာကြောင့် ဂိုးသမား ရာယာအပါအဝင် ခံစစ်ကစားသမားအများစု ရွေးချယ်ခံခဲ့ရတာပါ။

Most Read

Most Recent