ဆော်ဒီအာရေဗျကို ရေကြောင်းပိတ်ဆို့မှု ပြုလုပ်မည်ဟု ယီမင်၏ဟူရ်သီသူပုန်အဖွဲ့ ကြေညာ

ဆော်ဒီအာရေဗျကို ရေကြောင်းပိတ်ဆို့မှု ပြုလုပ်မည်ဟု ယီမင်၏ဟူရ်သီသူပုန်အဖွဲ့ ကြေညာ
Published 20 July 2026
Ref:AFP

အီရန်ကျောထောက်နောက်ခံပေးထားသော ဟူရ်သီသူပုန်အဖွဲ့သည် ၎တို့၏ မဟာပြိုင်ဘက် ဆော်ဒီအာရဗျကို ရေကြောင်းပိတ်ဆို့မှု ပြုလုပ်မည်ဟု ဇူလိုင် ၂၀ ရက်တွင် ကြေညာခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း နှစ်ဖက်စလုံး နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

​ဟူရ်သီစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ရာဟ်ယာဆာရီက ရုပ်သံသတင်းထုတ်ပြန်ချက်တွင် ရာဇဝတ်ဘေးသင့်‌ ရန်သူဆော်ဒီကို "ထပ်တူလက်စားချေခြင်း" မူဝါဒဖြင့် ပင်လယ်ရေကြောင်း ပိတ်ဆို့မှုသည် ယခုကြေညာချက် ထုတ်ပြန်သည့်အချိန်မှစ၍ ချက်ချင်းစတင် အသက်ဝင်မည်ဟု ပြောကြားခဲ့သည်။

​ဆော်ဒီအာရေဗျကဟူရ်သီတို့ ထိန်းချုပ်ထားသော "ဆိပ်ကမ်းများနှင့် လေဆိပ်များ" ကို ပိတ်ဆို့ထားခြင်းနှင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဆာနားလေဆိပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ တုံ့ပြန်ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း "ပိတ်ဆို့မှုကို ပိတ်ဆို့မှုဖြင့် တုံ့ပြန်သွားမည်" ဖြစ်ကြောင်း ဆာရီက ပြောဆိုခဲ့သည်။

​"ပဋိပက္ခအရှိန်မြင့်တက်စေခြင်းဖြင့်ဆော်ဒီရန်သူကလုပ်ဆောင်သည့် မိုက်မဲသောလုပ်ရပ်မှန်သမျှသည် ပိုမိုပြည့်စုံပြီး အပြတ်အသတ် တုံ့ပြန်မှုများဖြင့် ရင်ဆိုင်ရမည်" ဟုလည်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်သတိပေးခဲ့သည်။

လွန်ခဲ့သောသီတင်းပတ်တွင်အီရန်သည် ယီမင်ဝေဟင်ပိုင်နက်ကိုဆော်ဒီ၏ လွှမ်းမိုးထားမှုကို ၎င်း၏ မဟာမိတ်ဟူရ်သီအဖွဲ့မှတစ်ဆင့် စိန်ခေါ်ရန် ကြိုးပမ်းခဲ့သဖြင့် ကာလရှည်ကြာ ငြိမ်သက်နေသည့် ယီမင်ပဋိပက္ခတွင် စစ်ရေးပြန်လည် အရှိန်မြင့်တက်လာခဲ့သည်။

​ဟူရ်သီကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသောလေယာဉ် အီရန်မှပြန်လာသည်ကို တားဆီးရန် ဆာနား‌ လေဆိပ်တိုက်ခိုက်ခံရ‌သည်ဟု ယီမင်အစိုးရကပြောကြားခဲ့ပြီး ‌‌‌နောက် ဇူလိုင် ၁၃ ရက်တွင်ဟူရ်သီတို့သည် ဆော်ဒီအာရေဗျတောင်ပိုင်း အာဘ်ဟာမြို့ရှိ လေဆိပ်သို့ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆာနားလေဆိပ်တိုက်ခိုက်ခံရမှုအတွက် ယီမင်အစိုးရအား ကျောထောက်နောက်ခံပြုထားသည့် ဆော်ဒီအစိုးရတွင် တာဝန်ရှိသည်ဟု ဟူရ်သီတို့က စွပ်စွဲထားသည်။

 

Photo - AFP

Most Read

Most Recent