ထိုင်းမြောက်ပိုင်းတွင် ပန်းရောင်ကြက်ဥများ တွေ့ရှိသဖြင့် စားသုံးခြင်းမပြုရန် သတိပေး

ထိုင်းမြောက်ပိုင်းတွင် ပန်းရောင်ကြက်ဥများ တွေ့ရှိသဖြင့် စားသုံးခြင်းမပြုရန် သတိပေး
Published 16 June 2026
Ref - Thai Enquirer

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်၊ မယ်စာရီယန်းဒေသတွင် အနှစ်လိမ္မော်ရောင်နှင့် အကာ ပန်းရောင်ဖြစ်နေသည့် ကြက်ဥများ တွေ့ရှိရကြောင်း သတင်းပေးပို့မှုများ ရှိလာသဖြင့် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေသည်ဟု Thai Enquirer သတင်းတွင် ဖော်ပြထားသည်။

ဒေသခံများက အဆိုပါကြက်ဥများကို ပြုတ်ပြီးနောက် ပုံမှန်မဟုတ် ထူးဆန်းသည့် အရောင်အသွေးကို တွေ့ခဲ့ရပြီးနောက် ထိုဥများကို ချင်းမိုင်ရှိ လက်ကားဒိုင်တစ်ခုမှတစ်ဆင့် မှာယူရောင်းချသည့် လက်လီဆိုင်တစ်ဆိုင်မှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထို့​နောက် ခရိုင်အာဏာပိုင်များနှင့် ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူများက အဆိုပါဆိုင်သို့ သွားရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။

ထို့ပြင် ယခုကဲ့သို့ မူမမှန်သည့် ကြက်ဥများကို မစားသုံးမိစေရန်လည်း ပြည်သူလူထုကို သတိပေးနှိုးဆော်ထားသည်။

 

Photo -Thai Enquirer

Most Read

Most Recent