မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို
Published 16 June 2026

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test စာမေးပွဲ ဒုတိယနေ့ကို အခြေခံပညာအထက်တန်း ကျောင်း(ဂန့်ဂေါ)စာစစ်ဌာနတွင် ဇွန် ၁၆ ရက်က ဆက်လက်ဖြေဆိုကြောင်း သိရသည်။

ဒုတိယနေ့တွင် မူလတန်းဆင့် Grade-1 မှ Grade-3 ထိ သိပ္ပံနှင့်လူမှုရေး(နှုတ်ဖြေ)မေးခွန်းနှင့် Grade-4 မှ Grade-8 ထိ အင်္ဂလိပ်စာဘာသာရပ်ကို လာရောက်ဖြေဆိုသူ ကျောင်းသား ၃၃၃ ဦး၊ ကျောင်းသူ ၄၇၉ ဦး စုစုပေါင်း ၈၁၂ ဦးရှိကာ ပျက်ကွက်သူ ကျောင်းသား ၄၂ ဦးနှင့် ကျောင်းသူ ၇၈ ဦး စုစုပေါင်း ၁၂၀ ဦးရှိ၍ ဖြေဆိုမှုရာခိုင်နှုန်း ၈၇ ဒသမ ၁၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါဂန့်ဂေါမြို့ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)စာစစ်ဌာနတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)ဖြင့် Grade-1 မှ Grade-8 ထိ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား ၃၇၅ ဦး၊ ကျောင်းသူ ၅၅၇ ဦး စုစုပေါင်း ၉၃၂ ဦးရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့် အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းနေအရွယ်ကလေးများအား အသက်အရွယ်သတ်မှတ်ထားသည့်အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် ၂၀၂၆ခုနှစ် ဇွန် ၁၅ ရက်မှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်)ဖြင့် စာမေးပွဲများကိုကျင်းပလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent