လျှပ်စစ်မီတာ မသမာမှုပြုလုပ်ပြီး ဓာတ်အားခိုးယူသုံးစွဲခဲ့သည့် မြောင်းတကာစက်မှုဇုန်ရှိ လုပ်ငန်းရှင်တစ်ဦးကို စစ်ဆေးဖော်ထုတ်ခဲ့သော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းခြောက်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

လျှပ်စစ်မီတာ မသမာမှုပြုလုပ်ပြီး ဓာတ်အားခိုးယူသုံးစွဲခဲ့သည့် မြောင်းတကာစက်မှုဇုန်ရှိ လုပ်ငန်းရှင်တစ်ဦးကို စစ်ဆေးဖော်ထုတ်ခဲ့သော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းခြောက်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
Published 16 June 2026

လျှပ်စစ်မီတာ မသမာမှုပြုလုပ်ပြီး ဓာတ်အားခိုးယူသုံးစွဲခဲ့သည့် မြောင်းတကာစက်မှုဇုန်ရှိ လုပ်ငန်းရှင်တစ်ဦးကို စစ်ဆေးဖော်ထုတ်ခဲ့သော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းခြောက်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြောင်းတကာမြို့ စက်မှုဇုန်ရှိ ZON TAI STEEL Co., Ltd. သံရည်ကျိုလုပ်ငန်း၌ တရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းခြောက်ဦးအား ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ဇွန် ၁၅ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌက တရားမဝင် ဓာတ်အားရယူသုံးစွဲမှုကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားယူနစ်စုစုပေါင်း ၅၀၆၈၈၀၀ ဆုံးရှုံးခဲ့ရပြီး ဓာတ်အားခလျော်ကြေးနှင့် ဒဏ်ကြေးငွေ စုစုပေါင်းကျပ် ၄၅၀၀၇၈၀၀၀၀ (၄ ဒသမ ၅ ဘီလျံကျော်) နစ်နာ ဆုံးရှုံးခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စက်ရုံပိုင်ရှင်အား မှော်ဘီမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုထားရှိပြီး လျော်ကြေး၊ နစ်နာကြေးများ ပြန်လည်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်အတွက် ဆုံးရှုံးသွားနိုင်သည့် ဓာတ်အားခလျော်ကြေး၊ ဒဏ်ကြေးများကို ပြန်လည်ဖော်ထုတ်ပေးနိုင်ခဲ့ပြီး Losses ကျဆင်းရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် လက်ထောက်မန်နေဂျာ (အင်ဂျင်နီယာ)များဖြစ်ကြသော ဦးဖြိုးလွင်၊ ဦးတင်အောင်မြင့်၊ ဦးကိုကိုဌေး၊ ဦးဝင်းသန့်၊ ဦးဝင်းအောင်တို့နှင့် အငယ်တန်း အင်ဂျင်နီယာ(၂) ဦးစောစိုးမြင့်ခိုင်တို့အား ပြည်ထောင်စုဝန်ကြီးက ချီးမြှင့်ဂုဏ်ပြု သည့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း ဒါရိုက်တာ အဖွဲ့ဝင် (၂)၊ အမှုဆောင်အရာရှိ ချုပ်၊ ဌာနဆိုင်ရာများ၊ ခရိုင်တာဝန်ရှိသူများနှင့် ဌာနတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent