ပေကျင်းမြို့ Tiananmen Square ရှိ သူရဲကောင်းစစ်သည်ဗိမာန်တွင် နိုင်ငံတော်သမ္မတ ဦးမင်း​အောင်လှိုင် လွမ်းသူပန်းခွေချ

ပေကျင်းမြို့ Tiananmen Square ရှိ သူရဲကောင်းစစ်သည်ဗိမာန်တွင် နိုင်ငံတော်သမ္မတ ဦးမင်း​အောင်လှိုင် လွမ်းသူပန်းခွေချ
Published 16 June 2026

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့(ဇွန် ၁၆ ရက်)ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ Tiananmen Square ရှိ သူရဲကောင်းစစ်သည်ဗိမာန်သို့ သွား​ရောက်၍ လွမ်းသူပန်းခွေချခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယ​​နေ့(ဇွန် ၁၆ ရက်)နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ The Great Hall ခန်းမ​ဆောင်တွင် တရုတ်သမ္မတရှီကျင့်ဖျင်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ခြင်းအခမ်းအနားသို့ တက်​ရောက်ပြီး နှစ်နိုင်ငံ ​တွေ့ဆုံပွဲဆက်လက်ပြုလုပ်ကာ သ​ဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၁၈ ခု​ရေးထိုးလဲလှယ်ခဲ့သည်။

Most Read

Most Recent