သုံးနာရီနီးပါး ထိုင်စောင့်နေသော်လည်း အမည်စာရင်းတွင်မပါဝင်ဟုဆိုကာ ဓာတ်မှန်မရိုက်ခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး OSC ဆေးရုံဘက်က ပြန်လည်တောင်းပန်

သုံးနာရီနီးပါး ထိုင်စောင့်နေသော်လည်း အမည်စာရင်းတွင်မပါဝင်ဟုဆိုကာ ဓာတ်မှန်မရိုက်ခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး OSC ဆေးရုံဘက်က ပြန်လည်တောင်းပန်
Published 26 April 2026

သုံးနာရီနီးပါး ထိုင်စောင့်နေသော်လည်း အမည်စာရင်းတွင်မပါဝင်ဟုဆိုကာ ဓာတ်မှန်မရိုက်ခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး OSC ဆေးရုံဘက်က ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကာယကံရှင်ဖြစ်သူက လူမှုကွန်ရက်တွင် တင်ရှိခဲ့ပြီးနောက် ဆေးရုံဘက်က တောင်းပန်သည့် အကြောင်းကြားစာကို ထုတ်ပြန်ခဲ့သည်။

" OSC ဆေးရုံတွင် 24.4.2026 ရက်နေ့ ညနေပိုင်း ဖြစ်ပွားခဲ့သော Doppler Ultrasound ရိုက်ရန် ဝန်ဆောင်မှုအားနည်းချက်နှင့်ပတ်သက်၍ ကာယကံရှင်လူနာနှင့်လူနာမိသားစု အထူးသဖြင့် (Facebook Account: Min Khant Kyaw) 3: OSC အလေးအနက် တောင်းပန်အပ်ပါကြောင်း၊ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့မှ အဆိုပါဖြစ်စဉ်အား ပြန်လည်သုံးသပ်ရာတွင် ကျန်းမာရေးဝန်ဆောင်မှု စနစ်နှင့် ဝန်ထမ်းပိုင်းဆိုင်ရာ ဆက်သွယ်ချိတ်ဆက်မှုများ အားနည်းချက်ရှိနေသေးကြောင်း စစ်ဆေးတွေ့ရှိပါသောကြောင့် ချက်ခြင်းအရေးယူ ဆောင်ရွက်နေကြောင်း ဆေးရုံဘက်က ထုတ်ပြန်သည်။

ထို့ပြင် ကာယကံရှင်၏ Facebook Post နှင့် တုန့်ပြန်ရေးသားသူများ၏ မှတ်ချက်များအားလုံးအား OSC ဆေးရုံမှ သေချာစွာ ဖတ်ရှု၍ အလေးထား ပြုပြင်ဆောင်ရွက်လျှက်ရှိကြောင်း၊သို့ဖြစ်ပါ၍ OSC ဆေးရုံသည် လူနာများအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေး ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ယုံကြည်ချက်ဖြင့် ရှေ့ဆက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အများပြည်သူအား လေးစားစွာ တင်ပြအပ်ကြောင်း OSC ဆေးရုံက ထုတ်ပြန်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကာယကံရှင်ဖြစ်သူကလည်း ဆေးရုံဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူများ ကိုယ်တိုင် ဖုန်းဆက်တောင်းပန်ခဲ့သည့်အတွက် ကျေနပ်ကြောင်း၊ ဆေးရုံအနေဖြင့် ပိုမ်ုကောင်းမွန်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်စေရန် ဆန္ဒပြုကြောင်း ပြန်လည်ရေးသားထားသည်။

Most Read

Most Recent