■ ရန်ကုန်တွင် ငလျင်လှုပ်ခတ်၊ သိသိသာသာခံစားရ

■ ရန်ကုန်တွင် ငလျင်လှုပ်ခတ်၊ သိသိသာသာခံစားရ
Published 11 June 2026

ရန်ကုန်တွင် ငလျင်လှုပ်ခတ်ပြီး သိသိသာသာခံစားရသည်ဟု ဒေသခံများက ပြောကြားသည်။



ဇွန်  ၁၁ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်က ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အလုံ၊ သာကေတ၊ လှိုင်၊ ဒေါပုံ အစရှိသည့် မြို့နယ်အများစုတွင် ခံစားခဲ့ရသည်။



" သိသိသာသာခံစားလိုက်ရတယ်။ ဒုန်းကနဲပဲ" ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။



ငလျင်အက်ပက်လီကေးရှင်းအချို့တွင် ဖော်ပြချက်အရ ငလျင်မှာ တွံတေးမြို့အနီးတွင် လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၄ ရစ်ချ်တာစကေးရှိကာ အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဟု ဖော်ပြထားသည်။ 

Most Read

Most Recent