ဘက်ဆစ်တက်အသင်းရဲ့ ဥက္ကဋ္ဌ ဆာဒယ်လ်အဒါလီက ဆာလာကို ခေါ်ယူဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး ဆာလာရဲ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အသက်(၃၄)နှစ်ရှိပြီဖြစ်တဲ့ အီဂျစ်တိုက်စစ်ကစားသမား ဆာလာက လီဗာပူးလ်အသင်းနဲ့ လမ်းခွဲပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။
ဆာလာကို ခေါ်ယူဖို့ ဆော်ဒီလိဂ်နဲ့ မေဂျာလိဂ်က ကလပ်အသင်းတွေကလည်း စိတ်ဝင်စားနေပေမဲ့ ဆာလာက ဥရောပမှာ ဆက်ကစားချင်သေးတာကြောင့် ဘက်ဆစ်တက်အသင်းကို ဦးစားပေးရွေးချယ်ဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။
ဘက်ဆစ်တက်အသင်းက ဆာလာကို အပိုဆုကြေးအပါအဝင် တစ်နှစ်ကို ယူရိုသန်း(၂၀)ဝန်းကျင်နဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားခြင်းဖြစ်ပြီး ဒီနေ့ နောက်ဆုံးထားပြီး ဆုံးဖြတ်ပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။
''ကျွန်တော်တို့ နောက်ဆုံးကမ်းလှမ်းမှု ပြုလုပ်ထားပြီးပါပြီ။ ဆာလာနဲ့ သူ့ရဲ့အေးဂျင့်ကိုလည်း ဆုံးဖြတ်ချက်အမြန်ဆုံးချမှတ်ပေးဖို့ ပြောကြားထားပါတယ်။ အခု အဆုံးအဖြတ်က ကစားသမားဘက်မှာပါ။ မကြာခင် တုံ့ပြန်မှုရရှိဖို့ မျှော်လင့်ပါတယ်'' လို့ ဆာဒယ်လ်အဒါလီက ပြောကြားခဲ့ပါတယ်။















