■ ဆီယက်တဲလ် အစားအသောက်ပွဲတော်တွင် ပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရ

■ ဆီယက်တဲလ် အစားအသောက်ပွဲတော်တွင် ပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရ
Published 27 July 2026

အမေရိကန်နိုင်ငံ ၊ ဝါရှင်တန်ပြည်နယ် ဆီယက်တဲလ်မြို့ရှိ အထင်ကရ Space Needle လေ့လာရေးမျှော်စင်အနီး တစ်ဘလောက်အကွာတွင် ဇူလိုင် ၂၆ ရက်ညနေပိုင်းက အစားအသောက်ပွဲတော် ကျင်းပနေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ သုံးဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် လေးဦးဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ​​ကြေညာခဲ့သည်။

နှစ်စဉ်ကျင်းပသည့် သုံးရက်ကြာ Bite of Seattle အစားအသောက်ပွဲတော်ကို ကျင်းပနေခြင်းဖြစ်ပြီး ညနေ ၆ နာရီကျော်တွင် ဆီယက်တဲလ်စင်တာ၌ ပစ်ခတ်မှုဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့က သတင်းရခဲ့သည်။

နှစ်ဦးက အခင်းဖြစ်ပွားရာ နေရာမှာပင် သေဆုံးခဲ့ပြီး နှစ်နှစ်သားအရွယ် ကလေးအပါအဝင် ဒဏ်ရာရသူငါးဦးက ဆေးရုံတွင် ကုသမှုခံယူနေသည်။ သတင်းစာရှင်းလင်းပွဲတွင် ဆီယက်တဲလ်ရဲတပ်ဖွဲ့က ဆေးရုံတင်ထားသူများထဲမှ တစ်ဦးသေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။

ရဲတပ်ဖွဲ့က သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားပြီး နောက်တစ်ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။ လူနှစ်ဦးက အပြန်အလှန် ပစ်ခတ်ခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့က ယူဆနေသည်။

Gun Violence Archive ၏ စာရင်းများအရ ယခုဖြစ်ရပ် အပါအဝင် အမေရိကန်နိုင်ငံတွင် ယခုနှစ်အတွင်း အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၂၇၁ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ လူလေးဦးနှင့်အထက် ပစ်ခတ်ခံရပါက အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအဖြစ် သတ်မှတ်သည်။

Ref: CNN

Photo: AP

Most Read

Most Recent