■ ချောင်းဦး - ရေစကြိုလမ်းကြောင်းတစ်လျှောက် တပ်မ​တော်က နယ်မြေလုံခြုံရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဒေသခံများပြန်လည်​နေထိုင်နိုင်​​ရေး မိုင်းရှင်းလင်းခြင်းအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ 

■ ချောင်းဦး - ရေစကြိုလမ်းကြောင်းတစ်လျှောက် တပ်မ​တော်က နယ်မြေလုံခြုံရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဒေသခံများပြန်လည်​နေထိုင်နိုင်​​ရေး မိုင်းရှင်းလင်းခြင်းအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ 
Published 12 June 2026

ချောင်းဦး - ရေစကြိုလမ်းကြောင်းတစ်လျှောက် တပ်မ​တော်က နယ်မြေလုံခြုံရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဒေသခံများပြန်လည်​နေထိုင်နိုင်​​ရေး မိုင်းရှင်းလင်းခြင်းအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

တပ်မတော်စစ်ကြောင်းများသည် ချောင်းဦးမြို့၏ တောင်ဘက်၊ ချောင်းဦး - ရေစကြိုသွား ကားလမ်းဘေးရှိ ငါးလုံးတင်ကျေးရွာအတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို အသေးစိတ်ဆက်လက်ဆောင်ရွက်ခဲ့ရာ ငါးလုံးတင်ရွာ၏ အရှေ့ဘက် မီတာ ၄၀၀ ခန့်အကွာ လယ်ကွင်းအတွင်းရှိ အဆောက်အအုံ၏ မြေအောက်တွင် သောင်းကျန်းသူများ အခိုင်အမာဆောက်လုပ်ထားသည့် ကွန်ကရစ်မြေအောက်ဘန်ကာတစ်ခုအား တွေ့ရှိခဲ့​ကြောင်း သိရသည်။

ထို့​​နောက် တပ်မတော်စစ်ကြောင်းများက ငါးလုံးတင်ကျေးရွာမှတစ်ဆင့် ချောင်းဦး - ရေစကြိုလမ်းကြောင်းတစ်လျှောက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ သောင်းကျန်းသူများ ဝင်ရောက်အခြေပြုနေထိုင်ပြီး စစ်စခန်းအဖြစ် အသုံးပြုထားသည့် မထိသာကျေးရွာနှင့် မင်းခေါင်ကျေးရွာများကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး အဆိုပါကျေးရွာများရှိ ပြည်သူများ၏ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ပြည်သူပိုင်အဆောက်အအုံများ၌ သဲအိတ်များဖြင့် ဘန်ကာများတည်ဆောက်၍ လည်းကောင်း၊ ကျေးရွာများအတွင် မိုင်းများ ထောင်ထား၍လည်းကောင်း၊ ခြံဝင်းများအတွင်း ခံစစ်ကျင်းများ တူးဖော်၍လည်းကောင်း အခိုင်အမာ ခံစစ်ဆင်၍ စစ်စခန်းများအဖြစ် အသုံးချထားသည်ကို တွေ့ရှိရ​ကြောင်း တပ်မ​​တော်၏ ထုတ်ပြန်မှုအရသိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများ အမြန်ဆုံးပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် သောင်းကျန်းသူများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်းစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါကျေးရွာများနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

Most Read

Most Recent