ဗဟန်းမြို့နယ်၊ ဆရာစံလမ်းတွင် ကားပေါ်သို့ သစ်ပင်လဲကျရာမှ အမျိုးသားတစ်ဦး သေဆုံး

ဗဟန်းမြို့နယ်၊ ဆရာစံလမ်းတွင် ကားပေါ်သို့ သစ်ပင်လဲကျရာမှ အမျိုးသားတစ်ဦး သေဆုံး
Published 27 July 2026

ဗဟန်းမြို့နယ်၊ ဆရာစံလမ်းတွင် ကားပေါ်သို့ သစ်ပင်လဲကျရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီခွဲခန့်တွင်  ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းတွင် ကားပေါ်သို့ သစ်ပင်လဲပြီး လူညပ်နေကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

" အပင်က သက်တမ်းရင့်အပင်ကြီး။ လမ်းပေါ်ကိုလဲကျတာ လိုက်ထရပ်ကား ပိသွားတာတော့ ကားပေါ်က ယာဉ်မောင်း ဆုံးသွားတာ" ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးခဲ့သည့် အမျိုးသားတစ်ဦးအား မေတ္တာစေတနာ(ဗဟန်း)ပရဟိတ အသင်းယာဉ်နှင့်လည်းကောင်း၊ ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးကို မေတ္တာအလင်း(ဗဟန်း) ပရဟိတအသင်းယာဉ်တို့ဖြင့် လည်းကောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

Most Read

Most Recent