အီရန်နှင့် ဆွေးနွေးပွဲများအတွက် ထရန့်က အချိန်ပေးထားပြီး လက်နက်ခဲယမ်း ပြတ်လပ်မှုမရှိဟု ကုလသမဂ္ဂ သံအမတ် ပြောကြား

အီရန်နှင့် ဆွေးနွေးပွဲများအတွက် ထရန့်က အချိန်ပေးထားပြီး လက်နက်ခဲယမ်း ပြတ်လပ်မှုမရှိဟု ကုလသမဂ္ဂ သံအမတ် ပြောကြား
Published 27 July 2026

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် "အချိန်အနည်းငယ် ပေးထားသည်" ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ဇူလိုင် ၂၆ ရက်တွင် ပြောကြားခဲ့ပြီး၊ လက်နက်ခဲယမ်း ထောက်ပံ့မှု စိုးရိမ်ရ၍ အမေရိကန်က လက်နက်ခဲယမ်းများကို ချွေတာသုံးစွဲနေရသည် ဆိုသည့် သတင်းများကို ပယ်ချခဲ့သည်။

​ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ဝေါ့ဇ်က ဒေသတွင်းသို့ အမေရိကန် စစ်ရေးအင်အားများ ထပ်မံဖြည့်တင်းထားပြီး ထပ်မံတိုက်ခိုက်မှုများ ပြုလုပ်ရန်အသင့်ပြင်ထားဆဲ" ဟု Fox News Sunday သတင်းအစီအစဉ်တွင် ပြောကြားခဲ့သည်။

​သို့သော် သမ္မတ ထရန့်က "ဆွေးနွေးပွဲများအတွက် အချိန်ပေးထားခြင်း ဖြစ်သည်" ဟု ၎င်းက ဆိုသည်။

​ဧပြီအပစ်အခတ်ရပ်စဲရေး နောက်ပိုင်း စစ်ပွဲပြန်လည်ပြင်းထန်လာမှုအဖြစ် အမေရိကန်စစ်တပ်သည် ဇူလိုင် ၂၄ ရက် မတိုင်မီအထိ ၁၃ ညဆက် အီရန်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် လွန်ခဲ့သည့် နှစ်ရက်အတွင်း တိုက်ခိုက်မှုအသစ် ပြုလုပ်ကြောင်း ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

​သံအမတ်ကြီး ဝေါ့ဇ်သည် NBC News ၏ "Meet the Press" အစီအစဉ်တွင်လည်း ပါဝင်ခဲ့ပြီး၊ အမေရိကန် စစ်တပ်သည် ခဲယမ်း မီးကျောက် ထောက်ပံ့မှု စိုးရိမ်ရသဖြင့် အချို့သောလက်နက်များကို ချွေတာသုံးစွဲနေရ သည်ဆိုသည့် သတင်းများနှင့် ပတ်သက်၍ မေးမြန်းခြင်း ခံခဲ့ရသည်။

​သံအမတ်ကြီးက လွန်ခဲ့သည့်နှစ်တွင် ထရန့်တာဝန်စတင်ယူချိန်၌ လက်နက်ခဲယမ်း သိုလှောင်ထားရှိမှု အမြောက်အမြား ပြတ်လပ်နေပြီဟု ထောက်ပြကာ သမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို အပြစ်တင်ခဲ့သည်။

​အီရန်စစ်ပွဲအတွင်း လတ်တ‌လော လက်နက်ခဲယမ်း ပြတ်လပ်မှုရှိနေသည်ကို အသိအမှတ် ပြုမပြု ထပ်မံမေးမြန်ရာ ဝေါ့ဇ်က အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။

​"ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ အမေရိကန်စစ်တပ်ဟာ ဒီစစ်ဆင်ရေးကို လိုအပ်သလို ထိရောက်စွာ ဆောင်ရွက်ဖို့ လိုအပ်တာတွေ အားလုံးရှိနေပြီးသားပါ" ဟု ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။

​ထို့အပြင် "ဒီလို အဓိပ္ပာယ်မရှိတဲ့ သတင်းတွေကို ပေါက်ကြားအောင် လုပ်နေတဲ့သူတွေဟာ ထောင်ကျဖို့ ထိုက်တန်ပါတယ်" ဟုလည်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

Ref:AFP , Photos: AFP

Most Read

Most Recent