■ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေသည့် တောင်ကိုရီးယားဘောလုံးအသင်း လေ့ကျင့်ရေးကွင်းနားတွင် ပျံသန်းနေသည့် ဒရုန်းတစ်စင်းကို မက္ကဆီကိုစစ်တပ် ပစ်ချ

■ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေသည့် တောင်ကိုရီးယားဘောလုံးအသင်း လေ့ကျင့်ရေးကွင်းနားတွင် ပျံသန်းနေသည့် ဒရုန်းတစ်စင်းကို မက္ကဆီကိုစစ်တပ် ပစ်ချ
Published 18 June 2026

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေသည့် တောင်ကိုရီးယားဘောလုံးအသင်း လေ့ကျင့်ရေးကွင်းနားတွင် ပျံသန်းနေသည့် ဒရုန်းတစ်စင်းကို မက္ကဆီကိုစစ်တပ် ပစ်ချခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားဘောလုံးအသင်းသည် သောကြာနေ့တွင် ၂၀၂၆ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် မက္ကဆီကိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မက္ကဆီကိုနိုင်ငံ၊ ဂွါဒါလာဟာရာမြို့တွင် အခြေစိုက် လေ့ကျင့်နေပြီး အင်္ဂါနေ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ထောက်လှမ်းခြင်းဖြစ်ကြောင်း ယူဆရသည့် ဒရုန်းတစ်စင်း တွေ့ခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကိုရီးယားဘောလုံးအသင်းမန်နေဂျာ ဟောင်မြန်ဘိုက ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး အသင်းကို သိသာထင်ရှားသည့် သက်ရောက်မှုမရှိကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု A တွင် မက္ကဆီကိုနှင့် တောင်ကိုရီးယား နှစ်သင်းစလုံး အဖွင့်ပွဲ အနိုင်ရထားကြောင်း၊ ထို့ကြောင့် နှစ်သင်းစလုံးအတွက် ယခုတွေ့ဆုံမှုတွင် အနိုင်ရသည့်အသင်းမှာ နောက်တစ်ဆင့်တက်ရန် သေချာမည်ဖြစ်သည်။

Most Read

Most Recent