အမေရိကန်နှင့် တရုတ်ကြား သတင်းထောက်များကို အပြန်အလှန်နှင်ထုတ်

အမေရိကန်နှင့် တရုတ်ကြား သတင်းထောက်များကို အပြန်အလှန်နှင်ထုတ်
Published 31 May 2026

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့သည် အမေရိကန်ရှိ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနတွင် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး၏ ဗီဇာကို ရုပ်သိမ်းခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြခဲ့သည်။

ယင်းသည် တရုတ်နိုင်ငံရှိ နယူးယောက်တိုင်းမ်သတင်းထောက်တစ်ဦးကို ပြည်နှင်ဒဏ်ပေးခဲ့သည့် တရုတ်အစိုးရ၏ ဆုံးဖြတ်ချက်ကို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ရှိ ဆင်ဟွာသတင်းဌာနတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦး၏ ဗီဇာရုပ်သိမ်းခံရမှုကို ယခုကိစ္စနှင့်နီးစပ်သူတစ်ဦးက အတည်ပြုခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦးကလည်း ဗီဇာရုပ်သိမ်းရန် အစီအစဉ်ရှိကြောင်း အတည်ပြုခဲ့သည်။

The New York Times သတင်းဌာန၏ တရုတ်အခြေစိုက် သတင်းထောက် ဗီဗီယန် ဝမ်အား တရုတ်အစိုးရက ပြည်နှင်ဒဏ်ပေးခဲ့ပြီးနောက် ယခုသတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်သတင်းထောက်များကို တရုတ်နိုင်ငံက ပြည်နှင်ဒဏ်ပေးမှုအပေါ် အမေရိကန်အစိုးရဘက်က တိုက်ရိုက် ပြန်လည်တုံ့ပြန်အရေးယူသည့် ဖြစ်ရပ်မျိုးမှာ အလွန်ရှားပါးလှသည်။

Ref: AP

Most Read

Most Recent