‎မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)နှစ်ပတ်လည်အသင်းသားစုံညီသင်းလုံးကျွတ်အစည်းအဝေး((2026-AGM)ကျင်းပ

‎မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)နှစ်ပတ်လည်အသင်းသားစုံညီသင်းလုံးကျွတ်အစည်းအဝေး((2026-AGM)ကျင်းပ
Published 18 July 2026

‎မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)နှစ်ပတ်လည်အသင်းသားစုံညီသင်းလုံးကျွတ်အစည်းအဝေး((2026-AGM)ကို‎ယနေ့နံနက်၁ဝနာရီက ရန်ကုန်မြို့ Sky Star Hotel ၌ကျင်းပရာသင်္ကန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦဇော်မိုးထိုက်၊မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်း နှင့်အလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင် ဥက္ကဋ္ဌများ၊အသင်းဝင်များဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

‎ရှေးဦးစွားရန်ကုန်တိုင်းဒေသကြီး ၊သင်္ကန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦဇော်မိုးထိုက်ကအဖွင့်အမှာစကားပြောကြားပြီး၊မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်းကအမှာစကားပြောကြားသည်။

‎ဆက်လက်၍ MRESA 2026-AGM ကျင်းပရေးကော်မတီ ဥက္ကဋ္ဌဒေါ်မိုးမိုးထွန်းက 2026-AGM အစည်းအဝေးကျင်းပရခြင်းနှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားပြီးအစည်းအဝေးသို့တက်ရောက်လာကြသူများကစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။

‎ထို့နောက်နှစ်ပတ်လည်အသင်းသားစုံညီသင်းလုံးကျွတ်အစည်းအဝေးကိုဆက်လက်ကျင်းပရာထိုင်းနိုင်ငံ အိမ်ခြံမြေအရောင်းနှင့် စျေးကွက်မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာ ဆွမ်ဆက် (Som Sak)ကနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်းကြီး၏ ၂၀၂၃-၂ဝ၂၆ သက်တမ်းကာလအတွင်း အသင်း ကြီး၏ တိုးတက်အောင်မြင်ရန်စွမ်းဆောင်အကောင်အထည်ဖော်ဆောင်ရွက်ချက်များ အစီရင်ခံစာကိုဗဟို ဒုတိယဥက္ကဋ္ဌ (၃)ဦးကျော်တင့်မှ ရှင်းလင်းတင်ပြခဲ့သည်။

‎ထိုနောက်မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းအနေဖြင့်(ဗဟို)ဥက္ကဌဦးခင်မောင်သန်း၏ဦးဆောင်မှုနှင့်အတူ ၂၀၂၅ ခုနှစ်ဇွန်လတွင်ဂျပန်နိုင်ငံတိုကျိုမြို့NIHON UNIVERSITY တွင် အမေရိကန်ပြည်ထောင်စု၊ National Association of Realtors (NAR) အသင်း၊ဂျပန်နိုင်ငံမှ၊JARECO, Japan - American Real Estate Coalition Organization ၊ Long Island Board Of Realtors အသင်းတို့နှင့်သဘောတူလက်မှတ်များရေးထိုးနိုင်ခဲ့ပြီး၊အိမ်ခြံမြေဝန်ဆောင်မှုလုပ်များအတွက်ဥပဒေဆိုင်ရာသင်တန်းများ၊ဝန်ဆောင်မှုနှင့်ပတ်သက်သည့် နည်းပညာများ၊အတွေ့အကြုံများဖလှယ်ပြီးအသင်းသားများ၏Professional ဖြစ်မှုနှင့်အတူစနစ်ကျသည့်ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုတိုးတက်လာစေရန်အလေးထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

‎မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) နှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ (၁၅)ခု၊ ခရိုင် (၂ဝ)ခရိုင်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၄၂)မြို့နယ်များပါဝင်ကြောင်းသ်ိရသည်။

Most Read

Most Recent