အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှုကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်း၌ စက်သုံးဆီ ပိုမိုဖူလုံလာစေရန်အတွက် တွန်းအားပေး အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည််။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၁၈ ရက်က တာဝန်ရှိသူများ လိုက်ပါ၍ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) လည်ပတ်နိုင်ရေးဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစဉ် နိုင်ငံတော်သမ္မတက ပြည်တွင်း၌ စက်သုံးဆီ ပိုမိုဖူလုံလာစေရန်၊ ပြည်ပမှ စက်သုံးဆီတင်သွင်းရသည့် ပမာဏကို လျှော့ချ၍ နိုင်ငံခြားငွေသုံးစွဲမှုကို လျော့နည်းစေရန်အတွက် သံလျင်ရေနံချက်စက်ရုံကို ပြန်လည်လည်ပတ်နိုင်အောင် တွန်းအားပေးအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။















