နိုင်ငံတကာနှင့် အာဆီယံ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက် ရပ်တည် ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် တွေ့ဆုံရာတွင် လာအိုသမ္မတ ပြောကြား

နိုင်ငံတကာနှင့် အာဆီယံ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက် ရပ်တည် ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် တွေ့ဆုံရာတွင် လာအိုသမ္မတ ပြောကြား
Published 3 July 2026

လာအိုနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် အာဆီယံ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် တွေ့ဆုံရာတွင် လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် က ပြောကြားသည်။

 

ယနေ့(ဇူလိုင် ၃ ရက်) နံနက်ပိုင်းတွင် လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် လာအိုနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် တိုသည် လာအိုသမ္မတအိမ်တော်၌ တွေ့ဆုံဆွေးခဲ့ခြင်း ဖြစ်သည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် လာအိုနိုင်ငံ သမ္မတမစ္စတာ ထောင်လွန်း ဆီဆုလစ်တိုသည် နှစ်နိုင်ငံအကြား နိုင်ငံ့ခေါင်းဆောင်များ အဆက်ဆက်တွင် အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုများရှိကြပြီး အပြန်အလှန် ထောက်ခံကူညီမှုများ ရှိခဲ့သည့်မိတ်ဆွေနိုင်ငံများဖြစ်မှု အခြေအနေများ၊ မြန်မာ-လာအို ချစ်ကြည်ရေး အသင်းနှင့် လာအို-မြန်မာ ချစ်ကြည်ရေးအသင်းတိုကို ဖွဲစည်းထူထောင် ထားပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေ အနေများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင် ဆောင်ရွက်သွား မည့်အခြေအနေများ၊ အပြန်အလှန် ကုန်သွယ်ရေးကဏ္ဍ မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများ အား ဆွေးနွေးခဲ့ကြသည်။

 

ထိုပြင် မြန်မာ-လာအိုချစ်ကြည်ရေးတံတားမှတစ်ဆင့် နှစ်နိုင်ငံကုန်စည် စီးဆင်းမှုနှင့်ပြည်သူ အချင်းချင်း အပြန်အလှန်ကူးလူး ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက် သွားနိုင်သည့် အခြေအနေများ၊ ကာကွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ကုန်ထုတ်လုပ်ရေး ကဏ္ဍများဖွံဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသရှိ ပြည်သူများဘဝဖွံဖြိုးတိုးတက်စေရေးနှင့် နယ်စပ် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ အွန်လိုင်းလောင်း ကစားမှုလုပ်ငန်း ပပျောက်စေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ အွန်လိုင်းလောင်းကစားမှုနှင့် ပတ်သက်သည့် သိမ်းဆည်း ရမိပစ္စည်းများ စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင် အဆောက်အဦများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိမှုနှင့် အွန်လိုင်းလောင်းကစားမှု ပပျောက်စေရေး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် က လာအိုနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် အာဆီယံ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်ပေးမည်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

တွေ့ဆုံပွဲအပြီးတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတိုအကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် လဲလှယ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ဟိုတယ်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် လာအိုနိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီး ဌာနတို အကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာနိုင်ငံ၏မြိုတော် နေပြည်တော်နှင့် လာအိုနိုင်ငံ၏မြိုတော် ဗီယင်ကျန်း မြိုတိုအကြား ညီအစ်မ မြိုတော်များ တည်ထောင်ရေးဆိုင်ရာ နာလည်မှုစာချွန်လွှာများကို နှစ်နိုင်ငံမှ သက်ဆိုင် ရာကဏ္ဍအလိုက် တာဝန်ရှိသူများက နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် နှင့် လာအိုနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် တို၏ ရှေ့မှောက်၌ လက်မှတ် ရေးထိုး လဲလှယ်ကြသည်။

 

ထိုနောက် လာအိုနိုင်ငံအတွက် မြန်မာနိုင်ငံမှ ပေးအပ်လှူဒါန်းသည့် မြန်မာနိုင်ငံထုတ် မွေဆိပ်ဖြေဆေး (၆၄၀) လုံးအား နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပေးအပ်လှူဒါန်းရာ လာအိုနိုင်ငံ အစိုးရအဖွဲမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

Most Read

Most Recent