■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုသမ္မတတို့ လာအိုသမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေး

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုသမ္မတတို့ လာအိုသမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေး
Published 3 July 2026

■ MoU သ​ဘောတူစာချုပ်များအား နှစ်ဖက်တာဝန်ရှိသူများ ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံမှ လာအိုနိုင်ငံသို့ လှူဒါန်းသော မြွေဆိပ် ဖြေဆေးများအား လွှဲပြောင်းပေးအပ်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ် တို့သည် ယနေ့(ဇူလိုင် ၃ ရက်)တွင် လာအိုသမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် သက်ဆိုင်ရာတာဝန်ရှိသူများက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုသမ္မတတို့ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးထားသည့် MoU သဘောတူစာချုပ်များအား လဲလှယ်ခဲ့ကြသည်။ 

လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည့် MoU သဘောတူစာချုပ်များသည် ခရီးသွား MoU၊ Sister City MoU နှင့် အာကာသနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု MoU - (TBC) တို့ဖြစ်ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံမှ လာအိုနိုင်ငံသို့ လှူဒါန်းသော မြွေဆိပ် ဖြေဆေးများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent