လာအိုနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ရောက်ရှိ

လာအိုနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ရောက်ရှိ
Published 11 June 2026

လာအိုနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ရောက်ရှိလာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ၏ဖိတ်ကြားချက်အရ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည်ဇွန် ၁၁ ရက်နံနက်ပိုင်းက နေပြည်တော်သို့ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။

နေပြည်တော်လေဆိပ်သို့ရောက်ရှိလာသည့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံ၊ ဒုတဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဇွန် ၁၁ ရက်မှ ဇွန် ၁၃ ရက်အထိ တရားဝင်ခရီးစဉ်လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent