အမရပူရမြို့နယ်တွင် KTV သုံးခုနှင့် မြန်မာရိုးရာအကြောပြင်လုပ်ငန်း သုံးခုအား တရားဝင် ဖွင့်ခွင့်ပြုထားပြီး မူးယစ်ဆေးဝါးလောင်းကစားမှုများ၊ မှုခင်းဖြစ်စဉ်များ မရှိဟုဆို

အမရပူရမြို့နယ်တွင် KTV သုံးခုနှင့် မြန်မာရိုးရာအကြောပြင်လုပ်ငန်း သုံးခုအား တရားဝင် ဖွင့်ခွင့်ပြုထားပြီး မူးယစ်ဆေးဝါးလောင်းကစားမှုများ၊ မှုခင်းဖြစ်စဉ်များ မရှိဟုဆို
Published 2 June 2026

မန္တလေးတိုင်း အမရပူရမြို့နယ်တွင် KTV သုံးခုနှင့် မြန်မာရိုးရာအနှကြောပြင်လုပ်ငန်း သုံးခုအား တရားဝင်ဖွင့်ခွင့်ပြုထားကြောင်းနှင့် မူးယစ်ဆေးဝါးလောင်းကစားမှုများ၊ မှုခင်းဖြစ်စဉ်များမရှိကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ လွှတ်တော်တွင် ဖြေကြားချက်အရ သိရသည်။

မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာဒေသများတွင် မူးယစ်ဆေးဝါးများ ရောင်းချခြင်း၊ လောင်းကစားဝိုင်းများလုပ်ဆောင်နေကြခြင်းများကို ကြိုတင်အရေးယူပေးပါရန်နှင့် KTVများ၊အနှိပ်ခန်းများဖွင့်လှစ်ထားရှိခြင်းများသည် ဥပဒေနှင့်အညီ ခွင့်ပြုထားခြင်းရှိမရှိ၊ ခွင့်ပြုထားသည်ဆိုပါက သတ်မှတ်စည်းကမ်းများနှင့်အညီဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်ပေးရန် အစီစဉ်ရှိမရှိနှင့်ပတ်သက်ပြီး အမရပူရမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဒေါ်စောမြို​င်မှ မန္တလေးတိုင်းလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့(ဇွန် ၂ ရက်)တွင် မေးမြန်းခဲ့​ကြောင်း သိရသည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်ပြီး သက်ဆိုင်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက “အမရပူရမြို့နယ်တွင်းမှာတော့ တရားဝင်ခွင့်ပြုချက်လိုင်စင်နဲ့လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေတဲ့ KTV၃ဆိုင်နဲ့မြန်မာ့ရိုးရာအကြောပြင် လုပ်ငန်း သုံးခုရှိပါတယ်။ အဆိုပါ KTV ဆိုင်များနဲ့ မြန်မာ့ရိုးရာအ​ကြောပြင်ဆိုင်တွေမှာ အထက်ဌာနအဆင့်ဆင့်ရဲ့လမ်းညွှန်ချက်များဖြင့်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေပြီးတော့ အပတ်စဉ်မြို့နယ်စီမံခန့်ခွဲရေးနှင့်ကော်မတီဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များပါဝင်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံး၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၊ ပြည်တွင်းအခွန်ဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာနစတဲ့အဖွဲ့စည်းများဖြင့် လုပ်ငန်းသဘောသဘာဝကိုက်ညီမှုရှိမရှိ၊ လုပ်ငန်းလိုင်စင်နှင့် ဌာနဆိုင်ရာ အထောက်အထားပြည့်စုံမှုရှိမရှိ၊ ယစ်မျိုးလိုင်စင်ရှိမရှိ၊ မြေပြင်အဆောက်အဦးနှင့်ပတ်သက်သည့် ပိုင်ဆိုင်သည့် စာရွက်အထောက်အထားရှိမရှိ၊ ဆိုင်ဝန်ထမ်းများ သရုပ်ပျက်ဝတ်စားဆင်ယင်မှုရှိမရှိ၊ KTVအခန်းများနှင့် မြန်မာ့ရိုးရာအကြောပြင်အခန်းများတွင် မူးယစ်ဆေးဝါးလောင်းကစားမှုများရှိမရှိစသည်တို့ကို အဆင့်ဆင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့စစ်ဆေးဆောင်ရွက်ခဲ့ရာမှ KTVဆိုင်များ၊ KTVအခန်းများနှင့်မြန်မာ့ရိုးရာအကြောပြင်လုပ်ငန်းများတွင် မူးယစ်ဆေးဝါးလောင်းကစားမှုများ ပြုလုပ်မှုမရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်းနှင့် အမရပူရခရိုင်၊ အမရပူရမြို့နယ်ရှိ KTVနှင့်မြန်မာ့ရိုးရာအကြောပြင်လုပ်ငန်းများတွင် မူးယစ်ဆေးဝါးလောင်းကစားမှုများ ဖမ်းဆီးရမိမှုများမရှိခြင်းနှင့်မှုခင်းဖြစ်ပွားမှုများမရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ၎င်းအပြင် တရားမဝင်လုပ်ကိုင်ဆောင်ရွက်နေသော ဆိုင်များကိုလည်း ခရိုင်၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ သက်ဆိုင်ရာ ဆိုင်တာဝန်ရှိသူများကို လုပ်ငန်းအမျိုးအစားအလိုက် ဌာနဆိုင်ရာ ထောက်ခံစာများပြည့်စုံစွာ ရယူရေး၊ ပြန်လည်ရယူရေးတင်ပြရန် ညွှန်ကြားထားခဲ့ပြီး ထောက်ခံချက်များပြည့်စုံစွာရယူခြင်းမရှိဘဲ လုပ်ငန်းလုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်လိုအပ်သည့်ထောက်ခံချက်များအား ပြည့်စုံစွာရယူပြီး ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီသို့တင်ပြ၍ အဆင့်ဆင့်ခွင့်ပြချက်ရယူပြီးပါက လုပ်ငန်းဖွင့်လှစ်လုပ်ကိုင်ဆောင်ရွက်သွားရန် ခံဝန်ကတိများ ရေးထိုးခြင်းများ ပြုလုပ်ထားရှိပါတယ်။ သို့ဖြစ်ပါ၍ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်းရှိ တရားဝင်ခွင့်ပြုချက်ရယူပြီး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် KTVနှင့်မြန်မာရိုးရာအကြောပြင်လုပ်ငန်းများတွင် ဌာနဆိုင်ရာအသီးသီး၏ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ အပတ်စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိသောကြောင့် မူးယစ်ဆေးဝါးလောင်းကစားမှုများ ဖမ်းဆီးရမိမှုမရှိခြင်းနှင့် ဒုစရိုက်မှုခင်းများမရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်” ဟု ဖြေကြားခဲ့သည်။

Most Read

Most Recent