အွန်လိုင်းလိမ်လည်သူများကို ပြင်းပြင်းထန်ထန် အရေးယူရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အကြံပြုတိုက်တွန်း

အွန်လိုင်းလိမ်လည်သူများကို ပြင်းပြင်းထန်ထန် အရေးယူရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အကြံပြုတိုက်တွန်း
Published 8 June 2026

အွန်လိုင်းလိမ်လည်သူများကို ပြင်းပြင်းထန်ထန် အရေးယူရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက အကြံပြုတိုက်တွန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ယနေ့ (ဇွန် ၆ ရက်) တွင် ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ကိုးဦးက ဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ တိုက်တွန်းဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။ 

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပထမဆုံးအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးပြည့်ဖြိုးစံက ဆွေးနွေးရာတွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဦးဆောင်ရေးဆွဲခဲ့သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေမူကြမ်းသည် ခေတ်ကာလနှင့် လျော်ညီပြီး မြန်မာနိုင်ငံအတွက် လိုအပ်နေသည့် အရေးကြီး ဥပဒေ ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့ပြင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေတွင် အွန်လိုင်းလောင်းကစားစနစ်တည်ဆောက်သူများနှင့် ကုမ္ပဏီများကို ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူပေးရန် ၎င်းက ပြောကြားသည်။ 

"အွန်လိုင်းလိမ်လည်မှုများရဲ့ အဓိက ရေသောက်မြစ် ဖြစ်သော အွန်လိုင်းလောင်းကစားခြင်း ကဏ္ဍကို အခုဥပဒေတွင် ပြင်းပြင်းထန်ထန် ပြင်ဆင်ဖြည့်စွက်ရန် အကြံပြုလိုပါတယ်။ လက်ရှိတည်ဆဲ ဆိုက်ဘာလုံခြုံရေးဥပဒေ ၂၀၂၅ ပုဒ်မ ၇၁ မှာ အွန်လိုင်းလောင်းကစားစနစ်တည်ဆောက်သူများကို ပေးထားတဲ့ ပြစ်ဒဏ်ဟာ အမြင့်ဆုံးထောင်ဒဏ် တစ်နှစ်နဲ့ ကုမ္ပဏီများအတွက် ဒဏ်ငွေ ကျပ် သိန်း ၂၀၀ သာ ရှိပါတယ်။ ပြည်သူလူထုရဲ့ ဘဝများကို ဖျက်ဆီးပြီး တစ်နေ့လျှင် ကျပ်သန်းပေါင်း များစွာသော ငွေမည်းများကို လည်ပတ်နေတဲ့ ဒီရာဇဝတ်သားတွေအတွက် ထောင်ဒဏ် တစ်နှစ်နဲ့ ဒဏ်ငွေ ကျပ်သိန်း ၂၀၀ ဆိုတာ လုံးဝဟန့်တားမှု မဖြစ်စေပါဘူး။ အွန်လိုင်းလောင်းကစားဟာ ရိုးရိုးလောင်းကစားမဟုတ်ဘဲ အွန်လိုင်းလိမ်လည်မှုတွေကနေ ရရှိလာတဲ့ ငွေတွေကို ခြေရာခံမရအောင် ဖြန့်ခွဲခဝါချတဲ့အထိ အဓိက ကွန်ရက်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် ယခုအွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမှာ အွန်လိုင်းလောင်းကစားနဲ့ပတ်သက်ပြီး ပြစ်ဒဏ်များကို ပြောင်းလဲတိုးမြှင့်ရန် တင်ပြပါတယ်။ (၁) ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစား တည်ဆောက်သူ လုပ်ငန်းလုပ်ကိုင်သူများကို အနည်းဆုံး ထောင်ဒဏ် ငါးနှစ်မှ ၁၀ နှစ်အထိ ချမှတ်ရန်နှင့် အနည်းဆုံး ကျပ် သိန်း ၅၀၀၀ မှ အများဆုံး ကျပ် သိန်းတစ်သောင်းထက် မပိုသော ဒဏ်ငွေ အစားထိုးချမှတ်ရန်၊ (၂) လိုင်းပေါ်တွင် လူထုအား ဆွဲဆောင်ကြော်ငြာပေးသူများနဲ့ ကော်မရှင်စား ကိုယ်စားလှယ်များကို အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ အများဆုံး ငါးနှစ်အထိ ချမှတ်ရန်နဲ့ အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၂၀၀၀ ထက်မပိုသော ဒဏ်ငွေချမှတ်ရန်၊ (၃) ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ ကုမ္ပဏီအဖွဲ့အစည်းများကို ကျပ်သိန်း ငါးသောင်းအောက် မနည်းသော ဒဏ်ငွေ ချမှတ်ပြီး ၎င်းတို့ရဲ့ ဘဏ်အကောင့်နဲ့ နည်းပညာပစ္စည်းအားလုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် ဟူ၍ ခေတ်ကာလမြေပြင်အခြေအနေနဲ့အညီ ထိရောက်စွာ အဆင့်မြှင့်တင်ပြဋ္ဌာန်းပေးပါရန် လေးနက်စွာဆွေးနွေးတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်"ဟု ဦးပြည့်ဖြိုးစံက ဆွေးနွေးခဲ့သည်။ 

ထို့အတူ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဦးဇော်ဇော်မြင့်က "ယနေ့ခေတ်ကာလမှာ AI နဲ့ ဒစ်ဂျစ်တယ်နည်းပညာ တိုးတက်လာမှုနဲ့အတူ ကမ္ဘာနဲ့အဝှမ်း အွန်လိုင်းလိမ်လည်မှုပုံစံတွေဟာ ကြီးထွားလာတာကို တွေ့ရှိရပါတယ်။ မကြာသေးခင်ကမှ တရုတ်နိုင်ငံမှာဆိုလို့ရှိရင် ကျားဖျန့်နဲ့ပတ်သက်ပြီးတော့ ထိရောက်စွာပြင်းထန်တဲ့ အရေးယူမှုတွေ၊ သေဒဏ်အထိ အများအပြားချမှတ်ခဲ့ပြီးတော့ အမေရိကန်နိုင်ငံမှာဆိုရင်လည်း မကြာခင်ကပဲ Scam Center တစ်ခုကို ဝင်ရောက်စီးနင်းပြီးတော့ ယူအက်စ်ဒေါ်လာ ရှစ်ဘီလျံအထိ ထိန်းချုပ်နိုင်ခဲ့တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ကျားဖျန့်ဆိုတဲ့ အွန်လိုင်းလိမ်လည်မှု ဖြစ်စဉ်ရဲ့ ဆိုးကျိုး 1027 ရိုက်ခတ်မှုကြောင့် တစ်သက်စာ ထာဝရ မေ့မရနိုင်တဲ့ မေ့ပါနိုင် သင်ခန်းစာကြီးကို ခါးသီးစွာနဲ့ ကြုံတွေ့ခဲ့ရပြီ ဖြစ်ပါတယ်။ အင်တာနက်၊ AI ၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ လိမ်လည်မှုစနစ်တွေဟာဆိုလို့ရှိရင် အင်အားကြီးနိုင်ငံတွေရဲ့ နည်းပညာတွေ ပျံ့နှံ့လာပြီးတော့ ၎င်းတို့ကို တားဆီကာကွယ်တုန့်ပြန်နိုင်မယ့် ကျွန်တော်တို့နိုင်ငံအနေနဲ့ ထိရောက်တဲ့ ဥပဒေကို ပြဋ္ဌာန်းဖို့ အရေးတကြီးလိုအပ်လာတဲ့ ဒီအချိန်ကာလမျိုးမှာ အွန်လိမ်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေ ပေါ်ထွက်လာရေးအတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်းနဲ့ ကျွန်တော်တို့အားလုံး နိုင်ငံသူ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားအတွက် တာဝန်ကိုယ်စီ ရှိကြတာနဲ့အညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ပါတယ်" ဟု ပြောကြားသည်။  

"ဥပဒေ ပြဋ္ဌာန်းရာမှာ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားအတွက် ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်ရေးအတွက် ကျွန်တော်တို့ ဥပဒေမပြဋ္ဌာန်းမီ စိစစ်ချက်နဲ့ ဥပဒေပြဋ္ဌာန်းပြီး စိစစ်ချက် အပိုင်းတွေ ရှိပါတယ်။ ဥပဒေပြဋ္ဌာန်းချက် တစ်ခုမှာလည်း သက်ဆိုင်ရာအခန်းနဲ့ ပုဒ်မတွေအရ လက်တွေ့ကျပြီးတော့ အချိတ်အဆက်မိမိနဲ့ ဆီလျော်ထိရောက်မှု ရှိရမယ်ဖြစ်တဲ့နေရာမှာ ပြစ်ဒဏ်များအခန်းက အလွန်အရေးကြီးတာကို တွေ့ရှိရတဲ့အတွက် ကျွန်တော့်အနေနဲ့ အခန်း (၁၂) ပြစ်ဒဏ်များနှင့် ဆက်စပ်ပြီးတော့ အဓိက ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ကျူးလွန်တဲ့ပြစ်မှုနဲ့ ချမှတ်တဲ့ ပြစ်ဒဏ် ပေါ့လျော့နေမယ်ဆိုလို့ရှိရင် ၎င်းပြစ်မှုကို ထပ်မံကျူးလွန်လေ့ရှိကြတဲ့အထဲမှာ လူ့သဘောသဘာဝဖြစ်ပြီးတော့ ပြစ်မှုကျူးလွန်ချင်အောင် စေ့ဆော်တဲ့အကြောင်းအရင်း မက်လုံးတွေရဲ့ ပမာဏနဲ့ ပြစ်ဒဏ်နဲ့ အတိုင်းအဆကို နှိုင်းယှဉ်တွက်ချက်ပြီးမှ ပေးဆပ်ရန် တန်၏ မတန်၏ကိုလည်း စဉ်းစားတတ်ကြသည်မှာလည်း လူ့သဘောသဘာဝပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်ဖို့အတွက် လိုအပ်ပါတယ်" ဟု ၎င်းက ဆိုသည်။ 

ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်နိုင်သည့်အပြင် ပြစ်မှုကျူးလွန်ရာတွင် လူသေဆုံးမှုဖြစ်ပေါ်ပါက သေဒဏ်ပါချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနက ဇွန် ၃ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့သည်။

ယင်းဥပဒေသည် အွန်လိုင်းလိမ်လည်မှုကို နိုင်ငံတော်အတွင်း အခြေမပြုနိုင်ရေး၊ ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ နယ်စပ်ဒေသများမှတစ်ဆင့် နိုင်ငံ တော်အတွင်းသို့ တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည်မှုဆိုင်ရာ မှုခင်းများကို ကျူးလွန်ခြင်းဖြင့် နိုင်ငံတော်၏အချုပ်အခြာ အာဏာနှင့်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေခြင်းမှ ကာကွယ်နိုင်ရန်၊ အွန်လိုင်းလိမ် လည်မှုဆိုင်ရာမှုခင်းများကို အမြစ်ပြတ် ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ရန်၊ အွန်လိုင်းလိမ်လည်မှုကြောင့် အများပြည်သူ ထိခိုက်နစ်နာဆုံးရှုံးမှုကို တားဆီးကာကွယ်နိုင်ရန် ရည်ရွယ်ကြောင်း ဥပဒေကြမ်း၏ ရည်ရွယ်ချက်အခန်းတွင် ပါရှိသည်။

ထို့ပြင် ဘဏ်နှင့် ငွေရေးကြေးရေးဆိုင် ရာလုပ်ငန်းအဖွဲ့အစည်းများ ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများနှင့် သက်ဆိုင်ရာအ စိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအကြား သတင်းအချက်အလက် ဖလှယ်နိုင်မည့်စနစ် တစ်ခု ထူထောင်နိုင်ရန်၊ အွန်လိုင်းလိမ်လည်မှု ပြုလုပ်သည့်နေရာတွင် တရားမဝင်ရောက်ရှိနေသော နိုင်ငံခြားသားများကို စိစစ်ထိန်းသိမ်းနိုင်ရန်၊ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရာတွင် အသုံးပြုသည့် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာမှ ရရှိလာ သည့် အကျိုးအမြတ်များကို သိမ်းဆည်းခြင်း၊ စီမံခန့်ခွဲခြင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်းလည်း ဥပဒေကြမ်း၏ ရည်ရွယ်ချက်အခန်းတွင် ပါရှိသည်။

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်မည်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယ ဥက္ကဋ္ဌ (၂)အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ အဖွဲ့ဝင်များအဖြစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် တိုင်းမှူးများ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စသည့် ဝန်ကြီးဌာန ခုနစ်ခုမှ ဒုတိယ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့ နေချုပ် ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ ဌာနမှူး ဆက်သွယ်ရေးနှင့် သတင်း နည်းပညာဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ပြည်ထဲရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး မှုခင်းဌာန/ မှုခင်းနှင့် ဥပဒေရေးရာဌာနကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဌာနမှူး နည်းပညာဌာန မှုခင်း ရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ပြည် ထဲရေးဝန်ကြီးဌာနတို့ ပါဝင်မည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ပါရှိသည်။ 

ယင်းဥပဒေကြမ်း၏ အခန်း (၁၁) တား မြစ်ချက်များအခန်းတွင် ပုဒ်မ ၃၁ မှ ပုဒ်မ ၅၀ အထိပါဝင်ပြီး အဆိုပါ ပုဒ်မများတွင် အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခြင်းများနှင့် ပတ်သက်၍ တားမြစ်ချက်များ ဖော်ပြထား သည့်အပြင် ဘဏ်နှင့် ငွေရေးကြေးရေးဆိုင် ရာအဖွဲ့အစည်းများ လိုက်နာဆောင်ရွက်ရမည့် တားမြစ်ချက်များကိုလည်း ဖော်ပြထားသည်။

အခန်း (၁၂) ပြစ်ဒဏ်များ အခန်း ပုဒ်မ ၅၁ တွင် မည်သူမဆို ပုဒ်မ ၃၁၊ ပုဒ်မ ၃၄၊ ပုဒ် မ ၃၅ သို့ မဟုတ် ပုဒ်မ ၄၉ ပါ တားမြစ်ချက်တစ် ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ် မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်း ဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင် ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် သိန်းတစ်ရာမှ အများဆုံး ကျပ်သိန်းငါးရာ အထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

ပုဒ်မ ၅၂ တွင် မည်သူမဆို ပုဒ်မ ၃၂၊ ပုဒ်မ ၃၃၊ ပုဒ်မ ၃၆၊ ပုဒ်မ ၃၇၊ ပုဒ်မ ၃၈၊ ပုဒ်မ ၃၉၊ ပုဒ်မ ၄၀၊ ပုဒ်မ ၄၁၊ ပုဒ်မ ၄၂ သို့မဟုတ် ပုဒ်မ ၄၃ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ် မှ အများဆုံး ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ် ရမည့်အပြင် အနည်းဆုံး ကျပ်သိန်းငါးရာမှ အများဆုံး ကျပ်သိန်းတစ်ထောင်အထိ ငွေ ဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

ပုဒ်မ ၅၃ တွင် မည်သူမဆို ပုဒ်မ ၄၄၊ ပုဒ်မ ၄၅၊ ပုဒ်မ ၄၆ သို့မဟုတ် ပုဒ်မ ၄၈ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ဟု ဖော်ပြထားသည်။

ပုဒ်မ ၅၄ တွင် မည်သူမဆို ပုဒ်မ ၄၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အ နည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်ကြောင်း၊ အကယ်၍ အဆိုပါ ပြစ်မှုကျူးလွန်ရာတွင် တစ်ဦးတစ်ယောက်ကို သေဆုံးစေခဲ့သော် သေဒဏ်ချမှတ်ရမည်ဟု ဖော်ပြထားသည်။

ပုဒ်မ ၅၅ တွင် မည်သူမဆို ပုဒ်မ ၅၀ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သက်ဆိုင်ရာပြစ်မှုအတွက် ပြဋ္ဌာန်း ထားသောပြစ်ဒဏ် ချမှတ်ရမည်ဟု ဖော်ပြ ထားသည်။

ပုဒ်မ ၅၆ တွင် တရားရုံးသည် ယခုဥပ ဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်ဒဏ်စီရင်သည့် အခါ အောက်ပါ အမိန့်တစ်ရပ်ရပ် ချမှတ်ရ မည်ဖြစ်ပြီး ယင်းအမိန့်များမှာ (က) ပြစ်မှုကျူး လွန်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း များကို ဖျက်ဆီးခြင်း၊ (ခ) ပြစ်မှုနှင့် သက်ဆိုင် သည့် ပစ္စည်းတစ်ရပ်ရပ်ကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း၊ ရပိုင် ခွင့်ရှိသူထံ ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် စီမံခန့်ခွဲခြင်း၊ (ဂ) ပြစ်မှုကျူး လွန်ရာမှရရှိသော ငွေကြေး သို့မဟုတ် ပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ ရထိုက်ခွင့်ရှိသူထံ ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် သတ်မှတ်ချက်နှင့်အညီ စီမံခန့်ခွဲခြင်းဟု ဖော်ပြထားသည်။

ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်နိုင်သည့်အပြင် ပြစ်မှုကျူးလွန်ရာတွင် လူသေဆုံးမှုဖြစ်ပေါ်ပါက သေဒဏ်ပါ ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်း ထုတ်ပြန်

ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်နိုင်သည့်အပြင် ပြစ်မှုကျူးလွန်ရာတွင် လူသေဆုံးမှုဖြစ်ပေါ်ပါက သေဒဏ်ပါချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ယခုဥပဒေသည် အွန်လိုင်းလိမ်လည်မှုကို နိုင်ငံတော်အတွင်း အခြေမပြုနိုင်ရေး၊ ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ နယ်စပ်ဒေသများမှတစ်ဆင့် နိုင်ငံ တော်အတွင်းသို့ တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည်မှုဆိုင်ရာ မှုခင်းများကို ကျူးလွန်ခြင်းဖြင့် နိုင်ငံတော်၏အချုပ်အခြာ အာဏာနှင့်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေခြင်းမှ ကာကွယ်နိုင်ရန်၊ အွန်လိုင်းလိမ် လည်မှုဆိုင်ရာမှုခင်းများကို အမြစ်ပြတ် ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ရန်၊ အွန်လိုင်းလိမ်လည်မှုကြောင့် အများပြည်သူ ထိခိုက်နစ်နာဆုံးရှုံးမှုကို တားဆီးကာကွယ်နိုင်ရန် ရည်ရွယ်ကြောင်း ဥပဒေကြမ်း၏ ရည်ရွယ်ချက်အခန်းတွင် ဖော်ပြထားသည်။

ထို့ပြင် ဘဏ်နှင့် ငွေရေးကြေးရေးဆိုင် ရာလုပ်ငန်းအဖွဲ့အစည်းများ ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများနှင့် သက်ဆိုင်ရာအ စိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအကြား သတင်းအချက်အလက် ဖလှယ်နိုင်မည့်စနစ် တစ်ခု ထူထောင်နိုင်ရန်၊ အွန်လိုင်းလိမ်လည်မှု ပြုလုပ်သည့်နေရာတွင် တရားမဝင်ရောက်ရှိနေသော နိုင်ငံခြားသားများကို စိစစ်ထိန်းသိမ်းနိုင်ရန်၊ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရာတွင် အသုံးပြုသည့် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာမှ ရရှိလာ သည့် အကျိုးအမြတ်များကို သိမ်းဆည်းခြင်း၊ စီမံခန့်ခွဲခြင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်းလည်း ဥပဒေကြမ်း၏ ရည်ရွယ်ချက်အခန်းတွင် ဖော်ပြထားသည်။

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်မည်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယ ဥက္ကဋ္ဌ (၂)အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ အဖွဲ့ဝင်များအဖြစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် တိုင်းမှူးများ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စသည့် ဝန်ကြီးဌာန ခုနစ်ခုမှ ဒုတိယ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့ နေချုပ် ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ ဌာနမှူး ဆက်သွယ်ရေးနှင့် သတင်း နည်းပညာဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ပြည်ထဲရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး မှုခင်းဌာန/ မှုခင်းနှင့် ဥပဒေရေးရာဌာနကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဌာနမှူး နည်းပညာဌာန မှုခင်း ရဲတပ်ဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ပြည် ထဲရေးဝန်ကြီးဌာနတို့ ပါဝင်မည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ပါရှိသည်။    

ယင်းဥပဒေကြမ်း၏ အခန်း (၁၁) တား မြစ်ချက်များအခန်းတွင် ပုဒ်မ ၃၁ မှ ပုဒ်မ ၅၀ အထိပါဝင်ပြီး အဆိုပါ ပုဒ်မများတွင် အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခြင်းများနှင့် ပတ်သက်၍ တားမြစ်ချက်များ ဖော်ပြထား သည့်အပြင် ဘဏ်နှင့် ငွေရေးကြေးရေးဆိုင် ရာအဖွဲ့အစည်းများ လိုက်နာဆောင်ရွက်ရမည့် တားမြစ်ချက်များကိုလည်း ဖော်ပြထားသည်။

အခန်း (၁၂) ပြစ်ဒဏ်များ အခန်း ပုဒ်မ ၅၁ တွင် မည်သူမဆို ပုဒ်မ ၃၁၊ ပုဒ်မ ၃၄၊ ပုဒ် မ ၃၅ သို့ မဟုတ် ပုဒ်မ ၄၉ ပါ တားမြစ်ချက်တစ် ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ် မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်း ဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင် ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် သိန်းတစ်ရာမှ အများဆုံး ကျပ်သိန်းငါးရာ အထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

ပုဒ်မ ၅၂ တွင် မည်သူမဆို ပုဒ်မ ၃၂၊ ပုဒ်မ ၃၃၊ ပုဒ်မ ၃၆၊ ပုဒ်မ ၃၇၊ ပုဒ်မ ၃၈၊ ပုဒ်မ ၃၉၊ ပုဒ်မ ၄၀၊ ပုဒ်မ ၄၁၊ ပုဒ်မ ၄၂ သို့မဟုတ် ပုဒ်မ ၄၃ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ် မှ အများဆုံး ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ် ရမည့်အပြင် အနည်းဆုံး ကျပ်သိန်းငါးရာမှ အများဆုံး ကျပ်သိန်းတစ်ထောင်အထိ ငွေ ဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထား သည်။

ပုဒ်မ ၅၃ တွင် မည်သူမဆို ပုဒ်မ ၄၄၊ ပုဒ်မ ၄၅၊ ပုဒ်မ ၄၆ သို့မဟုတ် ပုဒ်မ ၄၈ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ဟု ဖော်ပြထားသည်။

ပုဒ်မ ၅၄ တွင် မည်သူမဆို ပုဒ်မ ၄၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အ နည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်ကြောင်း၊ အကယ်၍ အဆိုပါ ပြစ်မှုကျူးလွန်ရာတွင် တစ်ဦးတစ်ယောက်ကို သေဆုံးစေခဲ့သော် သေဒဏ်ချမှတ်ရမည်ဟု ဖော်ပြထားသည်။

ပုဒ်မ ၅၅ တွင် မည်သူမဆို ပုဒ်မ ၅၀ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သက်ဆိုင်ရာပြစ်မှုအတွက် ပြဋ္ဌာန်း ထားသောပြစ်ဒဏ် ချမှတ်ရမည်ဟု ဖော်ပြ ထားသည်။

ပုဒ်မ ၅၆ တွင် တရားရုံးသည် ယခုဥပ ဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်ဒဏ်စီရင်သည့် အခါ အောက်ပါ အမိန့်တစ်ရပ်ရပ် ချမှတ်ရ မည်ဖြစ်ပြီး ယင်းအမိန့်များမှာ (က) ပြစ်မှုကျူး လွန်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း များကို ဖျက်ဆီးခြင်း၊ (ခ) ပြစ်မှုနှင့် သက်ဆိုင် သည့် ပစ္စည်းတစ်ရပ်ရပ်ကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း၊ ရပိုင် ခွင့်ရှိသူထံ ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် စီမံခန့်ခွဲခြင်း၊ (ဂ) ပြစ်မှုကျူး လွန်ရာမှရရှိသော ငွေကြေး သို့မဟုတ် ပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း၊ ရထိုက်ခွင့်ရှိသူထံ ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် သတ်မှတ်ချက်နှင့်အညီ စီမံခန့်ခွဲခြင်းဟု ဖော်ပြထားသည်။ 

Most Read

Most Recent